Tuesday, August 12, 2014

အိန္ဒိယသူဌေးတစ်ဦးက New York Plaza အပါအဝင် အထင်ကရ ဟိုတယ်များကို ထောင်တွင်းမှ ရောင်းချရန် ကြိုးပမ်း

Photo: အိန္ဒိယသူဌေးတစ်ဦးက New York Plaza အပါအဝင် အထင်ကရ ဟိုတယ်များကို ထောင်တွင်းမှ ရောင်းချရန် ကြိုးပမ်း
Tuesday, August 12, 2014

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးထောင်အတွင်း ငါးလကြာနေထိုင်ပြီး နောက် New York Plaza နှင့် London မြို့မှ Grosvenor House ဟိုတယ်များ၏ ပိုင်ရှင်က သူ၏ အထင်ကရ ဟိုတယ်များကို ထောင်တွင်းမှ တစ်ဆင့် ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ သူဌေးကြီး ဆူဘရာတာရိုး က တီဟာထောင်တွင်းမှ လွတ်မြောက်ရေးအတွက် မဖြစ်မ နေပြုလုပ်ရမည့် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ကြေးရှိ အာမခံအတွက် သူ၏ထင်ရှားသောဟိုတယ် နှစ်လုံးအပြင် နယူးယောက်မြို့မှ အခြားဇိမ်ခံဟိုတယ် တစ်ခုကိုလည်း ရောင်းချရတော့မည်ဖြစ်သည်။
သို့သော်အကျဉ်းသားဖြစ်နေသော ရိုးအတွက်ထောင်အာဏာ ပိုင်များက ထောင်၏ ပင်မရုံးချုပ်မှ တစ်မိနစ်စာ လမ်းလျှောက်သွားရသောနေရာတွင် ၅၆ စကွဲမီတာ အကျယ်ရှိသော ရုံးခန်းတစ်ခုကို ဖန် တီးပေးခဲ့သည်။
ထိုရုံးခန်းတွင် ဗီဒီယို ဆွေးနွေးမှုများ ပြုလုပ်နိုင်ပြီး ရိုးအနေဖြင့် ထိုရုံးခန်းအတွင်း ဧည့် သည်များကို လက်ခံတွေ့ဆုံကာ အာမခံအတွက် ဟိုတယ်များရောင်းချခြင်း ကို ဆွေးနွေးနိုင်သည်ဟု သိရသည်။
ထိုရုံးခန်း၏ ဘေးတွင်အခန်း ငယ်တစ်ခုရှိပြီး ထိုအခန်းငယ်လေး တွင် ရိုးနှင့်အတူထောင်ကျနေသည့် ရိုး၏ မိတ်ဆွေနှစ်ဦး အိပ်စက်နိုင်ရန် ခုတင်သုံးလုံးရှိသည်ဟု သတင်း တွင်ဖော်ပြထားသည်။
နယူးဒေလီ မြို့တွင်ရှိသော တီဟာထောင်သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးထောင် ဖြစ်ပြီး အကျဉ်းသား ၁၂,ဝဝဝ နီး ပါးရှိသည်။
Ref : Straits Times 
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးထောင်အတွင်း ငါးလကြာနေထိုင်ပြီး နောက် New York Plaza နှင့် London မြို့မှ Grosvenor House ဟိုတယ်များ၏ ပိုင်ရှင်က သူ၏ အထင်ကရ ဟိုတယ်များကို ထောင်တွင်းမှ တစ်ဆင့် ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ၏ သူဌေးကြီး ဆူဘရာတာရိုး က တီဟာထောင်တွင်းမှ လွတ်မြောက်ရေးအတွက် မဖြစ်မ နေပြုလုပ်ရမည့် ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ကြေးရှိ အာမခံအတွက် သူ၏ထင်ရှားသောဟိုတယ် နှစ်လုံးအပြင် နယူးယောက်မြို့မှ အခြားဇိမ်ခံဟိုတယ် တစ်ခုကိုလည်း ရောင်းချရတော့ မည်ဖြစ်သည်။
သို့သော်အကျဉ်းသားဖြစ်နေသော ရိုးအတွက်ထောင်အာဏာ ပိုင်များက ထောင်၏ ပင်မရုံးချုပ်မှ တစ်မိနစ်စာ လမ်းလျှောက်သွားရသောနေရာ တွင် ၅၆ စကွဲမီတာ အကျယ်ရှိသော ရုံးခန်းတစ်ခုကို ဖန် တီးပေးခဲ့သည်။ထိုရုံးခန်းတွင် ဗီဒီယို ဆွေးနွေးမှုများ ပြုလုပ်နိုင်ပြီး ရိုးအနေဖြင့် ထိုရုံးခန်းအတွင်း ဧည့် သည်များကို လက်ခံတွေ့ဆုံကာ အာမခံအတွက် ဟိုတယ်များရောင်းချခြင်း ကို ဆွေးနွေးနိုင်သည်ဟု သိရသည်။
ထိုရုံးခန်း၏ ဘေးတွင်အခန်း ငယ်တစ်ခုရှိပြီး ထိုအခန်းငယ်လေး တွင် ရိုးနှင့်အတူထောင်ကျနေသည့် ရိုး၏ မိတ်ဆွေနှစ်ဦး အိပ်စက်နိုင်ရန် ခုတင်သုံးလုံးရှိသည်ဟု သတင်း တွင်ဖော်ပြထားသည်။နယူးဒေလီ မြို့တွင်ရှိသော တီဟာထောင်သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးထောင် ဖြစ်ပြီး အကျဉ်းသား ၁၂,ဝဝဝ နီး ပါးရှိသည်။
Ref : Straits Times

No comments:

Post a Comment