Wednesday, September 24, 2014

မိုဘိုင်းဖုန်း သုံးသူများအတွက် သီးသန့် ပလက်ဖောင်း

Photo: မိုဘိုင်းဖုန်း သုံးသူများအတွက် သီးသန့် ပလက်ဖောင်း

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ စမ်းသပ်ပြီးတော့ မိုဘိုင်းဖုန်း သီးသန့် အသုံးပြုသူများအတွက် ပလက်ဖောင်းလမ်း ဆိုပြီးတော့ ဖန်တီးခဲ့ကြပါ သေးတယ်။ ယင်း ဖန်တီးမှုကို တကယ် အသက်သွင်းလိုက်တာ ကတော့ တရုတ်ပြည် အနောက်တောင်ပိုင်း Chongqing မြို့မှာ ဖြစ်ပြီး လူသွားလာမှု များတဲ့ လမ်းမတွေမှာ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သီးသန့် လမ်းကြောင်း တစ်ခု ထားပေးခဲ့ ပါတယ်။

ယင်းကို Texting lane လို့လည်း Nickname ပေးပြီး ခေါ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ မိုဘိုင်းဖုန်းကနေ စာပို့သူ အင်တာနက် အသုံးပြုသူ၊ ဂိမ်းဆော့သူ များအတွက် သီးသန့် ထားပေးခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသား နဲ့ ကမ္ဘာလှည့် ခရီးသည် သွားလာမှု များတဲ့ နေရာမှာ ထားရှိထားခြင်း ဖြစ်ပြီး လမ်းမကီး ဘေးက ပလက်ဖောင်းကို နှစ်ခြမ်းခွဲလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဖန်တီးမှုဟာ အောင်မြင်ပြီး တရုတ်ပြည်ရဲ့ အခြားသော ပြည်နယ်များရဲ့ လူသွားလူလာ များသော လမ်းတို့မှာ မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် သီးသန့် ပလက်ဖောင်း လမ်းများ ဖန်တီင်္းပေးတော့မှာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုနဲ့ အခြားသော အက်ဆီးဒန့်များလည်း နည်းသွားတာတော့ အမှန်ပါပဲ။ အားလူများကလည်း ယင်း လမ်းကို ရှောင်ဖယ်ပြီးတော့ သွားပေး ပါတယ်။ အမေရိကန် အပြင် အခြားသော နိုင်ငံများမှလည်း ယင်းကဲ့သို့ ဖန်တီးရန် ပြင်ဆင်လျက် ရှိကြောင်းသိရ ပါတယ်။
.
Ref: chnews
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment