Friday, September 12, 2014

ရိုဟင်ဂျာကိစ္စ ဗိုလ်ချုပ် ဂွမ်မော် ဗြောင်လိမ်နေသည်

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နယ်မြေမှာ ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေ ထိုင်ခွင့်ပြုဖို့ တောင်းဆို တဲ့ Vedio ရုပ်သံဖိုင် တက်လာမှုနဲ့ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တရားဝင် လာရောက် တောင်းဆိုတာ မရှိဘူးဆိုပြီး တုန့်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ အခြေချနေထိုင်ခွင့်ပြုဖို့ တရားဝင် တောင်းဆို စေချင်တာလား မပြောတတ်ပါ။ ဒါပေမယ့် သူဘယ်လိုပဲ ဖုံးဖိပြောနေပေမယ့် ရုပ်သံဖိုင်က တရားဝင်ဖြစ်ကြောင်း သက်သေပြနေပါတယ်။

RSO က ဦးမောင်ထွန်းနုနဲ့ ရိုဟင်ဂျာ ၃ ဦးကို လက်ခံတွေ့ဆုံခဲ့သူက KIO အဖွဲ့တွင် နိုင်ငံခြား ဆက်ဆံရေးနှင့် မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ဖြစ်ပါတယ်။ အဲဒီလို KIO မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အရာရှိကြီးဆီမှာ တောင်းဆိုတာဟာ တရားမ၀င်ဘူးလားဗျာ။ ပါးစပ်က ပြောတာထက် ရုပ်သံဖိုင်ကိုကြည့်ရင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင် ကိုယ်တိုင် လိုလိုလားလား ရှိခဲ့တာကို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ အဲဒီရုပ်သံဖိုင်ထဲကအတိုင်း သူနဲ့ရိုဟင်ဂျာတို့ တွေ့ဆုံ ခဲ့တယ်ဆိုပြီး ၀န်ခံထားပါတယ်။

ဖြစ်စဉ်အမှန်ကို ဗိုလ်ချုပ် ဂွမ်မော် ဘယ်လိုပဲ ငြင်းပေးနေပေမယ့် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အဲဒီတွေ့ဆုံမှု ဟာ ကချင်အမျိုးသမီးတစ်ဦးရဲ့ အိမ်ထောင်ဖက် အမေရိကန်နိုင်ငံသားမိတ်ဆွေရဲ့ ညစာစားပွဲမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အချိန်ကာလကတော့၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကပါ။ မလေးရှားနဲ့ ရခိုင်ပြည်နယ်ဘက်က ရောက်ရှိ နေတဲ့ မွတ်စလင် ၇ ဦးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မျက်နှာစိမ်းတွေသာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင် က ဖြေရှင်းချက်ပေးပါတယ်။ ဒါပေမယ့် မိတ်ဆက်ပေးပြီးနောက် ရိုဟင်ဂျာခေါင်းဆောင်ဆိုသူက နယ်မြေခွင့်ပြု ဖို့ ထည့်သွင်းပြော ဆိုတာဖြစ်ကြောင်း၊ ဒီကိစ္စကို ဟာသအဖြစ်သာ သဘောထားကြောင်း ပြောကြားထား ပါတယ်။
သူကလည်း ဗိုလ်ချုပ် ဂွမ်မော်နှင့် အတိုင်အဖောက်ညီစွာ တရားဝင်ပြောတာမဟုတ်ဘူးလို့ ပြောလိုက်ပြန်ပါ တယ်။

ဒီအကြောင်းပြချက်တွေဟာ ရုပ်သံဖိုင်ပေါ်လာမှသာ ပေးတဲ့ဆင်ခြေတွေဖြစ်ပါတယ်။ အစကတည်းက ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်နဲ့ ရိုဟင်ဂျာတွေ တွေ့ဆုံပြီး ကချင်မြေမှာ တပ်စခန်းချဖို့ နယ်မြေတောင်းဆိုတာ ဗိုလ်ချုပ် ဂွမ်မော် မသိမဟုတ်၊ သိသိကြီးနဲ့ ဗြောင်လိမ်နေခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ KIO ထိန်းချုပ်နယ်မြေထဲမှာ ၂၀၁၃ ခုနှစ် ဇွန်လတုန်းက အိန္ဒိယ - ပါကစ္စတန် နယ်စပ်က မွတ်စလင်ညီအစ်ကိုများ အဖွဲ့ ၀င်လာခဲ့ဖူးပါတယ်။ လိုင်ဇာကို ရောက်လာတဲ့ အဲဒီအဖွဲ့ကို သက်ဆိုင်ရာက သိမှာကြောက်လို့ ဗိုလ်ချုပ် ဂွမ်မော်ကိုယ်တိုင် ကားနဲ့ခေါ်ပြီး လိုင်စင်ပို့စ်ဘက်ကို ခေါ်သွားခဲ့တာပါ။ သူတို့ဝင်လာတာကတော့ KIA နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ပဲ ဖြစ်ပါတယ်။

ယခုတစ်ကြိမ် ရုပ်သံဖိုင်အထောက်အထားရှိနေတာတောင် ဗြောင်လိမ်နေတဲ့ ဗိုလ်ချုပ် ဂွမ်မော် စကားကို လေးနဲ့ စားရမလို ဖြစ်နေပါပြီ။ အရှင်းဆုံးပြောရရင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ဟာ ဗိုလ်ချုပ် ဂွမ်မော်လက်အောက် ငယ်သားဖြစ်တဲ့အတွက် အဲဒီရုပ်သံဖိုင်ထဲက အပေးအယူကိစ္စ အချိန်မီ ဖြေရှင်းပေးဖို့ လိုပါတယ်။

လိမ်ရင်လည်း ကြည့်ပြီးလိမ်ပါလား ဗိုလ်ချုပ်ဂွမ်မော်။ အခုလို ရုပ်သံ ဗွီဒီယိုမှတ်တမ်း Online ပေါ်မှာ ပျံ့နေတာတောင် ဗြောင်လိမ်တာကတော့ မကြာမီကာလမှာ အစိုးရအဖွဲ့နဲ့ ဆွေးနွေးတော့မယ့် အပစ်ရပ်ရေးကိစ္စတွေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေအပေါ် အဖျက်သဘော သက်ရောက်သွားနိုင် သလို ပြည်သူမုန်းတဲ့ ပြည်သူ့ချဉ်ဖတ် KIA မဖြစ်စေဖို့ အချိန်မီ ဖြေရှင်းပေးသင့်တယ် လို့ပဲ ပြောလိုက်ချင်ပါတယ်။

credit:မာင်တိုးတက်

Credit to နေ့စဉ်သတင်း

No comments:

Post a Comment