Thursday, September 11, 2014

ဟားခါးတွင် ပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်

စက်တင်ဘာ ၉ ရက် ညနေက ဟားခါးမြို့အနီးဗဟိုပြု ၍ ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင်လှုပ်ရှားသွားခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းနေေ သာ ကြောင့် အဆိုပါဒေသတွင် မြေ ပြိုမှုအန္တရာယ်    သတိပြုရန်လို ကြောင်း ပညာရှင်များက သတိ ပေးထားသည်။
ဟားခါးမြို့၏ အနောက် တောင်ဘက် ၄၄ မိုင်ခန့်အကွာ ကို ဗဟိုပြု၍ လှုပ်ခြင်းဖြစ်ပြီး ဗဟို ချက်အနီးတွင် လူနေကျဲသော ကျေးရွာများသာရှိပြီး အဆောက် အအုံ  ကြီးကြီးမားမား မရှိသော ကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိခဲ့ကြောင်း မြို့နယ် မိုး/ဇလ ဌာနမှ လက်ထောက်ညွှန်မှူး ဦးတင်အောင်နွယ်က ပြောသည်။

နေပြည်တော် မိုး/ဇလဌာန ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ဟားခါးမြို့ အနီးတွင် လှုပ်သည့်ငလျင်မှာ အိန္ဒိယတိုက် ဘက်မှ ကျောက်လွှာ ကြီးအချို့ မြန်မာနိုင်ငံဘက် တိုး ၀င်လာခြင်းကြောင့်ဖြစ်ပြီး နှစ်စဉ် လှုပ်ရှားနေခြင်းကြောင့် ငလျင် ကြီးများ လှုပ်မည်ကို စိုးရိမ်ရန် မလိုကြောင်း ပြောသည်။ ချင်း ပြည်နယ်အပါအ၀င် ၎င်းနှင့် ထိ စပ်နေသည့် ရခိုင်ပြည်နယ်ဘက် တွင် အင်အားပြင်းပြင်း လှုပ်ရှား လေ့ရှိသည့် ကဘော်ပြတ်ရွေ့နှင့် မြောက်ဦးပြတ်ရွေ့ကြောများ ရှိ နေသည်။

ငလျင်ပညာရှင် ဦးစိုးသူရ ထွန်းက ချင်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး သက်နု တောင်ဖြစ်သောကြောင့် မြေပြိုမှု အန္တရာယ် သတိပြုရန် လိုကြောင်း သတိပေးသည်။ မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် ကလည်း ယခုရက်ပိုင်းတွင် အဆို ပါဒေသများ၌ နေရာကွက်၍ မိုး ရွာနေသောကြောင့် ဒေသခံများ အနေဖြင့် သတိပြုသင့်ကြောင်း ဆိုသည်။

ဟားခါးမြို့အနီးတွင် လှုပ် သည့် ငလျင်သည် ၂၀၁၄ ခုနှစ် အတွင်း ပြည်တွင်းကို ဗဟိုပြု၍ လှုပ်ခဲ့သည့် အင်အားရစ်ခ်ျတာ စကေး ၅ အထက်လှုပ်ခဲ့ သည့် ၅ ကြိမ်မြောက် ငလျင်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment