Monday, September 29, 2014

ရွှေတိဂုံဘုရားပေါ်တွင်နိုင်ငံခြားသားခရီးသည်တစ်ဦး ခြေထောက်ပေါ်တွင်ဘုရားပုံများထိုးထားတွေ့ ရှိ

ယမန်နေ့ ၂၈. ၉. ၂၀၁၄ နေ ရွှေတိဂုံဘုရားပေါ်တွင်နိုင်ငံခြားသား ခရီးသည်တစ်ဦး ခြေထောက်ပေါ်တစ်ကိုယ်လုံးတွင် ဘုရားပုံတော်ကို တက်တူးထိုးပြီး တက်လာလို့ ၎င်းနိုင်ငံခြားသားအားရွှေတိဂုံဂေါပကအဖွဲ့ 
ဝင်များမှစစ်ဆေးခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

’’ ကျွန်တ်ာတို့  လူတွေအုံနေတာတွေ သွားကြည့်တော့ နိုင်ငံခြား တစ်ယောက်ကိုဂေါပကတွေ စစ်ဆေးမေးနေ တာတွေ့  တယ်။ခြေထောက်တွေမှာ အားလုံး တက်တူးထိုးထားတယ်။ အကုန် ဘုရားပုံတွေပဲ။ ကြည့်ရတာမကောင်းဘူးဟု’’ သွားရောက်ကြည့် ရှူ့ ခဲ့သူတစ်ယောက်မှပြောသည်။

အဆိုပါနိုင်ငံခြားသားကို ရွှေတိဂုံဂေါပကအဖွဲ့ များခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။အလားတူ ဖြစ်ရပ်မျိုး ကနေဒါနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တုန်းမှလည်း အင်းလေးတွင် တွေ့ပြီး ပြည်နှင် ဒဏ်ပေးလိုက်ကြောင်းသိရသည်။

’’ သီရိနိုင်ငံကအစိုးရလို့ ထိထိရောက်တော့အရေးယူဖို့ လိုတာပေါ့နော် ဥပမာ ပြည်နှင့်ဒဏ်ပေးတာတို့  စသည်ပေါ့လေဟု’’၄င်းမှဆက် ပြောသည်။

သန်းနိုင်းဝင်း (ရွှေဝမြေ)
ရွှေမြန်မာမီဒီယာ













No comments:

Post a Comment