Thursday, August 21, 2014

အရှေ့မြောက်ပိုင်းဒေသသူပုန်များ တရုတ်နှင့် မြန်မာမှ လက်နက်ရရှိဟုဆို

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသရှိ လက်နက်ကိုင်စစ်သွေး ကြွများသည် မြန်မာနှင့်တရုတ်နိုင်ငံတို့မှတရားမဝင်လက်နက် နှင့်ကျည် အမြောက်အမြားဆက် လက်ရရှိနေကြောင်း နယ်ခြားလုံ ခြုံရေးတပ်မှ အကြီးတန်းအရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်၌ ပြောကြားလိုက်သည်။
‘‘ဘင်္ဂလားဒေ့ရှ်နယ်စပ်က နေ နိုင်ငံတကာနယ်စပ်ကိုဖြတ်ပြီး ဒီနိုင်ငံထဲကို လက်နက်နဲ့ကျည် တွေသွင်းထားတာ။ တစ်ခါတစ်ရံ တော့ရှိပါတယ်။ ဒါပေမဲ့ အတော် များများဟာ တရုတ်နဲ့ မြန်မာနယ် စပ်တွေကိုဖြတ်ပြီး ဝင်လာနေကြ တယ်’’ဟု မေဂါလာယာရှေ့တန်း ကို ကြီးကြပ်ရသူအရာရှိဆူဒက်ရှိ ကူးမားက သတင်းထောက်များအားပြောသည်။‘‘အနောက်ပိုင်းက ရှေ့တန်း နဲ့မတူတာက အဲဒီမှာဆိုရင် နယ် စပ်ကိုစောင့်ကြည့်ရတာလွယ်ပေ မယ့် အရှေ့ဘက်နယ်စပ်ကတော့ တောင်တန်းတွေရှိတာကြောင့် စောင့်ကြပ်ရတာပိုခက်ခဲပါတယ်။ အဝေးကိုလှမ်းမမြင်နိုင်တာက လည်း ကျွန်တော်တို့တပ်တွေ အတွက် ပိုဆိုးစေပါတယ်’’ဟုဆို သည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားတစ်လျှောက် ၄၄၃ ကီလိုမီတာကို စောင့်ကြပ်တာဝန်ယူရသူ ကူးမားက ၎င်း၏တပ်သားများသည် နယ် စပ်ဖြတ်ကျော် ကျူးလွန်သည့် ရာဇ ဝတ်မှုများနှင့် စစ်သွေးကြွများ ဝင် မလာအောင် အကောင်းဆုံးကြိုး စား ကာကွယ်စောင့်ကြပ်နေ ကြောင်းပြောသည်။
မြန်မာနှင့်တရုတ်နိုင်ငံဘက် မှ တရားမဝင်လက်နက်များ ၊ကျည်များမှာအများအားဖြင့် အာသံနှင့်နယ်ချင်းဆက်နေသည့် နာဂလန်း ရှိ အဓိကကုန်သွယ်မှုမြို့ဖြစ်သည့် ဒင်မာပူကို ရေကြောင်းဖြင့်ဝင် ရောက်လာပြီး ယင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံခြားပြည်နယ်များသို့ ဆက်လက်ခိုးထုတ်သယ်ဆောင်ကြသည်ဟုဆိုသည်။‘‘ယူနီဖိုင်းကွန်မန်နဲ့ အာသံ ရိုင်ဖယ်တပ်တွေက အာသံမှာ လက်နက်နဲ့ကျည်အများအပြား ကို မကြာခဏဖမ်းမိပြီး ဒါတွေကို မေဂါလာယာမှာ လှုပ်ရှားနေတဲ့ သူပုန်တွေဆီပို့ဖို့ပြင်နေတာပါ’’နယ်စပ်ကိုခြံစည်းရိုးခတ်ခြင်းဖြင့် မလုံလောက်
အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြံစည်းရိုးခတ်ခြင်း နည်းတစ်ခုတည်းဖြင့် လက်နက် နှင့်ကျည်များဝင်ရောက်လာမှုကို စစ်ဆေးရန်၊ စစ်သွေးကြွများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဝင် ရောက်လာမှုကို စစ်ဆေးရန်အတွက် မလုံလောက်ကြောင်း ကူးမားကပြောဆိုသည်။ ယခု အခါ နယ်ခြားစောင့်တပ်က အိန္ဒိ ယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ် လျှောက်တွင် အထူးဂရုပြုစောင့် ကြပ်ရုံမက တပ်ဖွဲ့များက ခေတ် မီစက်ပစ္စည်းများကိုလည်း အသုံး ချနေကြောင်းသိရသည်။ ရရှိ သောသတင်းအချက်အလက်များ ကိုကိုးကားပြီး မေဂါလာယာ၏ ဝန်ကြီးချုပ်မူကူးဆန်မာက အနောက်မြောက်ဘက်တွင် လက်နက်များစွာရှိနေကြောင်း ပြောဆို လိုက်သည်။‘‘ဒီလက်နက်တွေဘယ်က လာတာလဲ။ ဒါကဘာကိုပြသလဲ ဆိုရင် နိုင်ငံကိုပုန်ကန်ဆန့်ကျင် နေတဲ့ အင်အားစုတွေ အချိန်အ တော်ကြာကြာလှုပ်ရှားနေတယ်။ ဒါကြောင့် လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေဝင်လာနေတာ ဖြစ်တယ်။ ဒီကိစ္စကို ပြည်နယ် အစိုးရတွေနဲ့ဗဟိုအစိုးရ တို့ပူး ပေါင်းပြီး ဖြေရှင်း ဖို့လိုတယ်’’

ကိုးကား- The New Indian Express
7Day Daily

No comments:

Post a Comment