Thursday, August 21, 2014

အင်ဒိုနီးရှားသို့သွားသော ထိုင်းငါးဖမ်းစက်လှေပေါ် ရောင်းစားခံ ခဲ့ရသည့် မြန်မာ လူမျိုး ၁၄ဦး ပြည်တော်ပြန်ရောက်


အင်ဒိုနီးရှားသို့ သွားသည့် ထိုင်း ငါးဖမ်းစက်လှေပေါ် သို့ ရောင်း စားခံခဲ့ရသည့် မြန်မာများ ထဲမှ ၁၄ဦး အင်ဒိုနီးရှားရှိ မြန်မာသံ ရုံးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအဖွဲ့၏ အကူအညီဖြင့် ဩဂုတ် ၂ဝရက် က မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်မှ လူ၁၇ ဦးကို တစ်ရွာတည်းနေ ပွဲစားက နယ်စပ်တွင်အလုပ်သွား ရောက် လုပ်ကိုင်ရမည်ဟုဆို ကာ မြန် မာနိုင်ငံနယ် စပ်ရှိ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မဟာချိုင်မြို့ဝင်ရောက်ခဲ့ ပြီး ထိုင်းမှအင်ဒိုနီး ရှားသို့သွားသည့် ငါးဖမ်းစက်လှေသို့ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း ယင်း၁၇ ဦးအနက်မှ ယနေ့တွင် ၁၄ဦး ပြန်လည်ရောက်ရှိခဲ့ ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမား အ ခွင့်အရေးကွန်ရက်မှသိရသည်။


ရောင်းစားခံလိုက်ရသည့် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံခဲ့သည့် MWRN မှဥက္ကဋ္ဌဦးစိန်ဌေးက ''သူ တို့ကအရောင်းခံလိုက်ရပြီး အင်ဒိုနီး ရှားမှာ ငါးဖမ်းရင်း နှစ်လတစ်ခါ Ambon ဆိုတဲ့ကျွန်းကိုကပ်တော့ ဖုန်းခိုးဝယ်ပြီး မြန် မာပြည် ကို ဆက် တယ်။ မြန်မာပြည် က လူကုန်တားရဲ ကို တိုင်တယ်။ အဲဒီက တစ်ဆင့်သံရုံး နဲ့ IOM အင်ဒိုနီးရှားကို အကူအညီ တောင်းတယ် ။ နောက် တစ်ကြိမ် ကမ်း ကပ်တော့စုပြီးထွက်ပြေးခဲ့ကြတယ်''ဟု လူကုန်ကူးခံရကာ ထွက်ပြေးခဲ့ ရပုံ ကိုပြန်လည်ပြောပြသည်။
ထွက်ပြေးစဉ်တွင်လည်း အဆို ပါကျွန်းမှရဲများမိသွားကာစက်လှေသို့ ပြန်လည် ပို့ဆောင်ခြင်းများကြောင့် တောထဲတွင် ၅ရက်ခန့်အစာငတ်ခံ ကာ ပုန်းနေခဲ့ ရကြောင်း၊ ယင်း နောက် ရွှေ့ပြောင်းသွားလာနေထိုင် ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) နှင့် သံရုံးမှ တစ်ဆင့်ကျွန်းရှိ လဝက သို့အကြောင်းကြား ကာကယ် တင်ခိုင်းခဲ့ရကြောင်း၊ သံရုံးမှ လာ ရောက်တွေ့ ဆုံကာ (C of I)ထုတ်ပေး ရန်စိစစ်ခဲ့ပြီး ၁ရဦးမှ ၁၄ဦးကို ထုတ် ပေးခဲ့ကာ(IOM) မှစားစရိတ်ပေး ၍ မြန်မာပြည် ကိုပြန်ပို့ပေး ခဲ့ခြင်းဖြစ် ကြောင်းနှင့် (C of I) ထုတ်ပေးရန် ကျန်ခဲ့ခြင်းကြောင့် ပြန်ခွင့်မရရှိခဲ့သူ များမှာကျွန်းတွင်ကျန်ရှိခဲ့ကြောင်း ဦးစိန်ဋ္ဌေးက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက '' လူကုန် ကူးခံရတဲ့ ၁ရဦးမှ ၁၄ဦးက ပြန်လာ ပါပြီ။ ကျန်တဲ့ သုံးဦးကတော့ မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်နေတဲ့အ တွက် ကျန်နေခဲ့ပါတယ်။ သူတို့နဲ့ပတ် သက်တဲ့ အထောက်အထား အချက် အလက်တွေ ရရှိတာနောက်ကျလို့ ကျန်ခဲ့တာပါ'' ဟု ပြောသည်။
ယခုရောက်ရှိသူများမှာ ရခိုင် ပြည်နယ်ရှိ ၎င်းတို့၏ မိသားစုဝင် သို့ဆက်သွယ်ခဲ့ပြီး အဆိုပါ မိသားစု များမှတစ်ဆင့် မြန်မာ နိုင်ငံလူကုန် ကူးမှုတားဆီးနှိမ်နင်းရေး တပ် ဖွဲ့သို့ ဆက်သွယ်ခဲ့ကာ မြန်မာသံရုံး၊ အင်ဒို နီးရှားနိုင်ငံမြန်မာသံအမတ် ကြီးနှင့် ရွှေ့ပြောင်း သွား လာနေထိုင်ခြင်းဆိုင် ရာနိုင်ငံတကာအဖွဲ့အစည်း စသည် တို့အပါအဝင် ဌာနဆိုင်ရာအဖွဲ့အ စည်းများနှင့် ပူးပေါင်း ကူညီဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဝင်း နိုင်ထွန်းက ဆိုသည်။
Democracytoday
Yangon Media Group

No comments:

Post a Comment