Monday, September 29, 2014

ဆွေမျိုးများကအရှင်လတ်လတ် မြေမြုပ်ခဲ့သော်လည်း လမ်းသွား လမ်းလာကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကလေးငယ်

အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်တွင် လမ်း
သွား လမ်းလာ တစ်ဦးက မြေကြီးများ လှုပ်ရွ
 နေသည်ကို တွေ့ ရှိ တူးဖော်ရာမှ အရှင်လတ်
လတ် မြေမြုပ်ခြင်း ခံထားရသည့် ခုနစ်နှစ်
အရွယ် မိန်းကလေး တစ်ဦးကို တွေ့ရှိပြီး
ကယ်တင် လိုက်ရသည်။


ကလေးမလေးကို မိသားစုဝင်များ ကိုယ်တိုင် လည်မျို ညှစ်ကာ မြေမြုပ် ခဲ့သည်ဟု ဆိုပြီး အသက်ရှင်သန်ရေး အတွက် အဆိုပါ မိန်းကလေးက မြေကြီးအောက် မှ နေ၍ မြေစာများကို ဖယ်ရှားလျက် ရှိစဉ် ယခုကဲ့သို့ ကယ်တင်မည့် သူနှင့် ဆိုက်ဆိုက် မြိုက်မြိုက် ဆုံခဲ့ကာ အသက်ချမ်းသာ ရခဲ့ခြင်း ဖြစ်သည်။

ကယ်တင် ခဲ့သူမှာ လယ်တောမှ အိမ်အပြန် အကူအညီတောင်း ငိုယိုသံ သဲ့သဲ့ ကြားရပြီး အသံလာရာ နောက်သို့ လိုက်လံ ရှာဖွေခဲ့ရာ လှုပ်လှုပ်ရွရွ ဖြစ်နေ သည့် မြေစာ များကို တွေ့ ရှိ တူးဖော်ရာမှ အရှင် လတ်လတ် မြေမြုပ်ခြင်း ခံထားရသည့် မိန်းကလေး တစ်ဦးကို သေလုနီးပါး အခြေအနေဖြင့် ထိတ်လန့် ခြောက်ခြား ဖွယ် တွေ့လိုက် ရခြင်း ဖြစ်သည်။

တာနုဟု အမည်ရသည့် ယင်းကလေးမလေးကို ကယ်တင်သူက အနီးက ရဲစခန်းသို့ ကိုယ်တိုင် ခေါ်ဆောင်သွား ခဲ့သည်။ ကလေးကို စစ်ဆေးရာ လည်ပင်းတွင် လက်ရာများကို တွေ့ ရှိ၍ လည်ပင်းညှစ် ခံထားရပြီး နောက်တွင် သတိလစ် မေ့မြော သွားချိန်၌ သေပြီ ထင်မှတ်ကာ မြေမြုပ် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ ရှိ သည်ဟု အန္ဒိယ တူဒေး သတင်းတွင် ဖော်ပြသည်။

အဆိုပါ မိန်းကလေးက အခြေအနေ ပြန်ကောင်း လာခဲ့ချိန်တွင် မိခင်ဖြစ်သူ ရန်နုသြဝစတီနှင့် အတူ ဆမ်ရီဂုရု ကျေးရွာတွင် နေထိုင်ကြောင်းကို ရဲဝန်ထမ်း များ အား ပြောပြ ခဲ့သည်။

ဆမ်ရီဂုရုရွာတွင် ရန်နုနှင့် ၎င်း၏ မိခင်ပါ နှစ်ဦး စလုံးကို သြဂုတ် ၂၀ ရက်က စပြီး မတွေ့ ရ တော့ခြင်း ဖြစ်ပြီး အိမ်ကိုလည်း သော့ပိတ် လျက်သား တွေ့ ရှိရကြောင်း ရဲက စုံစမ်း ခဲ့သည်။ သို့ သော် ရန်နုက မမှတ်မိ တော့သည့် အစောပိုင်း ရက်များက သူ၏ အဒေါ်ဖြစ်သူ လာခေါ် သွားရာ လိုက်နေခဲ့ ရခြင်း ဖြစ်ကြောင်း ၊ နောက်ပိုင်း တွင် အဒေါ် မိသားစု များက လယ်ကွင်း အတွင်း သူ့ကို မြေမြုပ်ကြခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

တာနု၏ အဖြစ် သနစ်ကို ဒေသတွင်း သတင်းစာများက ဖော်ပြပြီး မကြာမီ အဘွား ဖြစ်သူ ရာဂျန်ရန်နီ ရောက်လာ ခဲ့သည်။ ကလေးမ၏ အိမ်ထောင်ရေး အဆင် မပြေသော မိခင် ဖြစ်သူက တစ်ခုသော ညပိုင်း အချိန်တွင်  မည်သူ့ကိုမျှ အသိပေးခြင်း မရှိဘဲ အိမ်က တိတ်တဆိတ် ထွက်သွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ရဲများက တာနု၏ မိခင် ဖြစ်သူကို ဆက်လက် ရှာဖွေလျက် ရှိသည်။

Mizzima News Daily



သေရွာပြန် မိန်းကလေးမှာ လက်ရှိတွင် အဖွားဖြစ်သူနှင့် နေထိုင်လျှက် ရှိသည်။ ဓာတ်ပုံ - Mirror

No comments:

Post a Comment