Wednesday, August 27, 2014

စီးရီးအေမှ အပြောင်းအရွှေ့သတင်းများ

Photo: စီးရီးအေမှ အပြောင်းအရွှေ့သတင်းများ
Wednesday, August 27, 2014

ပါးမားအသင်းသည် ကာတာနီးယားအသင်းမှ ၀ါရင့်ကွင်းလယ်ကစားသမားလိုဒီကိုတစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အမ်ပိုလီ၊ ဗီဆင်ဇာ၊အူဒီးနီးစ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် လိုဒီသည် အသက် ၃၀အရွယ်ရှိပြီဖြစ်ပြီး အီတလီဘောလုံးကစားဟန်ကို ကျေညက်သူဖြစ်သည်။ ပါးမားတွင်ကျောနံပါတ် ၂၁ ဂျာစီကို ၀တ်ဆင်မည်ဖြစ်သည်။
ပါလာမိုအသင်းသည် ကိုလံဘတ်ခရူးအသင်းမှ နောက်ခံလူ ဂွန်ဇာလက်ဇ်ကိုသုံးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကော်စတာ ရီကာအသင်းနှင့်အတူ ခြေစွမ်းပြခဲ့သည့် ဂွန်ဇာလက်ဇ်ကိုပြောင်းရွှေ့ကြေး ယူရို ၃.၈ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ပါလာမိုအသင်းသည် ဆန်းတို့စ်အသင်းမှအိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံကစားသမား အီမာဆင် ပယ်မီရီကိုတစ်နှစ်အငှားစာချုပ်ဖြင့် ခေါ်ယူကာ နောက် တန်းအင်အားကိုထပ်မံဖြည့်တင်းလိုက်သည်။ အသက် ၂၀ အရွယ် သာရှိသေးသည့် အီမာဆင်ကိုရာသီအဆုံးတွင် အပြီးသတ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

အေစီမီလန်အသင်းမှ နောက်ခံလူ ဒါဒစ်ဗီလာသည် လာလီဂါတန်းတက် အီဘာအသင်းသို့အငှားသွားရောက် ကစားမည်ဖြစ်သည်။ ဒါဒစ်ဗီလာသည် ဆေး စစ်မှုလည်းအောင်မြင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် အေစီမီလန်သို့ ၂၀၁၁ ခုနှစ်ကတည်းကရောက်ရှိနေသော်လည်း ပထမကစားသမားနေရာ မရရှိခဲ့ပေ။ ပြီးခဲ့သည့်ရာသီကလည်းဘက်တစ်အသင်းတွင် အငှားသွားရောက်ကစားခဲ့သည်။

ထရက်ဇွန်စပေါအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့သည့်အိုင်ဗရီကို့စ်နောက်ခံလူ ဘမ်ဘာသည် စီးရီးအေတန်းတက် ပါလာမိုအသင်းသို့အလွတ်ြေ ပာင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။ ပါလာမို အသင်းကဘမ်ဘာကို သုံးနှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

အင်တာမီလန်အသင်းမှ ရူဘင်ဘော့တာနှင့် ဆက်ချီလော့တို တို့သည်ချီယေးဗိုအသင်းသို့ အငှားသွားရောက် ကစားမည် ဖြစ်သည်။ တိုက်စစ်မှူးဘော့တာ ကို တစ်ရာသီအငှားဖြင့်သာ ခေါ်ယူခြင်းဖြစ်ပြီး ဆက်ချီလော့တိုကိုမူရာသီအဆုံးတွင် တရားဝင်ခေါ်ယူမည်ဖြစ်သည်။
mizzima

No comments:

Post a Comment