ပြီးခဲ့တဲ့မတ်လက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဘူတာရုံ ဓားခုတ်သတ်ဖြတ်မှုနဲ့ ပတ်သက်သူ အမျိုးသား ၃ ဦးကို သေဒဏ်၊ အမျိုးသမီး တဦးကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့က တသက်တကျွန်းဒဏ် ချခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ လူ ၃၁ ဦးသေဆုံးခဲ့ပြီး ၁၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ လူ ၈ ယောက် စီစဉ်ခဲ့ကြတာဖြစ်ပြီး တိုက်ရိုက်ပါဝင်သူ ၄ ဦး ကတော့ ရဲတွေက နေရာမှာတင် ပစ်သတ်လို့ သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုကို တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်း မွတ်စလင်အကြမ်းဖက်တွေလို့ တရုတ်အစိုးရက အပြစ်တင်ထားပြီး အမြန်ဆုံး တရားစီစဉ် ခဲ့တာပါ။ ရှင်ကျန်းပြည်နယ်ကို အခြေခံတဲ့အကြမ်းဖက်တွေ မကြာခဏဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက လုံခြုံရေးအဆင့်တွေ တိုးမြှင့် ခဲ့ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment