Monday, September 29, 2014

အဓမ္မ ပြုကျင့်ခြင်းကိုခံခဲ့ရသည့်အမျိုးသမီးတစ်ဦးအခြားအမျိုးသား တစ်ဦးကို အကူအညီ တောင်းခဲ့သော်လည်း ထပ်ဆင့် အဓမ္မ ပြုကျင့်ခံရ

အမေရိကန် နိုင်ငံ နယူးယော့ခ်တွင် အမျိုးသား တစ်ဦး၏ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး တစ်ဦးမှာ အခြား အမျိုးသား တစ်ဦးကိုအကူအညီ တောင်း ခဲ့သော် လည်း အကူအညီမရဘဲ ထပ်ဆင့် အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည်။
သြဂုတ် ၃၁ရက် နံနက်ခင်း ၅ နာရီခန့် အချိန်က One Last Shag ဆိုသည့် ဘားဆိုင်မှ အိမ်သို့ ပြန်လာသည့် အသက် ၃၁နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မျက်နှာစိမ်း အမျိုးသား တစ်ယောက်က အတင်းပွေ့ ဖက် နမ်းရှုပ်ကာ မြေပေါ် တွန်းလှဲ၍ သေနတ်ဖြင့် ပစ်သတ် မည်ဟု ခြိမ်းခြောက်ကာ အဓမ္မ ပြုကျင့်သည်။ ယင်းအမျိုးသားမှာ ထိုသို့ အတင်း ဗလ္လက္ကာယ ပြုကျင့်ပြီး ပိုက်ဆံအိတ်ကို ယူပြီး ထွက်ပြေး သွားကြောင်း ဘရွတ်ကလင်း တရားရုံးတွင် အဆိုပါ အမျိုးသမီးက ထွက်ဆိုသည်။

နိုင်ထက်စီးနင်း ဗလ္လက္ကာယ ပြုကျင့်ခြင်း ခံခဲ့ရ၍ အမျိုးသမီးသည် အားအင် ကုန်ခမ်း နွမ်းလျစွာဖြင့် ဒယိမ်းဒယိုင် လျောက်လာ ခဲ့ရာ ပေ ၅၀၀ ခန့်  လျှောက်လှမ်း မိချိန်၌ လမ်းတွင် တွေ့ ရ သည့် ဖြတ် သွား ဖြတ်လာ အခြားအမျိုးသား တစ်ဦးကို အကူအညီ တောင်းရာတွင် ထပ်ဆင့် သားမယား ပြုကျင့် ခံရခြင်း ဖြစ်ကြောင်း နယူးယောက်ပို့စ် သတင်းက ဖော်ပြ ထားသည်။

ဘားမှ အိမ်သို့ ပြန်လာစဉ် ပထမဆုံး သားမယား ပြုကျင့်သူသည် အသက် ၁၇ နှစ်သာ ရှိသေးသည့် နီကိုလပ် အီဆက်စ် ဆိုသူ ဖြစ်ပြီး ပြုကျင့် ခံရပြီး နောက်ပိုင်း အိမ်အရောက် ကြိုးစားပြန်စဉ် အသက် ၂၀အရွယ် ဒါကန် ဂျက်ဆင်ဆိုသူကို တွေ့ ရှိ အကူအညီတောင်း မိရာမှ “ကျားကြောက်လို့  ရှင်ကြီးကိုး ရှင်ကြီး ကျားထက် ဆိုး” အဖြစ်နှင့် ကြုံခဲ့ရကာ တစ်နာရီ အတွင်း နှစ်ကြိမ် တိုင်တိုင် အဓမ္မ ပြုကျင့်ခံလိုက် ရခြင်း ဖြစ်ကြောင်း တရားရုံးတွင် ရှေ့နေ ရှေ့ရပ် များဖြင့် အမှုစွဲဆို စစ်ဆေး ကြားနာ နေပြီ ဖြစ်သည်။

အခင်း ဖြစ်ရပ်တွင် ရာဇဝတ်သား နှစ်ဦးစလုံးက အမျိုးသမီး ဖြစ်သူကို လမ်းပေါ် တွန်းလှဲခဲ့ ကြကြောင်း၊ ၎င်းတို့ အလို မလိုက်လျှင် ပစ်သတ် မည်ဟု ခြိမ်းခြောက် အကြပ်ကိုင် ခဲ့ကြကြောင်း၊ သို့သော်လည်း သေနတ်ကို မြင်တွေ့  ခဲ့ရခြင်း မရှိကြောင်း တရားရုံး ကြားနာမှု အရ သိရသည်။ ၎င်းတို့ နှစ်ဦးသည် အတူအကွ ပူးပေါင်း ကြံစည်ခဲ့ကြဖွယ် ရှိနေကြောင်းလည်း ကောက်ချက်ချ ထားသည်။

ယခုတွင် အီဆက်စ်နှင့် ဂျက်ဆင်တို့ နှစ်ဦးကို ဓားမြမှု၊ ပြစ်မှုမြောက် လိင်အကြမ်းဖက်မှု၊ မတရား ချုပ်နှောင်မှု၊ ကိုယ်ထိ လက်ရောက် ကျုးလွန်မှုနှင့် ရာဇဝတ်မှု ကျုးလွန်ခြင်း စသည့် ပုဒ်မများဖြင့် အမှုစစ်ဆေးလျက် ရှိသည်။

ဂျက်ဆင်၏ တရားခံ ရှေ့နေကမှု အမှုမှာ လုံးလုံး မှားယွင်း စွဲဆိုခံရသည့် အမှုဖြစ်ပြီး အမှုသွား အမှုလာ အရ တစ်နာရီ အတွင်း နှစ်ကြိမ် တိုင်အောင် သားမယား ပြုကျင့် ခံရသည် ဆိုသော အဖြစ်အပျက်က စိတ်ကူးယဉ် ဖန်တီးထားသည့် ဇာတ်လမ်း ဇာတ်ကွက်သာ ဖြစ်ကြောင်း ထုချေ ထားသည်။

Ref: Mirror
Mizzima News daily

အဓမ္မမှု၏ ပထမ တရားခံအဖြစ် စွပ်စွဲ ခံနေရသူ နီကိုလပ် အီဆက်စ်။ ဓာတ်ပုံ - Mirror

No comments:

Post a Comment