Friday, August 22, 2014

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ဆွစ်ဇာလန်သို့ သွားရောက်သူဦးရေ မြင့်တက်လာ

Photo: ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ဆွစ်ဇာလန်သို့ သွားရောက်သူဦးရေ မြင့်တက်လာ
Friday, August 22, 2014

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသား တစ်ဦး ဆွစ်ဇာလန်သို့ သွားရောက်ခဲ့သည့်ကိစ္စကို လေ့လာမှု တစ်ခုအရ အတည်ပြုနိုင်ပြီဖြစ်သည်ဟု သြဂုတ် ၂၁ ရက်က သည်တိုင်းအော့်ဖ် အိန္ဒိယသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

“ကာယကံရှင်၏ ဆန္ဒအလျောက် ညင်သာစွာ အသက်ဇီဝိန်ခြွေပေးရေး” ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လေ့လာမှုအား ဗြိတိန်ရှိ သုတေသီ များက ပြုလုပ်ခဲ့ကြရာ ထိုလုပ်ငန်း၏ အလားအလာ မှာ စိုးရိမ်စရာကောင်းလောက်အောင် အလွန်မြင့်တက်လာခဲ့ ကြောင်း တွေ့ရှိခဲ့ကြသည်။

ကိုယ်တိုင်၏ အသက်ကို အဆုံးသတ်ပစ်ရေး ရည်ရွယ်ချက်ဖြင့် ဆွစ်ဇာလန်သို့ သွားကြသည့် ခရီးသည် အရေအတွက်မှာ လေးနှစ်အတွင်း တွင် နှစ်ဆခန့် မြင့် တက်လာခဲ့ကြောင်းနှင့် ရာခိုင်နှုန်းအရ အများဆုံး သွားကြသည့် နိုင်ငံသားများမှာ ဂျာမနီ နှင့် ဗြိတိန်တို့မှဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။

ထိုကဲ့သို့ သွားရောက်ခဲ့ကြသူများထဲတွင် သွက်ချာပါဒ၊ မော်တာနူရုန်းရောဂါ (အာရုံကြောစနစ် ပျက်စီး သည့် ရောဂါတစ်မျိုး)၊ ပါကင်ဆန်ရောဂါ (Parkinson's )နှင့် ကိုယ်ခန္ဓာတစ်ရှူးများ တင်းမာသော ရောဂါ (sclerosis)တို့ကဲ့သို့သော အာရုံကြောရောဂါဆိုင်ရာ ဝေဒနာရှင်များက ထက်ဝက်နီးပါး ရှိနေကြောင်း တွေ့ရှိ ခဲ့ကြသည်။

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှုကို ခံယူနိုင်ရေးအတွက် ခရီးသွားခဲ့ကြသူ ၂၀၀၈ ခုနှစ်တွင် ၁၂၃ ဦး ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၇၂ ဦးအထိ မြင့်တက်လာခဲ့ သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံ ၃၁ ခုမှ နိုင်ငံသားများ ထိုကိစ္စအတွက် ဆွစ်ဇာလန်သို့ သွားခဲ့ကြကြောင်းနှင့် ထိုသူများထဲတွင် ဂျာမန် ၂၆၈ ဦး နှင့် ဗြိတိန် နိုင်ငံသား ၁၂၆ ဦးတို့ ပါဝင်နေရာ ထို နှစ်နိုင်ငံမှ သွားရောက်ကြသူများမှာ စုစုပေါင်း သွား ရောက်ကြသူများ၏ သုံးပုံ နှစ်ပုံနီးပါး ရှိနေကြောင်း လည်း သုတေသနက ဆိုသည်။

