Thursday, August 21, 2014

မကာအိုသို့ အိမ်အကူခြောက်ဦးတရားမ၀င် ပို့ဆောင်သည့် အေဂျင်စီကို ၀န်ကြီးဌာနထံတိုင်ကြား

မကာအိုသို့အမျိုးသမီးအိမ်အကူအလုပ်သမားခြောက်ဦးတရားမ၀င်ခိုးပို့ခဲ့သည့် လိုင်စင်ရအေဂျင်စီအားပြင်းပြင်း ထန်ထန်အရေးယူရန် ၀န်ကြီး ဌာန သို့ တိုင်ကြားထားကြောင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသင်းချုပ်အတွင်းရေးမှူးဦးကျော်ထင်ကျော်ကပြောသည်။
ပြီးခဲ့သည့်နှစ်လခန့်က လိုင် စင်ရ လင်းယူနတီအေဂျင်စီမှ အမျိုးသမီး အိမ်အကူလုပ်သား ခြောက်ဦးကို သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အေဂျင်စီအသင်းချုပ်ထံ အကြောင်းမကြားဘဲ တရားမ၀င် ပို့ဆောင်ခဲ့ခြင်းကိုဟောင်ကောင် ရှိ ကောင်စစ်ဝန်၏ တိုင်ကြားချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ယင်းအလုပ်သမားများ သည် နေအိမ်တစ်အိမ်ထက်မက ပို၍ လုပ်ကိုင်ခဲ့ရသည့်အပြင် လုပ် ခလစာမှာလည်း ပြည့်ဝစွာမရရှိ ခဲ့ ကြောင်းသတင်းရရှိသည်။‘‘ဒီကုမ္ပဏီက လိုင်စင်ရအေ ဂျင်စီတစ်ခုလေ။အဲဒီဟာကို ပြင်း ပြင်းထန်ထန်အရေးယူရမယ်။ငွေ လိမ်ယူတာ မဟုတ်ပေမယ့် ခိုးပို့ပြီး ပြဿနာဖြစ်မှ ကျိတ်ဖြေရှင်းတာ။ နောက်ပြီးအိမ်အကူလုပ်သားဖြစ် နေတယ်။ နောက်မကာအိုနဲ့ တ ရားဝင်လုပ်သားစေ လွှတ်မှု စာ ချုပ်(MOU)ထိုးထားတာမရှိဘူး’’ ဟုအတွင်းရေးမှူး ဦးကျော်ထင် ကျော်ကပြောသည်။
Photo: မကာအိုသို့ အိမ်အကူခြောက်ဦးတရားမ၀င် ပို့ဆောင်သည့် အေဂျင်စီကို ၀န်ကြီးဌာနထံတိုင်ကြား
Thursday, August 21, 2014

