Monday, August 11, 2014

မြေပြို၍ ယာဉ်သွားလာမှု ယာယီပိတ်ထားရ

Photo: မြေပြို၍ ယာဉ်သွားလာမှု ယာယီပိတ်ထားရ
Monday, August 11, 2014

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးမြို့နှင့် မဲဇလီကုန်းမြို့တို့ အကြားရှိ အရှည်ပေ ၈ဝ၊ အကျယ် ၁၂ ပေရှိ ချင်းချောင် တံတားမှာ သြဂုတ် ၆ ရက်က မိုးများပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် တံတားအခြေ မြေသားများပြိုကျခြင်း၊ တံတားတိုင်များယိုင်သွားခြင်းများ ဖြစ်ပေါ်ခဲ့၍ ဆိုင်ကယ်နှင့် မော်တော်ယာဉ်များသွားလာမှုကို ယာယီပိတ်ထားခဲ့ရသည်။
'' သြဂုတ် ၆ ရက်ကတည်းက တံတားပေါ်ဖြတ်သန်းခွင့်ပိတ်ထားတော့ကျွန်တော်တို့တွေ ကြံခင်းဘက်ကလှည့်ပြီး ပုသိမ်-မုံရွာလမ်းကနေ ရန်ကုန် တို့၊ ပုသိမ်တို့ကိုသွားနေရတယ်''ဟု အဝေးပြေးယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြသည်။ ဆက်လက်ပြီး '' ခုဆိုရင် ရန်ကုန်ကပါလာတဲ့ ထူးကြီးမြို့ဘက်က ခရီးသည်တွေကို မြန်အောင်ကိုရောက်မှ ကားတစ်ဆင့်စီစဉ်ပြီး ထူးကြီးကိုပြန်ပို့ နေရပါတယ်'' ဟုလည်း ပြောပြသည်။
အင်္ဂပူမြို့နယ် ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက '' ကျွန်မတို့ တံတားကို သြဂုတ် ၆ ရက်ကတည်းက ယာဉ်သွားလာမှုတွေကို ပိတ်ထားပါ တယ်၊ ခုဆိုရင် အချိန်မဆိုင်းဘဲဆောင်ရွက်နေပြီး တံတားနဲ့ချဉ်းကပ်လမ်းကို အမြန်ဆုံးပြန်ပြင်နေပါတယ်၊ သြဂုတ် ၁၃ ရက်မှာ လုပ်ငန်းအပြီးသတ် မယ်လို့ ခန့်မှန်းထားပါတယ်'' ဟု ပြောပြသည်။
ချင်းချောင်တံတားမှာ မြန်အောင်-ဟင်္သာတကားလမ်းပေါ်တွင် တည်ရှိကာ နေ့စဉ်မော်တော်ကားနှင့် ဆိုင်ကယ်များဖြတ်သန်းသွားလာနေသော လမ်းဖြစ်၍ တံတားကိုအမြန်ဆုံးပြန်လည်ကောင်းမွန်ရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
နေဝင်းဇော်(မြန်အောင်)
Myanmaalinn

No comments:

Post a Comment