Tuesday, August 19, 2014

မြန်မာပေးမန့်ယူနီယံကတ် (MPU)ကို နိုင်ငံတကာတွင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်သို့တင်ပြထား


Photo: မြန်မာပေးမန့်ယူနီယံကတ် (MPU)ကို နိုင်ငံတကာတွင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်သို့တင်ပြထား
Tuesday, August 19, 2014

 ပြည်တွင်း ဘဏ်များအသုံးပြုလျက် ရှိသည့် မြန်မာပေး မန့်ယူ နီယံကတ် (MPU) များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဗဟိုဘဏ် သို့တင်ပြထား ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ မှသိရသည်။

လက်ရှိတွင် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည့် မြန်မာပေး မန့် ယူနီယံကတ် များ သည် Debit Card အမျိုးအစားဖြစ်ပြီး ဘဏ်တွင် ငွေစာရင်း ဖွင့်ထားရ မည်ဖြစ်ကာ ယင်းငွေစာရင်းအတိုင်းသာ ထုတ်ယူ နိုင်သည့် ကတ်အမျိုး အစားဖြစ် ပြီး ယင်းကို နိုင်ငံတကာတွင်အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau (JCB) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

မြန်မာပေးမန့်ယူနီယံမှ CEO ဦးဇော်လင်းထွဋ်က''လက်ရှိဗဟို ဘဏ်ကိုတင်ထား တာ နှစ်လလောက် တော့ရှိပါပြီ၊ ခွင့်ပြုချက်ကျတာနဲ့ လုပ်ငန်းတွေ စတင်သွား မှာပါ''ဟု ဆိုသည်။ 

မြန်မာပေးမန့်ယူနီယံအဖွဲ့တွင် ပြည်တွင်းဘဏ် ၁၉ ဘဏ်ဖြင့်ဖွဲ့ စည်းထားပြီး လက်ရှိတွင်တရုတ် နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau(JCB) ကတ်များ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဦးဇော်လင်းထွဋ် က''အဲဒီကတ် တွေနဲ့သာ ချိတ်ဆက်လို့ရမယ်ဆိုရင် လက်ရှိသူတို့ ကတ်တွေ ကိုအသုံးပြု နေတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်မှာပါ MPU ကတ်ကို အသုံးပြုနိုင်မယ်''ဟု ဆို သည်။

ပြည်တွင်း၌ အသုံးပြုရန်အ တွက် MPU Network ဖြင့် အသုံးပြုရ မည်ဖြစ် ပြီး ပြည်ပနိုင်ငံ များတွင် CUP နှင့် JCB Network ဖြင့် အသုံးပြုသွားရ မည်ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ဆိုသည်။

လက်ရှိ CUP/JCB ကတ်များ ကို မြန်မာနိုင်ငံရှိအဖွဲ့ဝင်ဘဏ် များ၏ အေတီအမ် စက်များ တွင် ငွေထုတ်ယူခြင်း၊ ဈေးဝယ်စင် တာများ ရှိ POS စနစ်များတွင် အသုံးပြု နိုင် ပြီး နိုင်ငံတကာတွင် Visa နှင့် Master ကတ်များကဲ့ သို့မ ဟုတ်သော် လည်း အာရှနိုင်ငံများတွင် လူသုံးများသော ငွေကြေး ကတ် များဖြစ်ကြောင်း သိရ သည်။

ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး က '' CUP နှင့် JCB ကတ်တွေက နိုင်ငံတကာ မှာဆိုရင် Visa နှင့် Master တို့လောက်မတွင် ကျယ် ဘူး၊ ဒါပေမဲ့ အာရှမှာဆို ရင်တော့ လူသုံးများတဲ့ကတ်တွေပါ၊ ပြည်တွင်း မှာသုံးနေ တဲ့ကတ်တွေလဲ သူတို့သုံး နိုင်မယ်ဆို ရင်တော့ လုပ်ငန်း ရှင်တွေ၊ ပြည်တွင်းက ခရီးသွားတွေ အတွက် အဆင်ပြေ နိုင်တယ်'' ဟု ဆိုသည်။

လက်ရှိဗဟိုဘဏ် မှ မြန်မာနိုင်ငံ သားများကို ငွေကြေးကတ်များအ သုံးပြုခွင့်ပြု ပြီး နောက်ပိုင်း Visa ၊ Master တို့နှင့် ပြည်တွင်း အင်အား ကြီးဘဏ်တချို့နှင့် ပူးပေါင်း ကာ ပြည်ပနိုင်ငံများတွင် အသုံးပြုနိုင် သော ငွေကြေးကတ်များ ထုတ် လုပ် ရန်ခွင့်ပြုထားကြောင်း သိရသည်။

A K S
ပြည်တွင်း ဘဏ်များအသုံးပြုလျက် ရှိသည့် မြန်မာပေး မန့်ယူ နီယံကတ် (MPU) များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဗဟိုဘဏ် သို့တင်ပြထား ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ မှသိရသည်။ လက်ရှိတွင် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည့် မြန်မာပေး မန့် ယူနီယံကတ် များ သည် Debit Card အမျိုးအစားဖြစ်ပြီး ဘဏ်တွင် ငွေစာရင်း ဖွင့်ထားရ မည်ဖြစ်ကာ ယင်းငွေစာရင်းအတိုင်းသာ ထုတ်ယူ နိုင်သည့် ကတ်အမျိုး အစားဖြစ် ပြီး ယင်းကို နိုင်ငံတကာတွင်အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau (JCB) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။မြန်မာပေးမန့်ယူနီယံမှ CEO ဦးဇော်လင်းထွဋ်က''လက်ရှိဗဟို ဘဏ်ကိုတင်ထား တာ နှစ်လလောက် တော့ရှိပါပြီ၊ ခွင့်ပြုချက်ကျတာနဲ့ လုပ်ငန်းတွေ စတင်သွား မှာပါ''ဟု ဆိုသည်။ မြန်မာပေးမန့်ယူနီယံအဖွဲ့တွင် ပြည်တွင်းဘဏ် ၁၉ ဘဏ်ဖြင့်ဖွဲ့ စည်းထားပြီး လက်ရှိတွင်တရုတ် နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau(JCB) ကတ်များ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဦးဇော်လင်းထွဋ် က''အဲဒီကတ် တွေနဲ့သာ ချိတ်ဆက်လို့ရမယ်ဆိုရင် လက်ရှိသူတို့ ကတ်တွေ ကိုအသုံးပြု နေတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်မှာပါ MPU ကတ်ကို အသုံးပြုနိုင်မယ်''ဟု ဆို သည်။

ပြည်တွင်း၌ အသုံးပြုရန်အ တွက် MPU Network ဖြင့် အသုံးပြုရ မည်ဖြစ် ပြီး ပြည်ပနိုင်ငံ များတွင် CUP နှင့် JCB Network ဖြင့် အသုံးပြုသွားရ မည်ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ဆိုသည်။

လက်ရှိ CUP/JCB ကတ်များ ကို မြန်မာနိုင်ငံရှိအဖွဲ့ဝင်ဘဏ် များ၏ အေတီအမ် စက်များ တွင် ငွေထုတ်ယူခြင်း၊ ဈေးဝယ်စင် တာများ ရှိ POS စနစ်များတွင် အသုံးပြု နိုင် ပြီး နိုင်ငံတကာတွင် Visa နှင့် Master ကတ်များကဲ့ သို့မ ဟုတ်သော် လည်း အာရှနိုင်ငံများတွင် လူသုံးများသော ငွေကြေး ကတ် များဖြစ်ကြောင်း သိရ သည်။

ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး က '' CUP နှင့် JCB ကတ်တွေက နိုင်ငံတကာ မှာဆိုရင် Visa နှင့် Master တို့လောက်မတွင် ကျယ် ဘူး၊ ဒါပေမဲ့ အာရှမှာဆို ရင်တော့ လူသုံးများတဲ့ကတ်တွေပါ၊ ပြည်တွင်း မှာသုံးနေ တဲ့ကတ်တွေလဲ သူတို့သုံး နိုင်မယ်ဆို ရင်တော့ လုပ်ငန်း ရှင်တွေ၊ ပြည်တွင်းက ခရီးသွားတွေ အတွက် အဆင်ပြေ နိုင်တယ်'' ဟု ဆိုသည်။

လက်ရှိဗဟိုဘဏ် မှ မြန်မာနိုင်ငံ သားများကို ငွေကြေးကတ်များအ သုံးပြုခွင့်ပြု ပြီး နောက်ပိုင်း Visa ၊ Master တို့နှင့် ပြည်တွင်း အင်အား ကြီးဘဏ်တချို့နှင့် ပူးပေါင်း ကာ ပြည်ပနိုင်ငံများတွင် အသုံးပြုနိုင် သော ငွေကြေးကတ်များ ထုတ် လုပ် ရန်ခွင့်ပြုထားကြောင်း သိရသည်။

A K S

No comments:

Post a Comment