မကာအိုသို့အမျိုးသမီးအိမ်အကူအလုပ်သမားခြောက်ဦးတရားမ၀င်ခိုးပို့ခဲ့သည့် လိုင်စင်ရအေဂျင်စီအားပြင်းပြင်း ထန်ထန်အရေးယူရန်ဝန်ကြီးဌာနသို့ တိုင်ကြားထားကြောင်းပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသင်းချုပ်အတွင်းရေးမှူးဦးကျော်ထင်ကျော်ကပြောသည်။
ပြီးခဲ့သည့်နှစ်လခန့်က လိုင် စင်ရ လင်းယူနတီအေဂျင်စီမှ အမျိုးသမီး အိမ်အကူလုပ်သား ခြောက်ဦးကို သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အေဂျင်စီအသင်းချုပ်ထံ အကြောင်းမကြားဘဲ တရားမ၀င် ပို့ဆောင်ခဲ့ခြင်းကိုဟောင်ကောင် ရှိ ကောင်စစ်ဝန်၏တိုင်ကြားချက်အရသိရှိခဲ့ခြင်းဖြစ်သည်။
ယင်းအလုပ်သမားများ သည် နေအိမ်တစ်အိမ်ထက်မက ပို၍ လုပ်ကိုင်ခဲ့ရသည့်အပြင် လုပ် ခလစာမှာလည်း ပြည့်ဝစွာမရရှိခဲ့ ကြောင်းသတင်းရရှိသည်။
‘‘ဒီကုမ္ပဏီက လိုင်စင်ရအေ ဂျင်စီတစ်ခုလေ။အဲဒီဟာကို ပြင်း ပြင်းထန်ထန်အရေးယူရမယ်။ငွေ လိမ်ယူတာမဟုတ်ပေမယ့် ခိုးပို့ပြီး ပြဿနာဖြစ်မှ ကျိတ်ဖြေရှင်းတာ။ နောက်ပြီးအိမ်အကူလုပ်သားဖြစ် နေတယ်။ နောက်မကာအိုနဲ့ တ ရားဝင်လုပ်သားစေလွှတ်မှုစာ ချုပ်(MOU)ထိုးထားတာမရှိဘူး’’ ဟုအတွင်းရေးမှူး ဦးကျော်ထင် ကျော်ကပြောသည်။
‘‘သူ့ကိုတော့ စစ်ရဦးမှာပေါ့။ ဟောင်ကောင် ကောင်စစ်ဝန်ထံ ကနေ တိုင်စာရတယ်။ အကယ်၍ မှန်ကန်ရင်တော့ လုပ်ထုံးလုပ် နည်းအတိုင်း၊ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အရေးယူရမှာ ပေါ့’’ဟု အလုပ်သမားအလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကပြောသည်။
အဆိုပါတရားမ၀င်အိမ်အ ကူလုပ်သား စေလွှတ်ခံရသည့် လုပ်သားခြောက်ဦးအနက်ငါးဦး မှာ သြဂုတ် ၁၉ရက်က မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ဦးမှာ မကာအိုနိုင်ငံတွင်ဆက် လက်လုပ်ကိုင်နေကြောင်းသိရ သည်။
‘‘သူတို့တွေကဟိုမှာ အိမ်နှစ် အိမ်တောင်ခွပြီး လုပ်နေရတာ။ နောက်တိုင်စာမှာ ဒေါ်လာ ၄၅၀ ရမယ်ဆိုပြီးမရကြဘူး။ ၀န် ဆောင်ခ ဘယ်လောက်ယူလဲ တော့ သေချာပြောလို့မရဘူး။ ၁၉ ရက်နေ့ ညနေက မကာအိုကနေ ငါးဦးပြန်လာတယ်။အဲဒီအေဂျင် စီကိုယ်တိုင်သွားခေါ်လာတာ’’ဟု ဦးကျော်ထင်ကျော်ကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသင်းချုပ်မှာ ယင်းအေဂျင်စီထံ ဆက်သွယ်မေးမြန်းခဲ့ရာ ငြင်းဆို လျက်ရှိသည်ဟုဆိုသည်။ ထို့ ကြောင့်မှန်ကန်ကြောင်းစာဖြင့် ရေးသားတင်ပြရန်အထောက်အ ထားတောင်းဆိုထားကြောင်း၎င်း ကပြောသည်။
အိမ်အကူလုပ်သားစေလွှတ် မှုကို လက်ရှိတွင် စင်ကာပူနှင့် ဟောင်ကောင်သို့ စေလွှတ်ခွင့်ပြုထားသော်လည်း လတ်တလောတွင်လုပ်သားစေလွှတ်မှုကိုအစိုးရက ယာယီဆိုင်းငံ့ထားသည်။ စင်ကာပူနိုင်ငံတွင် တရားမ၀င်မြန်မာအိမ်အကူလုပ်သား ပြဿနာများမကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့်အပြင် အိမ်အကူလုပ်သားစေလွှတ်ခွင့်ပြုခဲ့မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့၍ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် တရား ၀င်စေလွှတ်ခဲ့သည့်လုပ်သားတစ် ရာကျော်သာရှိသော်လည်းတရား မ၀င်လုပ်ကိုင်နေသည့် လုပ်သား သုံးသောင်းကျော်ရှိသည်။ လက် ရှိစင်ကာပူနိုင်ငံသို့ တရားဝင်သွား ရောက်လုပ်ကိုင်ပါက စင်ကာပူ ဒေါ်လာ ၅၂၀ထိရရှိကြပြီး ဟောင် ကောင်တွင် အမေရိကန်ဒေါ်လာငါးရာခန့်ရရှိကြကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment