Wednesday, August 6, 2014

MPT Promotion ထက် ဖုန်းအားလုံးဝန်ဆောင်မှု ၂၅ ကျပ်နှုန်းသာ လိုလားကြ

မြန်မာ့ဆက်သွယ်ရေး (MPT) မှ Friends and Family Service ဝန်ဆောင်မှုထက် မိုဘိုင်းဖုန်းအားလုံး တစ မိနစ်ခေါ်ဆိုခ ၂၅ ကျပ်နှုန်းကိုသာ လိုလားကြသည်ဟု ဖုန်း သုံးစွဲသူများထံမှ သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် GSM/WCDMA ဖုန်းကိုင်ဆောင်သူများအား ကျပ် ၂၅ဝဝ ပေးသွင်းရုံဖြင့် ရက်ပေါင်း ၃ဝ အ တွင်း ဖုန်းကိုင်ဆောင်သူ အပါအဝင် အခြား မိုဘိုင်းဖုန်းသုံးလုံးကို တစ်မိနစ် ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှုန်းသာ ကောက်ခံမည်ဟု ထုတ်ပြန်ထားသည်။”ဒီလောက် အပြိုင်အဆိုင် ဖြစ်ပေါ်နေတဲ့ အချိန်မှာ ဒီလိုပရိုမိုးရှင်းလာလုပ်တာ ရယ်စရာပါပဲ။ အခြေအနေတွေက ရှင်းရှင်းလေးဖြစ်နေပြီ။ ဒီတော့ MPT အနေနဲ့ ပရိုမိုး ရှင်း ထက် ဈေးနှုန်းကို လျှော့ချပေးသင့်တဲ့အခြေအနေ ရောက်နေပါပြီ” ဟု ပုဇွန်တောင် မြို့နယ်မှ ထီရောင်းသူ ကိုချစ်ဦးက ပြောသည်။Ooredoo မပေါ်ပေါက်သေး ပါက လက်ရှိ MPT  မှ လုပ်ဆောင်သည့် စနစ်သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် သင့်တော်သော ဝန်ဆောင်မှု ဖြစ်သော်လည်း လက်ရှိအနေအထား အရ ပြုပြင်ပြောင်း လဲသင့် သည့် အချိန်ဖြစ်ကြောင်း လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုစည်သူက ပြောသည်။

”တစ်နေ့ကို နာရီဝက် ဒါမှမဟုတ် ၁ နာရီလောက်အထိ ဖုန်းပြောတဲ့သူဆိုရင်တော့ အဆင်ပြေမှာပါ။ MPT ဘက်ကလည်း ဒီအတွက် ငွေကြိုပြီး နုတ်ထားတဲ့အတွက် သူ့ ဘက်ကလည်း အဆင်ပြေမှာပါ။ ဒါဟာတစ်မိနစ် ၅ဝ ကျပ်အပေါ်မူတည်ပြီး ကောက်တဲ့အချိန်ပေါ့။ အခု ၂၅ ကျပ်နှုန်းကောက်တဲ့အချိန်မှာတော့ ပရိုမိုးရှင်းစနစ်ဟာ မတရား တဲ့စနစ်ဖြစ်နေမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် မိုဘိုင်းဖုန်းဈေးကွက်တွင် မြန်မာ့ဆက်သွယ်ရေးမှ ပရိုမိုးရှင်းလုပ်သည့်စနစ်မှာ အသုံးပြုသူနည်းပါးပြီး ဝေဖန်မှုများရှိနေသော်လည်း Ooredoo ဆင်းကတ် များ မှာမူ ဝယ်ယူသုံးစွဲသူများပြားလျက်ရှိနေကြောင်း ၊ဝယ်သူများပြား၍သတ်မှတ်နှုန်းထက်ပင် ပိုမိုရောင်းချနေရသည့် အခြေအနေများပင် ရှိနေကြောင်း ဈေး ကွက်မှ သိရ သည်။ ”တစ်လလောက် ၂၅ ကျပ်နှုန်းနဲ့ သုံးရမယ့် အစားဆင်းကတ် တစ်ကတ်ဝယ်ပြီး မိနစ် ၉ဝဝ အခမဲ့သုံးရမယ့် စနစ်ကိုပဲသဘောကျတယ်။ ၂၅ ကျပ် နှုန်းတူနေရင်တောင် ဝန်ဆောင်မှုကောင်းတဲ့ ဖုန်းကိုပဲသုံးမှာပါ” ဟု ကားဝယ်ရောင်းလုပ်သူ ကိုဇော်မင်းက ပြောသည်။
ဖုန်းကျွမ်းကျင်သူနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ကမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  Friends and Family Service  ဝန်ဆောင်မှုကို ဈေး ကွက် မြှင့် တင်ရန် အ တွက် ခြေလှမ်းသစ် စတင်လှမ်းနေခြင်း ဖြစ်နိုင်ကြောင်းသုံးသပ်ကြသည်။
popularmyanmar

No comments:

Post a Comment