Tuesday, August 19, 2014

နော်ဝေလူငယ်ညီလာခံသို့တက်ရောက်ရန် တယ်လီနောက မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်နှစ်ဦး ရှာဖွေ

နော်ဝေ နိုင်ငံတွင် ကျင်းပမည့်လူငယ်ညီလာ ခံ (Youth Summit) တွင် တက် ရောက်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စား ပြုစီးပွားရေး လုပ်ငန်းရှင်လူငယ်နှစ် ဦးကို တယ်လီနောက ရှာဖွေနေ ကြောင်း သိရှိရသည်။  မြန်မာနိုင်ငံကိုယ်စားပြုစီးပွား ရေးလုပ်ငန်းရှင်လူငယ်နှစ်ဦးရွေးချယ် ရာ၌ ၎င်းတို့ရေးသားတင်ပြသော စာစီစာကုံးများအပေါ်တွင် ဆန်ခါ တင်ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ ဆန်ခါတင် ရွေးချယ်ခံရသူများကို စနေ၊ တနင်္ဂနွေအလုပ်ရုံဆွေးနွေးပွဲ သို့တက်ရောက်စေပြီး ၎င်း တို့၏အတွေးအခေါ်စိတ်ကူးများကို လက် တွေ့ဆက်လက် အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ ဒီ Youth Summit ကရရှိလာတဲ့အခွင့်အလမ်း နဲ့စိတ်ကူး အတွေးအခေါ်အသစ်တွေ ကတစ်ဆင့် လူမှုအသိုင်းအဝိုင်းအ တွက် ရေရှည် အကျိုးရှိစေမယ့်၊ မြန်မာ နိုင်ငံကိုကိုယ်စားပြုပြီး တက်ရောက် နိုင်မယ့် လူငယ်စီး ပွားရေး လုပ်ငန်းရှင် နှစ်ဦးကို ရှာဖွေနေတာပါ''ဟု တယ်လီ နောမြန်မာ အမှုဆောင်အရာရှိချုပ် M r. Petter Furberg က ပြောသည်။
 နော်ဝေနိုင်ငံတွင် တွေ့ဆုံမှု သည် မိုဘိုင်းချိတ်ဆက်မှုနှင့်ဒစ်ဂျစ် တယ်ဆက်သွယ်ရေးနည်းပညာမှလူ မှုဆိုင်ရာပြောင်း လဲမှုအတွက် မည် သည့်အခန်းကဏ္ဍမှပါဝင်မည်ကို သိရှိနိုင်မည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် M r. Petter Furberg အစရှိသည့် တယ်လီနောမှ အကြီးတန်းအရာရှိ များနှင့် ပြည်တွင်း လက်တွဲဖော် များ ဖြစ်သည့် ProjectHub , MIDO ESifh ICT for Development Organization တို့ ပါဝင်သည့် စိစစ် ရေးကော်မတီ မှ ဆန်ခါတင်နှစ်ဦး ကို ရွေးချယ်သွားမည်ဖြစ်သည်။

လျှောက်ထားလို သူများသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ မြန်မာ နိုင်ငံသားဖြစ်ရပါမည်ဖြစ်ပြီး www.telenor.com/youth summit မှ တစ်ဆင့်လျှောက်ထားနိုင်မည် ဖြစ်ပါပြီး နော်ဝေနိုင်ငံသို့သွားရောက် မည့် ခရီးစဉ်တစ်ခုလုံးအားတယ်လီ နောမှ အပြည့်အဝထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

စာစီစာကုံးလျှောက်လွှာများကို အောက်တိုဘာလကုန်အထိ လျှောက် ခွင့်ရမည်ဖြစ်ပြီး ဆန်ခါတင်အယောက် ၂၀ ရွေးချယ်သွားမည်ဖြစ်သည်။

Youth Summit သည် အနာ ဂတ်လူမှုစီးပွားရေးလုပ်ငန်းရှင်များကို ကျွမ်းကျင်ပညာရှင်များ၊ ရှေ့ဆောင် တွေးခေါ် ပညာရှင် များနှင့် အခြား ဖိတ်ကြားထားသည့် နိုင်ငံအသီးသီး မှ ဆန်းသစ်တီထွင်မှုနှင့် တက်ကြွမှု အပြည့်အဝရှိသော လူငယ်များဖြင့် တွေ့ ဆုံဆွေးနွေးပွဲဖြစ်ပြီး ယင်းတွေ့ ဆုံပွဲသည် မိုဘိုင်း၊ ဒစ်ဂျစ်တယ်ဆက် သွယ်ရေးနည်းပညာမှ လူနေမှုဘဝ တိုးတက်ရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးပြောင်းလဲနိုင်စွမ်းကို မည်သို့ ပေးအပ်နိုင်ကြောင်းမျှဝေဆွေးနွေး နိုင်သည့် နေရာတစ်ခုလည်းဖြစ် သည်ဟု တယ်လီနောကဆိုသည်။

YYMK (MMK)

No comments:

Post a Comment