Friday, September 12, 2014

အခြေခံအစီအမံများမရှိခြင်းကြောင့် မြန်မာ့ရေလုပ်ငန်း တိုးတက်ခြင်းမရှိဟု ဦးဝင်းကြိုင်ထောက်ပြ

Photo: အခြေခံအစီအမံများမရှိခြင်းကြောင့် မြန်မာ့ရေလုပ်ငန်း တိုးတက်ခြင်းမရှိဟု ဦးဝင်းကြိုင်ထောက်ပြ
Friday, September 12, 2014

 ရေလုပ်ငန်းကဏ္ဍ တိုး တက်နေသော အိမ်နီးချင်းနိုင်ငံ များတွင်ရှိနေသည့် အစီအမံများ မြန်မာနိုင်ငံတွင်တစ်ခုမှမရှိသဖြင့်   မြန်မာ့ရေလုပ်ငန်းတိုးတက်မှု မရှိ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။

အိမ်နီးချင်း နိုင်ငံများဖြစ် သော ထိုင်း၊ အိန္ဒိယနှင့်  အင်ဒိုနီးရှား နိုင်ငံများတွင် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ချမှတ်ထားသည့်အခြေခံအစီအမံ ကိုးချက်ရှိပြီး မြန်မာနိုင်ငံတွင်ယင်းသို့တစ်ခုမှမရှိကြောင်း အဆိုပါနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သော မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဦးဝင်းကြိုင်ကပြောသည်။

အဆိုပါနိုင်ငံများသည် နိုင်ငံ ၏ ရေမြေသဘာဝကိုအကောင်း ဆုံးအသုံးချတတ်ပြီး မွေးမြူရေး ကိုစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက် ဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလိုအပ်ချက်များပြည့်စုံစွာရှိ ၍ လမ်းနှင့်လျှပ်စစ်မီးများလည်း အပြည့်အ၀ ရှိနေသည်။ မျိုးကောင်းမျိုးသန့် ငါးသားပေါက် မျိုးစိတ်အစုံရှိနေပြီး မွေးမြူရေး ဆိုင်ရာ အစာလိုအပ်ချက်လည်း ပြည့်စုံနေသည်။

ထို့အပြင် မွေးမြူရေးနည်းစနစ်နှင့် ရောဂါကာကွယ်၊ ကုသရေးဆေးဝါးများအလုံအလောက်ရှိနေကာ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသောငါးမျိုးစိတ်များကိုသာ မွေးမြူကြသည်။ နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာန၊ ငါးပညာရှင်၊ တက္ကသိုလ် ကောလိပ်နှင့် ကုမ္ပဏီများ ပူးပေါင်းကာ သုတေသနပြုလုပ်ပြီးရေသတ္တ၀ါမျိုးစုံကို မွေးထုတ်နေကြကြောင်း ဦးဝင်းကြိုင်က ပြောကြားသည်။

‘‘ငါတို့ တိုင်းပြည်မှာအဲဒီကိုး ချက်လုံးတစ်ခုမှ မရှိလို့ ငါတို့ တိုင်းပြည်မှာ ရေလုပ်ငန်းမအောင် မြင်ရတာပဲ။ သုတေသနဆိုတာ လုံးဝကိုမရှိတာ’’ ဟု ငါးသား ဖောက်ပညာရှင် ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

အထက်ပါ လိုအပ်ချက်များ မရှိ၍ မြန်မာနိုင်ငံ၏ ရေလုပ်ငန်းနယ်ပယ်သည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုမရှိသည့်အပြင် တဖြည်းဖြည်း ဆုတ်ယုတ်လာကြောင်း ငါးမွေး မြူရေးလုပ်ငန်းရှင်တစ်ဦးကပြော သည်။

‘‘နော်ဝေးနိုင်ငံလည်း သွား လေ့လာဖူးတယ်။ သူ့နိုင်ငံမှာ မွေး လို့ရတဲ့ရေသတ္တ၀ါအကုန်မွေးလို့ ရတယ်။ သန့်ရှင်းမှုနဲ့ အရင်းအ မြစ်လည်း တော်တော်ကွာတယ်။  နော်ဝေး နိုင်ငံနဲ့တော့ နှိုင်းစရာ တောင် ဘာမှမလိုဘူး။ သူ့ကို ဘယ်တော့မှ မီမှာမဟုတ်လို့ထည့် ပြောနေစရာတောင်မလိုဘူး’’ဟု ဦးဝင်းကြိုင်ကပြောသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ  မှ ငါးမွေးမြူရေးပညာရှင်များနှင့်    အမေရိကန်နိုင်ငံမှ ရေလုပ်ငန်း နယ်ပယ်၌ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်လေ့လာရာ မြန်မာရေ မြေသဘာဝနှင့်ကိုက်ညီသော ရေ သတ္တ၀ါများ မွေးမြူချင်ကြသော် လည်း စွန့်စားမှုများသဖြင့် လာ ရောက်ရန် ငြင်းဆန်ခံရကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

