Thursday, September 11, 2014

ချမ်းမြသာစည်လေဆိပ် အခြေစိုက်ပျံသန်းလျက်ရှိသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်များ စင်းလုံးငှားရမ်းလိုပါက တစ်ပတ်ကြိုတင်ဆက်သွယ်နိုင်

Photo: ချမ်းမြသာစည်လေဆိပ် အခြေစိုက်ပျံသန်းလျက်ရှိသည့် 
မြန်မာ့လေကြောင်းပိုင်လေယာဉ်များ စင်းလုံးငှားရမ်းလိုပါက 
တစ်ပတ်ကြိုတင်ဆက်သွယ်နိုင်
==================================================

မန္တလေး၊

မန္တ လေးမြို့၊ ချမ်းမြသာစည်လေဆိပ် တွင် အခြေစိုက်ပျံသန်းပေးလျက် ရှိသည့် မြန်မာ့လေကြောင်းပိုင်လေ ယာဉ်ငယ်များကို စင်းလုံးငှားရမ်းလို ပါက တစ်ပတ်ကြိုတင်ဆက်သွယ် နိုင်ပြီး ပြည်တွင်းခရီးစဉ်များကိုလည်း အပတ်စဉ်ပုံမှန်ပျံသန်း ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံထုတ် လေ ယာဉ်ငယ်များဖြင့် အတွေ့အကြုံရင့်  လေယာဉ်မှူးများက မောင်းနှင်ပေး လျက်ရှိရာ လက်ရှိတွင် နိုင်ငံတကာ ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီများ က စင်းလုံးငှားရမ်းမှု အများဆုံး ဖြစ်ကြောင်း၊ စင်းလုံးငှားရမ်းလိုသူများ အနေဖြင့် မြန်မာ့လေကြောင်း နှင့် စာချုပ်ချုပ်ဆိုကာ ကြိုတင်ငွေပေး ချေ၍ငှားရမ်းနိုင်ပြီး လိုက်ပါမည့် ခရီး သည် အရေအတွက် အလိုက် လေ ယာဉ်အမျိုးအစားများကို ခွဲခြားပေး  ထားကြောင်း မြန်မာ့လေကြောင်း (မန္တလေးဌာနခွဲ)မှ မန်နေဂျာဦးအောင် မင်းဆွေက ပြောသည်။  

''ခရီးသည်အရေအတွက် အ နည်းဆုံး ၁၂ယောက်ကနေ အ များဆုံး ၆၈ ယောက်အထိ လိုက်ပါ စီးနင်းနိုင်တဲ့ လေယာဉ်အမျိုးအစား  တွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့  ငှားရမ်းပေးလျက်ရှိပါတယ်။ ဈေး နှုန်းကို ပျံသန်းပေးတဲ့အချိန်နာရီပေါ် မူတည်ပြီး သတ်မှတ်ထားပါတယ်၊ ATR-72 ၊ Beech-AA/C နဲ့Grand Caravan ဆိုပြီး လေယာဉ်အမျိုးအ စားသုံးမျိုးရှိပါတယ်။ အစတုန်း ကတော့ Grand Caravan လေ ယာဉ်ငယ်လေးတွေနဲ့ မန္တလေးမြို့ အနီးတစ်ဝိုက်မြင်ကွင်းတွေကို အပေါ် စီးကနေ ကြည့်ရှုခံစားနိုင်မယ့် အစီ အစဉ်ကို ဝန်ဆောင်မှုပေးဖို့ လုပ်ထား ပေမယ့် ပြည်တွင်းခရီးစဉ်တွေကို ဦး စားပေးပျံသန်းပေးနေရတာကြောင့် လေယာဉ်ငယ်တွေ အသစ်ထပ်ရောက် လာမှ ပျံသန်းပေးနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာဆိုရင် မန္တ လေးမြို့ကနေ ကလေး၊ ဗန်းမော်၊  ဟုမ္မလင်း၊ ညောင်ဦးနဲ့ ဟဲဟိုးမြို့ခရီး စဉ်တွေကို အများဆုံးပျံသန်းပေးရပါ တယ်။ ခရီးသည်တွေအတွက် ရောင်း ချပေးထားတဲ့ လက်မှတ်နှုန်းထားတွေ ထဲမှာ အာမခံပရီမီယမ်ကြေးလဲ ပါ ဝင်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းခရီး စဉ်တွေအတွက် ကြိုတင်လက်မှတ် တွေကို နှစ်ပတ်ကြိုတင်ပြီး ဝယ်ယူ ထားလို့ရပါတယ်''ဟု ¤င်းကထပ်မံ ရှင်းပြသည်။

လေယာဉ်စင်းလုံးငှားရမ်းခ  နှုန်းထားများမှာ ခရီးသည် ၆၈ဦးဆံ့ ATR- 72 တစ်စင်းအတွက် ငွေကျပ် ၂၈သိန်း၊ ခရီးသည် ၄၆ဦးဆံ့ ATR- 72 တစ်စင်းအတွက် ငွေကျပ်၁၈ သိန်းငါးသောင်း၊ ခရီးသည်၁၆ဦးဆံ့Beech-AA/C တစ်စင်းအတွက်  ငွေကျပ်၁၉သိန်းနှင့် ခရီးသည်၁၂  ဦးဆံ့ Grand Caravan တစ်စင်း အတွက် ငွေကျပ် ၆၅ဝဝဝဝ ဖြစ် ကြောင်း သိရသည်။