ထိုကိစ္စအတွက် အများဆုံး သွားရောက်ခဲ့ကြသည့် နိုင်ငံသားများထဲတွင် ပြင်သစ် ၆၆ ဦး၊ အီတလီ ၄၄ ဦး၊ အမေရိကန် ၂၁ ဦး၊ သြစတြေးလျ ၁၄ ဦး၊ ကနေဒါ ၁၂ ဦး၊ စပိန် ရှစ်ဦးနှင့် အစ္စရေး ရှစ်ဦးတို့ ပါဝင်သည်။

ထိုအချက်အလက်များအား ကြာသပတေးနေ့ နံနက်တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုစာရင်းအရ ဆိုလျှင် ၂၀၁၂ ခုနှစ်တွင် ဆွစ်ဇာလန်သို့ ထိုကိစ္စအ တွက် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား တစ်ဦး လည်း ပါဝင်နေသည်။

ထိုခရီးသွားလုပ်ငန်း ဆွစ်ဇာလန်တွင် ဖြစ်ထွန်းနေခြင်းက၊ အခြားနိုင်ငံများတွင်လည်း ညင်သာစွာ သေဆုံး လိုသူများအား ကာယကံရှင်ဆန္ဒအလျောက် ကူညီ အဆုံးသတ်ပေးခွင့်နှင့် ပတ်သက်သည့် ဥပဒေများကို ပြောင်းလဲ
လာစေနိုင်ခြင်း ရှိ မရှိကိုလည်း အောက်စဖို့တက္ကသိုလ်က ပြုလုပ်ခဲ့သော သုတေသနတွင် လေ့ လာထားသည်။ အိန္ဒိယအပါအ၀င် နိုင်ငံအများအပြားတွင် ကာယကံရှင် ဆန္ဒအလျောက် ဘ၀အဆုံးသတ်မှု အား ကူညီပေးခွင့်ကို ပိတ်ပင်တားမြစ်ထားသော်လည်း ဆွစ်ဇာလန်တွင်မူ ထိုကိစ္စနှင့်ပတ်သက်၍ ဥပဒေ ဖြင့် ရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်းမျိုး မရှိပေ။

Mizzima - News in Burmese
ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှု ခံယူရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသားတစ်ဦး ဆွစ်ဇာလန်သို့ သွားရောက်ခဲ့သည့် ကိစ္စကို လေ့လာမှုတစ်ခုအရ အတည်ပြုနိုင်ပြီဖြစ်သည်ဟု သြဂုတ် ၂၁ ရက်က သည်တိုင်းအော့်ဖ် အိန္ဒိယသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ကာယကံရှင်၏ ဆန္ဒအလျောက် ညင်သာစွာ အသက်ဇီဝိန်ခြွေပေးရေး” ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် လေ့လာမှုအား ဗြိတိန်ရှိ သုတေသီများက ပြုလုပ်ခဲ့ကြရာ ထိုလုပ်ငန်း၏အလားအလာမှာ စိုးရိမ်စရာကောင်းလောက်အောင် အလွန်မြင့်တက်လာခဲ့ ကြောင်း တွေ့ ရှိ ခဲ့ ကြ သည်။

ကိုယ်တိုင်၏ အသက်ကို အဆုံးသတ်ပစ်ရေး ရည်ရွယ်ချက်ဖြင့် ဆွစ်ဇာလန်သို့ သွားကြသည့် ခရီးသည် အရေအတွက်မှာ လေးနှစ်အတွင်း တွင် နှစ်ဆခန့် မြင့် တက်လာခဲ့ကြောင်းနှင့် ရာခိုင်နှုန်းအရ အများဆုံး သွားကြသည့် နိုင်ငံသားများမှာ ဂျာမနီ နှင့် ဗြိတိန်တို့မှဖြ စ်ကြောင်း တွေ့ရှိ ခဲ့ကြသည်။

