Friday, September 12, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စက်တင်ဘာ ၂၂ရက်တွင် စတင်မည်

Photo: တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စက်တင်ဘာ ၂၂ရက်တွင် စတင်မည်
Friday, September 12, 2014

UPWC နှင့် NCCT တို့ သြဂုတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC)က ဆွေးနွေးပွဲကိုစက် တင်ဘာ  ၂၂ရက်မှစတင်၍ သုံး ရက်ကြာ ပြုလုပ်ရန်အဆိုပြုထား ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)က ချင်းမိုင်မြို့တွင်၎င်းတို့သီးသန့် ပြုလုပ်သောအစည်းအဝေးအပြီး စက်တင်ဘာ   ၁၁ရက်က   အ ကြောင်းကြားစာကို UPWCထံ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

‘‘စက်တင်ဘာ ၂၂ရက်က နေငါးရက်ကြာလုပ်လိုတဲ့    အကြောင်းကြားစာကို ဒီနေ့ ရတယ်။ ၀န်ကြီးဦးအောင်မင်းကလည်းစာ ကအခုမှ ရတာဆိုတော့ မဆုံး ဖြတ်ရသေးဘူး။ ဘယ်နှရက်လုပ် မယ်ဆိုတာတော့ ပြန်ညှိရမှာပေါ့’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာန (MPC)    အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

UPWCနှင့် NCCTဆွေးနွေး ပွဲပြီးပါက နိုင်ငံရေးပါတီများနှင့် ဆက်လက်၍ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသ တင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ တစ်ခုတည်း သောသဘော တူညီချက်(တတိ ယမူကြမ်း)တွင် ဆက်လက်ညှိနှိုင်း ရန်အဓိကအချက်လေးချက် ကျန် ရှိနေသေးသည်။

7Day News Journal
UPWC နှင့် NCCT တို့ သြဂုတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC)က ဆွေးနွေးပွဲကိုစက်တင်ဘာ
၂၂ရက်မှစတင်၍ သုံး ရက်ကြာ ပြုလုပ်ရန်အဆိုပြုထား ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)က ချင်းမိုင်မြို့တွင်၎င်းတို့သီးသန့် ပြုလုပ်သောအစည်းအဝေးအပြီး စက်တင်ဘာ ၁၁ရက်က အ ကြောင်းကြားစာကို UPWCထံ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

‘‘စက်တင်ဘာ ၂၂ရက်က နေငါးရက်ကြာလုပ်လိုတဲ့ အကြောင်းကြားစာကို ဒီနေ့ ရတယ်။ ၀န်ကြီးဦးအောင်မင်းကလည်းစာ ကအခုမှ ရတာဆိုတော့ မဆုံး ဖြတ်ရသေးဘူး။ ဘယ်နှရက်လုပ် မယ်ဆိုတာတော့ ပြန်ညှိရမှာပေါ့’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

UPWCနှင့် NCCTဆွေးနွေး ပွဲပြီးပါက နိုင်ငံရေးပါတီများနှင့် ဆက်လက်၍ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသ တင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ တစ်ခုတည်း သောသဘော တူညီချက်(တတိ ယမူကြမ်း)တွင် ဆက်လက်ညှိနှိုင်း ရန်အဓိကအချက်လေးချက် ကျန် ရှိနေသေးသည်။

7Day News Journal

No comments:

Post a Comment