Friday, August 22, 2014

MPU ကတ်အသုံးပြုသည့် POS စက် အလုံးရေ ၁ဝဝဝ ခန့် အင်တာနက်မရ၍ ခေတ္တရပ်ဆိုင်းထားရ

Photo: MPU ကတ်အသုံးပြုသည့် POS စက် အလုံးရေ ၁ဝဝဝ ခန့် အင်တာနက် မရ၍ ခေတ္တ ရပ်ဆိုင်းထားရ
Friday, August 22, 2014

Myanmar Payment Union (MPU) ကွန်ယက်တွင် ချိတ်ဆက်ထားသော ငွေပေးချေမှု လက်ခံသည့်စက် Point Of Sale (POS) စက်အလုံး တစ်ထောင်ခန့်ကို Internet Protocol (IP) လိုင်း မရသဖြင့် အသုံးပြုမှု ခေတ္တရပ်ဆိုင်းနေသည်ဟု MPU ကွန်ယက်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

MPU ကွန်ယက်မှ POS စက်များ အသုံးပြုရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်လိုင်း IP နှစ်ခုနှင့် ချိတ်ဆက်ထားပြီး IP တစ်ခုမှာ အသုံးပြု၍ မရခြင်းကြောင့် POS စက် အလုံးရေ ရှစ်ရာ မှ တစ်ထောင်ခန့် အတွင်း အသုံးပြု၍မရခြင်း ဖြစ်သည်ဟု ၎င်းင်းက ဆိုသည်။

ဦးဇော်လင်းထွဋ်က “ မြန်မာ့ဆက်သွယ်ရေးက အင်တာနက် Networkတွေ အသစ်ချိန်းလိုက်လို့ ခုလိုဖြစ်တာလို့ ပြောပါတယ်။ အဲဒါကြောင့် MPU ကွန်ယက်က ချိတ်ထားတဲ့ IP နှစ်ခုမှာ တစ်ခုက သုံးလို့ မရတော့ဘူး ဖြစ်သွားတယ်။ POS စက်လောက်ပဲ သုံးမရတာပါ။ ATM ကတော့ အသုံးပြုလို့ ရနေပါတယ်” ဟု ပြောသည်။

အဆိုပါ စက်များမှာ သြဂုတ်လ တတိယပတ်အတွင်း အသုံးပြု၍ မရတော့ခြင်းဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း ပြန်လည်အသုံးပြုနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းင်းက ဆိုသည်။

CBဘဏ်၏ မန်နေဂျာ ဦးအုန်းသိန်းဦးက “ ATM နဲ့ POS တွေကို ဖိုင်ဘာ ကြိုးလိုင်းအပြင် အင်တာနက် 3G လိုင်းနဲ့ လည်း ကွန်ယက်ချိတ်ဆက်ပြီး အသုံးပြုနေတာပါ။ ခု ခေတ္တဆက်သွယ်မှု ပျက်နေတဲ့ စက်တွေကို မကြာခင် ပြန်သုံးနိုင်မှာပါ”ဟု ပြောသည်။

MPU ကွန်ယက်ကို ၂ဝ၁၁ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်နှင့် အစိုးရ စီးပွားရေးဘဏ် စုစုပေါင်း ၁၉ ဘဏ်တို့ ပါဝင်ဖွဲ့စည်းထားသည်။ သို့သော် လက်ရှိ MPU ကွန်ယက်တွင် ATM နှင့် POS စက်တပ်ဆင်ထားသော ဘဏ် ၁၄ ဘဏ်အထိသာ ရှိသည်။

Myanmar Payment Union ကွန်ယက်ရှိ ATM နှင့် POS စက်များတွင် MPU ကတ်များကို သာမက Visa ၊ Master ၊CUP Card (China Union Pay) ၊ JCB ကတ်စသည့် နိုင်ငံတကာ ငွေပေးချေမှုကတ်များကို လက်ခံ အသုံးပြုနေပြီ ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ MPU ကွန်ယက်ဝင်ဘဏ်ခွဲ အများစုတွင် ATM စက်များကို တပ်ဆင်ထားပြီး ATM စက်အလုံးရေ တစ်ထောင်ခန့်နှင့် POS စက်အလုံးရေ သုံးထောင်ခန့်အထိ အသုံးပြုနေသည်။

Mizzima - News in Burmese

No comments:

Post a Comment