Friday, September 12, 2014

ရန်ကုန်မြို့တွင်း လမ်းများ ယခုနှစ်အတွင်း ကွန်ကရစ်အပြီး ခင်းမည်

ရန်ကုန်မြို့တွင်းရှိ လမ်းများ အားလုံးကို ကွန်ကရစ်လမ်းအဖြစ် ယခုနှစ်အတွင်း အပြီးသတ်ခင်း သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ သတင်း ရရှိသည်။
                         ကျွန်တော်တို့က ပေ(၆၀) လမ်းမကြီးတွေ ကိုရော အားလုံးထု (၁၁) လက်မ အမြင့်ထားပြီး ခင်းသွားမယ်။ ဘာကြောင့်လဲ ဆိုရင် ရေကြီး ရေလျှံမှုလည်း လျော့သွားအောင်၊ ကတ္တရာ လမ်းမကြီးတွေထက် ပိုပြီး ခိုင်ခံ့မှုလည်း ရှိမယ် ထင်လို့ ဒီလိုခင်း ဖြစ်တာပါ ဟု အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) ဒုတိယဌာနမှူးက The Messenger Media  သို့ ပြောသည်။

                    ထိုကဲ့သို့ ကွန်ကရစ်ခင်းရာတွင် လမ်းမကြီးများ အပြင် လမ်းတိုများကိုပါ ခင်းမည် ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် လျာထားသော ကျပ် (၄၉) ဘီလီယံထဲမှ သုံးစွဲမည် ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။ ယခုလတ်တလောတွင် ဘုရင့်နောင်လမ်းမကြီးနှင့် ကမ်းနားလမ်း တို့အား ကွန်ကရစ်ခင်း နေပြီး ခြောက်လမ်းသွား လမ်းမကြီးအား သုံးလမ်းဖွင့်ပေး ထားကြောင်း၊ စက်ဆန်းလမ်း (ကြက်၊ ဘဲဈေး) နှင့် ပုဇွန်တောင်လမ်း တို့အား ခင်းပြီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထပ်မံ၍ သုမင်္ဂလာလမ်း၊ တောင်ဥက္ကလာလမ်းနှင့် ခရေပင်လမ်း တို့အား ဆက်လက်ခင်း သွားမည် ဖြစ်ပြီး တစ်မြို့လုံး အား အပြီးသတ်ခင်းမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
                      အဆိုပါ လမ်းများခင်းရာတွင် ယခင်ကတ္တရာ လမ်းများအား လမ်းဘေးသားများ ခိုင်ခန့်စေရန် ထည့်သွင်းအသုံးပြုပြီး အချို့ နေရာများတွင် ကတ္တရာလမ်းဟောင်း များအား  မတူးဖော်ဘဲ အပေါ်မှ ထပ်ကာ ကွန်ကရစ်လောင်း၍ ခင်းထားကြောင်း၊ ယခုနှစ်အတွင်း လက်ရှိ အချိန်အထိ လုပ်ငန်း ပေါင်း (ကားပါကင်၊  စင်္ကြံ၊ လမ်း၊ တံတား) (၃၈၀) နီးပါးပြီးစီးနေပြီ ဖြစ်ကြောင်းလည်း အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ သိရသည်။ လက်ရှိတွင် မိုးရာသီဖြစ် သောကြောင့် တံတားပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားပြီး ပွင့်လင်း ရာသီသို့ ရောက်ပါက တိုးချဲ့ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

The Messenger

No comments:

Post a Comment