Friday, September 12, 2014

စာချုပ်ပါအတိုင်း မဆောင်ရွက်သည့် ကုမ္ပဏီများကို ပြတ်သားစွာ တရားစွဲ အရေးယူရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ဝန်ကြီးဌာနများ အနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင်  စာချုပ်ပါအတိုင်း ဆောင်ရွက်ခြင်း မရှိသည့် ကုမ္ပဏီများကို ပြတ်ပြတ် သားသား တရားစွဲ အရေးယူရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြား လိုက်သည်။
                 ပညာရေး ၀န်ကြီးဌာနမှ ကျောင်းစာသင်ခန်းများ ဆောက်လုပ်ရာတွင် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ သော်လည်း ချုပ်ဆိုထားသည့် စာချုပ် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြဘဲ ပြီးစလွယ် ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ လွှတ်တော် ဥက္ကဋ္ဌက အထက်ပါတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

                 အခုဟာက ဘယ်လို ဖြစ်နေလဲဆိုတော့ ဆိုကြမယ် ပျော်ကြမယ် ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေက ဆိုတယ်။ ဆိုတယ် ဆိုတာ က လွှတ်တော်ထဲမှာ တောင်းဆိုလို့ ရပြီ။ ကျောင်းတွေ၊ ဆေးရုံတွေ ရပြီ။ အဲဒီမှာ ခါတော်မီ ကုမ္ပဏီတွေက ပျော်တာပဲ။ အဲဒါကို ပြောတာ ဆိုကြမယ် ပျော်ကြမယ် ဆိုတာ။ အခု အဲလို ဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ ခုလို ပြောင်းလဲလာတဲ့ ကာလမှာ အရှိန်အဟုန်နဲ့ ဆောက်နေမယ့် အချိန်မှာ ကြီးကြပ်မှု ပိုင်းမှာ တစ်ဆင့်မြင့်ဖို့ နည်း စနစ်ပြောင်းဖို့ လိုပါတယ်။ ပြတ်ပြတ်သားသားလည်း အရေးယူဖို့ လိုပါတယ်။ တရားဆွဲမယ်။ ဘလက်လစ် သွင်းမယ်။ ဘာမှ လုပ်လို့ မရအောင် စေတနာယုတ်တဲ့ ကိစ္စမျိုးက သည်းခံလို့ မဖြစ်ဘူး ဟု ၎င်းက ဆက်ပြောသည်။
                အဆိုပါ ဖြစ်ရပ်များသည် တစ်နေရာတည်းတင် ဖြစ်ပွားနေသည် မဟုတ်ဘဲ နေရာ အများအပြားတွင် ဖြစ်ပေါ် နေကြောင်း၊ မြို့ နယ်တိုင်းတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာနများ ရှိကြရာ ဆောက်လုပ်ရန် အတွက် လုပ်ငန်းအပ်နှံ နိုင်ကြောင်း၊ ဆောက်လုပ်ရေးဝန် ကြီးဌာနသည် ဆောက်လုပ်ရန် ဖွဲ့စည်း ထားသည့် ၀န်ကြီးဌာနဖြစ် သောကြောင့် အဆိုပါ ဌာန အနေဖြင့် စစ်ဆေးရုံ မဟုတ်ဘဲ လမ်းတံတား အဆောက်အအုံများ ကိုလည်း တည်ဆောက် နိုင်ကြောင်း ၊ ဆောက်လုပ်ရေးဝန် ကြီးဌာနမှ ဆောက်လုပ်ပေးနိုင်ခြင်း မရှိမှ သာလျှင် ပြင်ပ ကုမ္ပဏီများနှင့် လုပ်ကိုင်ခြင်းသာ ကောင်းမွန် သည့် အခြေအနေ တစ်ရပ်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

The Messenger

No comments:

Post a Comment