7Day DAILY 

မြန်မာ့ရေထွက်ကုန် ငါးအမျိုးမျိုးကို ဈေးကွက်အတွင်း တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာ့ရေထွက်ကုန် ငါးအမျိုးမျိုးကို ဈေးကွက်အတွင်း တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရေလုပ်ငန်းကဏ္ဍ တိုး တက်နေသော အိမ်နီးချင်းနိုင်ငံ များတွင်ရှိနေသည့် အစီအမံများ မြန်မာနိုင်ငံတွင်တစ်ခုမှမရှိ သဖြင့်  မြန်မာ့ရေလုပ်ငန်း တိုးတက်မှု မရှိ ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။

အိမ်နီးချင်း နိုင်ငံများဖြစ် သော ထိုင်း၊ အိန္ဒိယနှင့်  အင်ဒိုနီးရှား နိုင်ငံများတွင် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ချမှတ်ထားသည့် အခြေခံ အစီအမံ ကိုးချက်ရှိပြီး မြန်မာနိုင်ငံတွင်ယင်းသို့တစ်ခုမှမရှိကြောင်း အဆိုပါနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သော မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် မှ ဦးဝင်းကြိုင်ကပြောသည်။

အဆိုပါနိုင်ငံများသည် နိုင်ငံ ၏ ရေမြေသဘာဝကိုအကောင်း ဆုံးအသုံးချတတ်ပြီး မွေးမြူရေး ကိုစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက် ဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလိုအပ်ချက်များပြည့်စုံစွာရှိ ၍ လမ်းနှင့်လျှပ်စစ်မီးများလည်း အပြည့်အ၀ ရှိနေသည်။ မျိုးကောင်းမျိုးသန့် ငါးသားပေါက် မျိုးစိတ်အစုံရှိနေပြီး မွေးမြူရေး ဆိုင်ရာ အစာလိုအပ်ချက်လည်း ပြည့်စုံနေသည်။

ထို့အပြင် မွေးမြူရေးနည်းစနစ်နှင့် ရောဂါကာကွယ်၊ ကုသရေးဆေးဝါးများအလုံအလောက်ရှိနေကာ ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသော ငါးမျိုးစိတ်များကိုသာ မွေးမြူကြသည်။ နိုင်ငံတော်အစိုးရ၊ ၀န်ကြီးဌာန၊ ငါးပညာရှင်၊ တက္ကသိုလ် ကောလိပ်နှင့် ကုမ္ပဏီများ ပူးပေါင်းကာ သုတေသနပြုလုပ်ပြီးရေသတ္တ၀ါမျိုးစုံကို မွေးထုတ်နေကြကြောင်း ဦးဝင်းကြိုင်က ပြောကြားသည်။

‘‘ငါတို့ တိုင်းပြည်မှာအဲဒီကိုး ချက်လုံးတစ်ခုမှ မရှိလို့ ငါတို့ တိုင်းပြည်မှာ ရေလုပ်ငန်းမအောင် မြင်ရတာပဲ။ သုတေသနဆိုတာ လုံးဝကိုမရှိတာ’’ ဟု ငါးသား ဖောက်ပညာရှင် ဒေါက်တာတိုးန​န္ဒာတင်က ပြောသည်။

အထက်ပါ လိုအပ်ချက်များ မရှိ၍ မြန်မာနိုင်ငံ၏ ရေလုပ်ငန်းနယ်ပယ်သည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုမရှိသည့်အပြင် တဖြည်းဖြည်း ဆုတ်ယုတ်လာကြောင်း ငါးမွေး မြူရေးလုပ်ငန်းရှင်တစ်ဦးကပြော သည်။

‘‘နော်ဝေးနိုင်ငံလည်း သွား လေ့လာဖူးတယ်။ သူ့နိုင်ငံမှာ မွေး လို့ရတဲ့ရေသတ္တ၀ါအကုန်မွေးလို့ ရတယ်။ သန့်ရှင်းမှုနဲ့ အရင်းအ မြစ် လည်း တော်တော် ကွာတယ်။  နော်ဝေး နိုင်ငံနဲ့တော့ နှိုင်းစရာ တောင် ဘာမှမလိုဘူး။ သူ့ကို ဘယ်တော့မှ မီမှာမဟုတ်လို့ထည့် ပြောနေစ ရာတောင်မလိုဘူး’’ဟု ဦးဝင်းကြိုင်ကပြောသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ  မှ ငါးမွေးမြူရေးပညာရှင်များနှင့်    အမေရိကန်နိုင်ငံမှ ရေလုပ်ငန်း နယ်ပယ်၌ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်လေ့ လာ ရာ မြန်မာရေ မြေသဘာဝနှင့်ကိုက်ညီသော ရေ သတ္တ၀ါများ မွေးမြူချင်ကြသော် လည်း စွန့်စားမှုများသဖြင့် လာ ရောက်ရန် ငြင်းဆန်ခံ ရကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦး ကပြောသည်။

7Day DAILY

No comments:

Post a Comment