Tuesday, September 9, 2014

မိုင်တိုင် ၂၀ မှာ ဘာတွေ ဖြစ်နေတာလဲ

မိုင်တိုင်အမှတ် ၂၀ တည့်တည့်မှာရှိတဲ့ ထန်းပင်ကြီးကို ယာဉ်တွေ ဝင်တိုက်လို့ အသက် သေဆုံးသူတွေ များနေပါပြီ။ ဒါဟာ ပရလောကက နာနာဘာဝတွေ အနှောက်အယှက် ပေးတာလို့ ဒေသခံ တချို့က ယုံကြည်နေကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာနဲ့ သဘော့ငူ ကျေးရွာအကြား ပုသိမ်-ရန်ကုန် ကားလမ်းမကြီး မိုင်တိုင် ၂၀ မှာ သုံးနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

လူ ၁၈ ဦးတဲ့အတွက် စက်တင်ဘာလ ၅ ရက်နေ့က သက်ကြီးဝါကြီး သံဃာတော်တွေနဲ့ အန္တရာယ်ကင်း ပရိတ်ရွတ် မေတ္တာပို့ကြတယ်လို့ ကန်ကြီးထောင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ပြော ပါတယ်။

ယာဉ်တိုက်မှု လွတ်လာတဲ့ သူတွေက ပရလောက နာနာဘာဝတွေ နှောင့် ယှက်လို့ ဖြစ်တာလို့ ပြောဆိုတဲ့အတွက် ကောလာဟလ သတင်းမျိုးစုံ ပျံ့နေတဲ့အတွက် ဒေသခံတွေ သံသယစိတ်တွေ ပျောက်အောင်၊ အန္တရာယ်ကင်းအောင် အခုလို လုပ်ရတာလို့ သူက ဆိုပါတယ်။ လမ်းအန္တရာယ် သတိပေး ဆိုင်းဘုတ်တွေကိုလည်း စိုက်ထူထားပြီးဖြစ်တယ်လို့ ဦးမြင့်စိန်က ပြောပါတယ်။

ယာဉ်တိုက်မှု အများဆုံး ဖြစ်ခဲ့တယ်ဆိုတဲ့ နေရာမရောက်ခင် လမ်းတလျှောက်လုံး ဖြောင့်တန်းနေပြီးတော့ ထန်းပင်ရှိတဲ့ နေရာကို မရောက်မီ လမ်းအကွေ့ရှိပါတယ်။ လမ်းမကွေ့ခင် ထန်းပင်ရှိတယ် ဆိုတာကို မြင်ဖို့ခက်တဲ့အတွက် အရှိန်နဲ့ မောင်းလာရင် ယာဉ်တိုက်မှု ဖြစ်နိုင်တယ်လို့ ပုသိမ်မြို့က လမ်းအင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

အရှိန်နဲ့ မောင်းလာင်ရင် ထန်းပင်ကို ရုတ်တရက် တွေ့ရတဲ့အတွက် မတော်တဆ ယာဉ်တိုက်မှု ဖြစ်နိုင်တယ်။ လမ်းကလည်း ကျည်းမြောင်းတဲ့အတွက် အန္တရာယ်ဖြစ်တာလို့ သူက သုံးသပ်ပါတယ်။ ပုသိမ်-ရန်ကုန် ကားလမ်းမဟာ မိုင် ၁၁၃ မိုင် ရှည်လျားပါတယ်။

The Voice Weekly

No comments:

Post a Comment