Thursday, September 11, 2014

ခါကာဘိုရာဇီတောင်ထိပ် တက်ခဲ့သူနှစ်ဦး တောင်ခြေစခန်း ပြန်မရောက်သေး

ရန်ကုန်- ခါကာဘိုရာဇီ တောင် ထိပ်သို့ တက်ရောက်နိုင်ခဲ့သော အဖွဲ့ဝင်နှစ်ဦးသည် သတ်မှတ် ရက် အတွင်း တောင်ခြေစခန်းသို့ မရောက်လာသေး၍ ၎င်းတို့နှင့် အဆက်အသွယ်ရရှိစေရန် တာ ၀န်ရှိသူများနှင့် ပူးပေါင်းစီစဉ် သွားမည်ဟု သတင်းရရှိသည်။
တောင်တက်အဖွဲ့ဝင်များ စက်တင်ဘာ ၉ ရက်တွင် တဟွန် ဒမ်းရွာသို့ ပြန်လည်ရောက်ရှိရန် သတ်မှတ် ထားသော်လည်း တောင်ထိပ်ရောက်အဖွဲ့နှစ်ဦးမှာ တောင်ခြေစခန်းသို့ ပြန်လည်ရောက်ရှိ မလာသေးကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အဆက်အသွယ် ပြတ် တောက်နေသည့်အတွက် စက် တင်ဘာ ၁၀ ရက် နံနက်တွင် အသင်းဥက္ကဋ္ဌဦးမျိုးသန့်နှင့် အမှု ဆောင်အဖွဲ့ဝင် အချို့သည် ထူး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက် အဖွဲ့ ချုပ်နာယက ဦးတေဇဦးဆောင် သော အဖွဲ့ဝင်များနှင့်အတူ ရှာဖွေရန် စီစဉ်နေသည်။ ထို့အတူ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ပူတာအိုအခြေစိုက် အခြေချဗျူဟာတို့ကလည်း ပံ့ပိုးကူညီ ဆောင်ရွက်ကြမည်ဟု သတင်းရရှိသည်။
‘‘သတ်မှတ်ချိန်အတွင်းမှာ ပြန်လည်ရောက်ရှိတယ်လို့ သတင်းပေးထားပေမယ့် တောင် ခြေက အဖွဲ့ဝင်တွေ ပြန်ရောက် လာပေမယ့် တောင်ထိပ်ရောက် အဖွဲ့နှင့် အဆက်အသွယ်ပြတ်နေ တယ်လို့ သတင်းပေးတယ်။ တခြားလမ်းကြောင်းကနေ ပတ် ပြီး သွားတာလားဆိုတာ မသိရ သေးဘူး’’ ဟု ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူကေ ပြာသည်။
စက်တင်ဘာ ၉ ရက်က တောင်ထိပ်ရောက် အဖွဲ့ဝင်နှစ် ဦးသည် တောင်ခြေစခန်းတွင်ရှိ သည့် ကျန်တောင်တက်အဖွဲ့ဝင် များနှင့်အတူ တဟွန်ဒမ်းရွာသို့ ပြန်လည်ဆင်းလာပြီဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း ယင်းရွာ တွင်ရှိသည့် သတင်းပေးပို့သူနှင့် ပြန်ကြားရေးအဖွဲ့ကြားနားလည် မှု လွဲခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။
ခါကာဘိုရာဇီရေခဲတောင် ၏ ပေ ၁၃,၀၀၀ ကျော်တွင် ရိက္ခာထောက် ပံ့ပေးနေသည့် တောင်တက် အဖွဲ့ဝင် ခြောက်ဦးမှာ တဟွန်ဒမ်းရွာသို့ ပြန်လည်ရောက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment