Wednesday, August 6, 2014

အသစ်ပြေးဆွဲမည့် အဆင့်မြင့် City Bus ခရီးသည်တင်ယာဉ် ၂၅စီးတွင် လုံခြုံရေးအတွက်စီစီတီဗွီကင်မရာများတပ်ဆင်ထား

သြဂုတ်လ တတိယအပတ်တွင်စတင်ပြေးဆွဲမည့် အဆင့်မြင့် City Bus ယာဉ်၂၅စီးတွင် လုံခြုံရေးအတွက် စီစီတီဗွီကင်မရာများ ပါဝင်ကြောင်း ညွန်ကြားရေးမှူး ဦး တင်ဝင်းအောင်(ကုန်းလမ်းပို့ဆောင် ရေးဌာန)က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောကြားသည်။
''ယာဉ်ပေါ်မှာ ကာစတန်မာဆားဗစ်အတွက် အမျိုးသမီးတစ်ယောက်ပါမယ်။ ပြီးတော့လုံခြုံရေးအတွက်စီ စီတီဗွီကင်မရာတွေပါမယ်။ ယာဉ် နောက်လိုက် လုံးဝမပါဘူး။ ယာဉ် စီးခကို i-Pay ကတ်နဲ့သုံးရမှာ။ ယာဉ် စီးခကို ၃ဝဝလောက်တော့ မှန်းထား ပါတယ်' 'ဟု၎င်းကဆိုသည်။အဆိုပါ ခရီးသည်တင်ယာဉ်များ တွင်လိုက်ပါစီးနင်းမည့်ခရီးသည်များ အနေဖြင့်ယာဉ်၏ အရှေ့ပေါက်မှ တက်ရမည်ဖြစ်ပြီးနောက်ပေါက်မှ ဆင်း ရမည်ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်တွင် ခရီးသည် ၄၅ ယောက်နှင့်အထက် ပို၍တင်မည်မဟုတ်ကြောင်းနှင့် ယာဉ် ပေါ်တွင် ကာစတန်မာဆားဗစ်အဖြစ် ပါဝင်မည့် အမျိုးသမီးများအား အလုပ် ခန့်ထားပြီးဖြစ်ကြောင်း Forever Green Road Transport ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

အဆင့်မြင့် City Bus ယာဉ် ၂၅ စီးသည် ဆူးလေမှဒဂုံတက္ကသိုလ် သို့ပြေးဆွဲသွားမည်ဖြစ်ပြီးယာဉ်လိုင်း နာမည်အား အမြဲစိမ်းလန်းကုန်းလမ်း ပို့ဆောင်ရေးယာဉ်လိုင်း(၁)ဟုသတ် မှတ်ထားပြီး၊ ပြေးဆွဲမည့် အဆင့်မြင့် City Bus ယာဉ် ၂၅ စီးသည် လက်ရှိ တွင် ကုန်းလမ်းပို့ဆောင်ရေးသို့ရောက် ရှိနေပြီး ယာဉ်ကြံ့ခိုင်မှုအား စစ်ဆေး မှုများ ပြုလုပ်လျက်ရှိပြီး သြဂုတ်လ တတိယအပတ်တွင် စတင်ပြေးဆွဲသွား မည်ဖြစ်ကြောင်းသိရသည်။
''ကျွန်တော်တို့ယာဉ်လိုင်းကစံပြ ဖြစ်အောင်ပြုလုပ်မှာပါ။ ကုန်းလမ်းပို့ ဆောင်ရေးနဲ့အကျိုးတူ ပူးပေါင်းပြီး တော့ ခရီးသည်တွေမှတ်တိုင်မှာစနစ် တကျဆင်းနိုင် တက်နိုင်ရမယ်။ စပယ်ယာမထားပါဘူး။ ဒရိုင်ဘာတွေကို လဲမကြာခဏထရိန်နင်ပေးမှာပါ။ ယာဉ်စီးခကို ပိုက်ဆံနဲ့ရှင်းရမယ့်အ စား i-Pay ကတ်တွေနဲ့အသုံးပြုသွား မှာပါ''ဟု Forever Green Right Service ကုမ္ပဏီမှဒါရိုက်တာအဖွဲ့ဝင် ဦးအေးထွန်းက ဒီမိုကရေစီတူဒေးသ တင်းစာသို့ ပြောသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိကုန်းလမ်းပို့ဆောင်ရေး နှင့် Forever Green Right Service ကုမ္ပဏီတို့အကျိုးတူပူးပေါင်းကာရန် ကုန်မြို့တွင်းကို City Bus ယာဉ်၇၅ စီးတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး ယခု လက်ရှိ ပထမအသုတ်အနေဖြင့် City Bus ယာဉ် ၂၅ စီးအားစတင်ပြေး ဆွဲသွားမည်ဖြစ်ကြောင်းညွှန်ကြားရေး မှူးဦးတင်ဝင်းအောင် (ကုန်းလမ်းပို့ ဆောင်ရေးဌာန)က ဆိုသည်။
အကျိုးတူပူးပေါင်းဆောင်ရွက် သည့်လုပ်ငန်းစဉ်တွင် ရန်ကုန်မြို့တွင် City Bus ယာဉ်အစီးရေ ၇၅စီး၊ နယ်ဝေး ယာဉ်အစီးရေ ၁၆ စီးနှင့်ပြင် ပယာဉ်များပြင်ဆင်နိုင်သည့် Workshop တစ်ခုပါဝင်မည်ဖြစ်ပြီး ကုန်းလမ်း ပို့ဆောင်ရေးမှမြေဧက၂ဒသမ၅ဧက အားအစုရှယ်ယာအဖြစ်ရင်းနှီးမည်ဖြစ် ပြီး Forever Green Right Service ကုမ္ပဏီမှအစု ရှယ်ယာငွေသန်းပေါင်း ၇၁၄ဝကျပ်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
 Democracytoday

No comments:

Post a Comment