ထိုကဲ့သို့ သွားရောက်ခဲ့ကြသူများထဲတွင် သွက်ချာပါဒ၊ မော်တာနူရုန်းရောဂါ (အာရုံကြောစနစ် ပျက်စီးသည့် ရောဂါတစ်မျိုး)၊ ပါကင်ဆန်ရောဂါ (Parkinson's )နှင့် ကိုယ်ခန္ဓာတစ်ရှူးများ တင်းမာသော ရောဂါ (sclerosis) တို့ကဲ့သို့သော အာရုံကြောရောဂါဆိုင်ရာ ဝေဒနာရှင်များက ထက်ဝက်နီးပါး ရှိနေကြောင်း တွေ့ရှိ ခဲ့ကြသည်။

ညင်သာစွာ အသက်ဇီဝိန်ခြွေပေးမှုကို ခံယူနိုင်ရေးအတွက် ခရီးသွားခဲ့ကြသူ ၂၀၀၈ ခုနှစ်တွင် ၁၂၃ ဦး ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၇၂ ဦး အထိ မြင့် တက် လာခဲ့ သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံ ၃၁ ခုမှ နိုင်ငံသားများ ထိုကိစ္စအတွက် ဆွစ်ဇာလန်သို့ သွားခဲ့ကြကြောင်းနှင့် ထိုသူများထဲတွင် ဂျာမန် ၂၆၈ ဦး နှင့် ဗြိတိန် နိုင်ငံသား ၁၂၆ ဦးတို့ ပါဝင်နေရာ ထို နှစ်နိုင်ငံမှ သွားရောက်ကြသူများမှာ စုစုပေါင်း သွား ရောက်ကြသူများ၏ သုံးပုံ နှစ်ပုံနီးပါး ရှိနေကြောင်း လည်း သုတေသနက ဆိုသည်။

ထိုကိစ္စအတွက် အများဆုံး သွားရောက်ခဲ့ကြသည့် နိုင်ငံသားများထဲတွင် ပြင်သစ် ၆၆ ဦး၊ အီတလီ ၄၄ ဦး၊ အမေရိကန် ၂၁ ဦး၊ သြစတြေးလျ ၁၄ ဦး၊ ကနေဒါ ၁၂ ဦး၊ စပိန် ရှစ်ဦးနှင့် အစ္စရေး ရှစ်ဦးတို့ ပါဝင်သည်။

ထိုအချက်အလက်များအား ကြာသပတေးနေ့ နံနက်တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုစာရင်းအရ ဆိုလျှင် ၂၀၁၂ ခုနှစ်တွင် ဆွစ်ဇာလန် သို့ ထိုကိစ္စအ တွက် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား တစ်ဦး လည်း ပါဝင်နေသည်။

ထိုခရီးသွားလုပ်ငန်း ဆွစ်ဇာလန်တွင် ဖြစ်ထွန်းနေခြင်းက၊ အခြားနိုင်ငံများတွင်လည်း ညင်သာစွာ သေဆုံး လိုသူများအား ကာယကံရှင်ဆန္ဒ အလျောက် ကူညီ အဆုံးသတ်ပေးခွင့်နှင့် ပတ်သက်သည့် ဥပဒေများကို ပြောင်းလဲလာစေနိုင်ခြင်း ရှိ မရှိကိုလည်း အောက်စဖို့ တက္ကသိုလ် က ပြုလုပ်ခဲ့သော သုတေသနတွင် လေ့ လာထား သည်။ အိန္ဒိယအပါအ၀င် နိုင်ငံအများအပြားတွင် ကာယကံရှင် ဆန္ဒအလျောက် ဘ၀အဆုံး သတ်မှု အား ကူညီပေးခွင့်ကို ပိတ်ပင်တားမြစ်ထားသော်လည်း ဆွစ်ဇာလန်တွင်မူ ထိုကိစ္စနှင့်ပတ်သက်၍ ဥပဒေ ဖြင့် ရှင်းလင်းစွာ ပြဋ္ဌာန်း ထားခြင်းမျိုး မရှိပေ။

Mizzima - News in Burmese

No comments:

Post a Comment