Friday, September 12, 2014

ကျောင်းသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမေရိကန်လူငယ် ထောင်ဖောက်ထွက်ပြေး

US Jailbreak
အမေရိကန်နိုင်ငံ ကလိဗ်လန်းအထက်တန်းကျောင်းထဲမှာ ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ ဆယ်ကျော်သက် လူငယ်ဟာ တခြားထောင်သား တယောက်နဲ့အတူ အိုဟိုင်းယိုပြည်နယ် အနောက်မြောက်ပိုင်း ထောင်ကနေ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ရဲတွေက ပြောပြီး သူတို့ ၂ ယောက်ကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။အော်လန်အုတ်ခ်ဝုဒ် အကျင့်စာရိတ္တပြုပြင်ရေး ကျောင်း ဝန်ထမ်းတွေက ခြံ စည်းရိုးပြဲနေတာ တွေ့ခဲ့တယ်လို့ ပြည်နယ်ရဲ ဂျင်းန်စမစ်က သတင်းထောက်တွေကို ပြော ပါတယ်။
အသက် ၁၉ နှစ်အရွယ် တီဂျေ လိန်းဟာ အသက် ၄၅ နှစ်အရွယ် ကလစ်ဖော့ဒ် အော့ပါရဒ်နဲ့အတူ ထောင်ဝတ်စုံ ဝတ်ထားလျက်နဲ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၀ မိနစ်လောက်မှာ လွတ်သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။
လိန်းဟာ ကျောင်းစားသောက်ဆောင်ထဲက ကျောင်းသားတွေကို ပွိုင့်တူးတူး ကာလီဘာ ပစ္စတိုသေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ခဲ့အပြီး ဖမ်းဆီးခံခဲ့ရတာပါ။
လူသတ်မှုအတွက် တသက်တကျွန်း ပြစ်ဒဏ် ၃ ခါပြန်နဲ့ ကျောင်းသားတွေကို ဒဏ်ရာရစေမှုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၇ နှစ် ကျခံဖို့ စီရင်ခံခဲ့ရပါတယ်။
သူရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်ကျောင်းသား ၃ ယောက် သေဆုံးခဲ့ပြီး တခြား ၃ ယောက် အကြောသေပြီး မလှုပ်ရှားနိုင် ဖြစ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment