Friday, September 12, 2014

ပင်စင်ယူထားသော်လည်း ကျန်းမာရေးကောင်းသော အထက်တန်းပြ ဆရာ/မကြီးများအား စာချုပ်ဖြင့် ပြန်ခန့်မည်

 မြန်မာတစ်နိုင်ငံလုံးရှိ ပင်စင်ယူပြီးသော်လည်း ကျန်းမာရေးကောင်းမွန်နေသည့် အထက်တန်းပြဆရာ၊ ဆရာမကြီးများအား တစ်နှစ် (သို့မဟုတ်) ၂ နှစ် စာချုပ်ချုပ်ဆို၍ အထက်တန်းပြ ဆရာ ရာထူး ပြန်လည်ခန့်အပ်ထားရန် စီစဉ်လျက်ရှိကြောင်း  သတင်းရရှိသည်။
အောက်တိုဘာ ၁ ရက်တွင် တိုင်းနဲ့ပြည်နယ် အသီးသီးရှိ မြို့ နယ်များတွင် လစ်လပ်နေသည့် အထက်တန်းပြ ဆရာ၊ ဆရာမ နေရာအားလုံးကို အစားထိုးပြန် လည်ခန့်အပ်ထားရန် စီစဉ်နေ သောကြောင့် အဆိုပါ ပင်စင်ယူ ပြီးသည့် အထက်တန်းပြဆရာ၊ ဆရာမကြီးများကို  ပြန် လည် ခေါ် ယူရန် စီစဉ်နေခြင်းဖြစ် သည်။

‘‘အောက်တိုဘာ ၁ ရက်အမီ အထက်တန်းပြဆရာ၊ ဆရာမ နေ ရာအားလုံးကို ခန့်အပ်သွားနိုင်ဖို့ စီစဉ်သွားမယ်။ လက်တွေ့မှာက အခု လစ်လပ်နေတဲ့ အထက်တန်း ပြ နေရာတွေအားလုံးကို ခန့်ဖို့လူ မရှိဘူး။ အဲဒီ ဆရာကြီးတွေကိုပါ ခန့်ရင်တောင်မှ မပြည့်သေးဘူး။ ဆွဲခန့်ကနေ အတည်ပြုခန့်ထား တဲ့ MA, MSc, PhD ရ ဆရာတွေ တောင် တက်သင်ရမယ့် အနေအ ထားရှိတယ်။ ဆရာကြီးတွေကို ဘယ်နှနှစ် ခန့်မလဲ ဆိုတာ ကို အ ခြေခံပညာဦးစီးဌာန သုံးခုလုံး ပြန်ညှိရဦးမယ်’’ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ အဆင့် မြင့်အရာရှိတစ်ဦး က ပြော သည်။

အဆိုပါ ပင်စင်ယူပြီးသား အထက်တန်းပြဆရာ၊ ဆရာမကြီးများကို အနိမ့်ဆုံးအထက်တန်း ပြ လစာနှင့် ညီမျှသော ငွေကျပ် တစ်သိန်းနှစ်သောင်း အထိ ပေး အပ်သွားမည်ဖြစ်သည်။

‘‘အပြင်ရောက်ပြီးတဲ့လူတွေ ကတော့ လုပ်ချင်ပါ့မလား။ တချို့လည်း အပြင်လုပ်ငန်းမရှိဘဲ ကျန်းမာရေးကောင်းပြီးတော့ အိမ်နဲ့ ကျောင်းနီးတဲ့ လူတွေ ကတော့ လုပ်ချင်လုပ်ကြမှာပါ။ ကျောင်းကအရမ်းဖိစီးမှု များတယ်ဆိုတော့ လုပ်ချင်ပါ့မလား မသိဘူး’’ဟု ၂၀၀၈ ခုနှစ်တွင် အငြိမ်းစား ပင်စင်ယူခဲ့သည့် လုပ်သက်(၄၁) နှစ်ရှိ သည့် ဒဂုံ(မြောက်ပိုင်း)မြို့နယ်မှ အထက်တန်းပြဆရာမ ဒေါ်ခင် အုန်းရီက ပြောသည်။

နှစ်စဉ် ပညာသင်နှစ်တစ်နှစ် လျှင် အသက်(၆၀)ပြည့်၍ ပင်စင် ယူသည့် အထက်တန်းပြဆရာ များမှာ ခြောက်ထောင်ဝန်းကျင် ခန့်ရှိကြောင်း အမှတ်(၁) အခြေခံ ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမဦးရေသုံးသိန်းကျော် တာဝန်ထမ်းဆောင်၍ ပညာသင်ကြားပေး လျက်ရှိ သည်။

7Day DAILY

No comments:

Post a Comment