Friday, September 12, 2014

အသင်းအတွက် မောင်မောင်စိုးနှင့်အတူ စိတ်မကောင်း ဖြစ်ရကြောင်း ဂတ်ဆီဇီ ပြောကြား

gs
အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်အသင်းကို ရှုံးနိမ်ခဲ့ပြီးနောက် မြန်မာယူ ၁၉အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီက မိမိအနေဖြင့် အသင်းအတွက် မောင်မောင်စိုးနှင့် အတူ မပျော်မရွှင်ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ဂျာမနီနိုင်ငံသား နည်းပြကြီးက  ” ဒီရလဒ်ဟာ ကျွန်တော်အတွက် အံအားသင့်စရာ ဖြစ်စေမှာမဟုတ်ပါဘူး။ ဗီယက်နမ်ယူ-၁၉ အသင်းနဲ့ နည်းပြ ဂရေချမ်တို့ကို ချီးကျူးရမှာပါ။ သူတို့အသင်း ဒီနေ့ပွဲစဉ်မှာ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားနိုင်ခဲ့တာပါ။  ဂိုးရရှိမယ့် အခွင့်အရေးကောင်းတွေ အများအပြား ရရှိခဲ့ပေမယ့် ကျွန်တော်တို့ လွဲချော်ခဲ့တာပါ။  ဒီနေ့ရလဒ်ကြောင့် အသင်းအတွက် မောင်မောင်စိုးနဲ့အတူ ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရပါတယ်။ ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ ပတ်သက်ပြီး ဒီလိုဖြစ်မယ်ဆိုတာ မျှော်လင်ထားပြီးသားပါ။ အဝေးကွင်းမှာ လာရောက်ကစားမယ်ဆိုရင် ဒီလိုဖိအားတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ များပြားတဲ့ ပရိတ်သတ်ရဲက ကျယ်လောင်တဲ့ အားပေးမှုကြောင့် ကစားသမားတွေကို ကောင်းကောင်း မညွှန်ကြားနိုင်ခဲ့ပါဘူး။အသင်းခေါင်းဆောင် ငုရင်ချောင်ပွန်ဟာ ထူးချွန်ထက်မြက်တဲ့ ကစားသမားကောင်း တစ်ဦးပါ ” ဟု ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
ဗီယက်နမ်အသင်း နည်းပြချုပ်ဖြစ်သူ ဂရေချမ်က ” ဒီပြိုင်ပွဲကို အနိုင်ရရှိဖို့ ဘရုနိုင်းဘုရင်ဖိတ်ခေါ် ဖလားပြိုင်ပွဲ အပြီးထဲက အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။ အသင်းလိုက်စုစည်းမှုအားနဲ့ လျင်လျင်မြန်မြန် ကစားနိုင်မှုကို ကစားသမားတွေ ပြသနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းကို စနစ်တကျ ပြင်ဆင်ပြီး မြန်မာအသင်းရဲ့ ညာတောင်ပံကနေ ထိုးဖောက် ကစားဖို့  ညွှန်ကြားခဲ့တာကို ကစားသမားတွေ အပြည့်အ၀ ပုံဖော်ကစားသွားနိုင်ခဲ့တာပါ။ မြန်မာယူ- ၁၉ ဟာပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ခဲ့တာကြောင့် ကစားသမားတွေ ပင်ပန်းနေပါပြီ။ လာမယ့် အောက်တိုဘာလမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှယူ-၁၉ ပြိုင်ပွဲမှာ သူတို့ရဲ့အကောင်းဆုံး ပုံစံကို ပြန်လည်ပြသနိုင်မယ်လို့မျှော်လင့်ပါတယ် ” ဟုထုတ်ဖော်ပြောဆိုသွားခဲ့သည်။
 
Soccer Myanmar

No comments:

Post a Comment