Tuesday, September 30, 2014

အမေရိကန်တပ်ဖွဲ့များ အာဖဂန်တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး လက်မှတ်ရေး ထိုးမည်

Photo: အမေရိကန်တပ်ဖွဲ့များ အာဖဂန်တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး လက်မှတ်ရေး ထိုးမည်
Tuesday, September 30, 2014

အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး အတွက် သဘောတူညီ ချက် တစ်ရပ်ကို အာဖဂန်နစ္စတန် အစိုးရသစ်နှင့် စက်တင်ဘာ ၃၀ ရက်တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီချက် (BSA) ကို အာဖဂန်သမ္မတသစ် အာရှရက်ဖ်ဂါနီ၏ အစိုးရမှ ၀န်ကြီးတစ်ဦးက လက်မှတ်ရေးထိုး မည်ဖြစ်သည်။

သမ္မတဟောင်းဟာမစ်ကာဇိုင်းက အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန် ငြင်း ဆိုခဲ့သော ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအဖုအထစ်ရှိခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ်အတွင်း နေတိုးတပ်ဖွဲ့ဝင်အများအပြား အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ရုပ်သိမ်းပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် ၉၈၀၀ ခန့် ဆက်လက် ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ယခုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးပါက အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့မှ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၂၅၀၀ ဆက်လက်ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တပ်ဖွဲ့များက အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများနှင့် အာဖဂန်တပ်ဖွဲ့များ အား ကူညီပံ့ပိုးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:BBC

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် တွေ့ရှိရသော အမေရိကန်တပ်ဖွဲ့များ (ဓာတ်ပုံ- ဘီဘီစီ)
အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆက်လက်ထားရှိရေး အတွက် သဘောတူညီ ချက် တစ်ရပ်ကို အာဖဂန်နစ္စတန် အစိုးရသစ်နှင့် စက်တင်ဘာ ၃၀ ရက်တွင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ သဘောတူညီချက် (BSA) ကို အာဖဂန်သမ္မတသစ် အာရှရက်ဖ်ဂါနီ၏ အစိုးရမှ ၀န်ကြီးတစ်ဦးက လက်မှတ်ရေးထိုး မည်ဖြစ်သည်။
သမ္မတဟောင်းဟာမစ်ကာဇိုင်းက အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန် ငြင်း ဆိုခဲ့သော ကြောင့် နှစ်နိုင်ငံဆက်ဆံရေးအဖုအထစ်ရှိခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု များလည်း ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ်အတွင်း နေတိုးတပ်ဖွဲ့ဝင်အများအပြား အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ ရုပ်သိမ်းပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင် ၉၈၀၀ ခန့် ဆက်လက် ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ယခုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးပါက အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၊ ဂျာမနီနှင့် အီတလီနိုင်ငံတို့မှ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၂၅၀၀ ဆက်လက်ကျန်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တပ်ဖွဲ့များက အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများနှင့် အာဖဂန်တပ်ဖွဲ့များ အား ကူညီပံ့ပိုးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:BBC

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် တွေ့ရှိရသော အမေရိကန်တပ်ဖွဲ့များ (ဓာတ်ပုံ- ဘီဘီစီ)

No comments:

Post a Comment