Monday, September 29, 2014

မုတ်သုံလေဆုတ်ခွာချိန် မိုးကြိုးအန္တရာယ်သတိထားရန်လို

စက်တင်ဘာလနှောင်းပိုင်းတွင် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမှဆုတ်ခွာနေပြီး မိုးတိမ်တောင်ကြောင့်ဖြစ်လာသော မိုးကြိုးပစ်မည့်အန္တရာယ်ကို သတိပြုရန်လိုကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းအပြင် မြစ်ဝကျွန်းပေါ်ဒေသမှပါ ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။  ထို့ ကြောင့် မုတ်သုံဆုတ်သည့် လမ်းကြောင်းတစ်လျှောက် မိုးတိမ် တောင်အန္တရာယ် ရှိနေသည့်အပြင် ရခိုင်ပြည်နယ်တွင် နေရာ ကွက်၍မိုးကြီးနိုင်ကြောင်း  သတိပေးသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင်ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး၌  စက်တင်ဘာ ၂၆ရက် နံနက်က ရုတ်တရက်လေပြင်းကျကာ မိုးကြိုးပစ်သောကြောင့်  အမျိုးသမီးသုံးဦးဒဏ်ရာရခဲ့ သည်။ ရှမ်းပြည်နယ်ဒေသ အချို့တွင်လည်း စက်တင်ဘာလ နှောင်းပိုင်း၌ မိုးကြိုးပစ်၍ လူသေဆုံးမှုအချို့ဖြစ်ခဲ့သည်။
ဒေါက်တာထွန်းလွင်က ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် မိုးတိမ်တောင် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။
မိုး/ဇလဌာနက အနောက်တောင်မုတ်သုံလေသည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာနိုင်ကာ အောက် တိုဘာ လ ဒုတိယပတ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားဖွယ်ရှိကြောင်း သတင်းထုတ်ပြန်ထား သည်။

7 Day daily

No comments:

Post a Comment