Thursday, August 21, 2014

မျိုးစောင့်ဥပဒေဟောပြောပွဲတွင် ဒီချုပ်ကို သိက္ခာချခဲ့သည်ဟု စွပ်စွဲခံရသူ စက်တင်ဘာ ၁ ရက်တွင် ထပ်မံစစ်ဆေးမည်

မျိုးစောင့်ဥပဒေဟော ပြောပွဲတွင် လက်ကမ်းစာစောင် များနှင့် ဗီနိုင်းများအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ် ပါတီအား ဂုဏ်သိက္ခာကျဆင်း စေရန်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသည့်အမျိုးသားတစ်ဦးကိုပွင့်ဖြူ NLD မှ တရားစွဲဆိုထားသည့်အမှု စက်တင်ဘာ ၁ ရက်တွင် ထပ်မံကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။တရားစွဲဆိုခံရသည့်အမျိုး သားသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့တွင် ဧပြီ ၃၀ ရက်ကပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေဟောပြောပွဲ၌ လက်ကမ်းစာစောင်များနှင့် ဗီနီုင်းများအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရပြီး တရားစွဲဆိုခံရခြင်းဖြစ်သည်။အဆိုပါတရားစွဲဆိုမှုမှာ မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ဟောပြောမှုများအတွက် တရားစွဲ ဆိုခြင်းမဟုတ်ဘဲ ပါတီခေါင်း ဆောင်တစ်ဦးနှင့် နိုင်ငံရေးပါတီ တစ်ခုအပေါ် ပုတ်ခတ်တိုက်ခိုက် ခြင်းကြောင့် တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းခြင်းဖြစ်ကြောင်း မကွေး NLD ၏ တိုင်းအတွင်းရေးမှူးဦးနေမျိုးကျော်က ပြောသည်။‘‘မျိုးစောင့်ဥပဒေအရေးလှုပ် ရှားသူတစ်ဦးအား NLD က တရားစွဲတယ်ဆိုပြီး ထင်ယောင် ထင်မှားမဖြစ်စေချင်ဘူး။ ကျွန် တော်တို့က မျိုးစောင့်ဥပဒေဟော ပြောလို့ တရားစွဲတာမဟုတ်ဘူး။ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လို့ တရားစွဲတာ’’ဟု ဦးနေမျိုးကျော် က ပြောသည်။
အဆိုပါ အမှုကို မေလ နှောင်းပိုင်းကတည်းက အရေးယူ ဆောင်ရွက်ပေးရန် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သော်လည်း တရားရုံးသို့ ဦးတိုက်လျှောက်ထား ရန် အကြောင်းပြန်ခဲ့ကြောင်း သတင်းရရှိသည်။
ပွင့်ဖြူ NLD နှင့် စွပ်စွဲခံရသူ တို့အကြား ဖြစ်ပွားသည့်အမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူက စက်တင်ဘာ ၁ ရက်တွင် ကြားနာစစ်ဆေးရန် ရုံးတော်က ဩဂုတ် ၁၉ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်းမကွေး NLD တိုင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ဦးတင်အောင်ထွန်းက ပြောသည်။
7Day Daily

No comments:

Post a Comment