 ပြည်တွင်း လေယာဉ် လက်မှတ်ခနှုန်းထားများ မှာ မန္တလေး-ရန်ကုန် ကျပ်၃၅ဝဝဝ၊ မန္တလေး-နေပြည်တော် ကျပ်၄၂ဝဝဝ၊ မန္တလေး-မြစ်ကြီးနား ကျပ်၃၉ဝဝဝ၊  မန္တလေး-ဗန်းမော် ကျပ်၃၅ဝဝဝ၊  မန္တ လေး-ခန္တီး ကျပ်၆၁ဝဝဝ၊ မန္တလေး- ဟုမ္မလင်း ကျပ်၅၉ဝဝဝ၊ မန္တလေး-  ကလေး ကျပ်၄၇၅ဝဝ၊ မန္တလေး- ကျိုင်းတုံ ကျပ်၇၄၅ဝဝ၊ မန္တလေး-ပူတာအို ကျပ်၇၄၅ဝဝဖြစ်ကြောင်း မြန်မာ့လေကြောင်း (မန္တလေးဌာ နခွဲ)မှ သိရသည်။

KSA

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
မန္တ လေးမြို့၊ ချမ်းမြသာစည်လေဆိပ် တွင် အခြေစိုက်ပျံသန်းပေးလျက် ရှိသည့် မြန်မာ့လေကြောင်းပိုင်လေ ယာဉ်ငယ်များကို စင်းလုံးငှားရမ်းလို ပါက တစ်ပတ်ကြိုတင်ဆက်သွယ် နိုင်ပြီး ပြည်တွင်းခရီးစဉ်များကိုလည်း အပတ်စဉ်ပုံမှန်ပျံသန်း ပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံထုတ် လေ ယာဉ်ငယ်များဖြင့် အတွေ့အကြုံရင့် လေယာဉ်မှူးများက မောင်းနှင်ပေး လျက်ရှိရာ လက်ရှိတွင် နိုင်ငံတကာ ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီများ က စင်းလုံးငှားရမ်းမှု
အများဆုံး ဖြစ်ကြောင်း၊ စင်းလုံးငှားရမ်းလိုသူများ အနေဖြင့် မြန်မာ့လေကြောင်း နှင့် စာချုပ်ချုပ်ဆိုကာ ကြိုတင်ငွေပေး ချေ၍ငှားရမ်းနိုင်ပြီး လိုက်ပါမည့် ခရီး သည် အရေအတွက် အလိုက် လေ ယာဉ်အမျိုးအစားများကို ခွဲခြားပေး ထားကြောင်း မြန်မာ့လေကြောင်း (မန္တလေးဌာနခွဲ)မှ မန်နေဂျာဦးအောင် မင်းဆွေက ပြောသည်။

''ခရီးသည်အရေအတွက် အ နည်းဆုံး ၁၂ယောက်ကနေ အ များဆုံး ၆၈ ယောက်အထိ လိုက်ပါ စီးနင်းနိုင်တဲ့ လေယာဉ်အမျိုးအစား တွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ငှားရမ်းပေးလျက်ရှိပါတယ်။ ဈေး နှုန်းကို ပျံသန်းပေးတဲ့အချိန်နာရီပေါ် မူတည်ပြီး သတ်မှတ်ထားပါတယ်၊ ATR-72 ၊ Beech-AA/C နဲ့Grand Caravan ဆိုပြီး လေယာဉ်အမျိုးအ စားသုံးမျိုးရှိပါတယ်။ အစတုန်း ကတော့ Grand Caravan လေ ယာဉ်ငယ်လေးတွေနဲ့ မန္တလေးမြို့ အနီးတစ်ဝိုက်မြင်ကွင်းတွေကို အပေါ် စီးကနေ ကြည့်ရှုခံစားနိုင်မယ့် အစီ အစဉ်ကို ဝန်ဆောင်မှုပေးဖို့ လုပ်ထား ပေမယ့် ပြည်တွင်းခရီးစဉ်တွေကို ဦး စားပေးပျံသန်းပေးနေရတာကြောင့် လေယာဉ်ငယ်တွေ အသစ်ထပ်ရောက် လာမှ ပျံသန်းပေးနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းခရီးစဉ်တွေမှာဆိုရင် မန္တ လေးမြို့ကနေ ကလေး၊ ဗန်းမော်၊ ဟုမ္မလင်း၊ ညောင်ဦးနဲ့ ဟဲဟိုးမြို့ခရီး စဉ်တွေကို အများဆုံးပျံသန်းပေးရပါ တယ်။ ခရီးသည်တွေအတွက် ရောင်း ချပေးထားတဲ့ လက်မှတ်နှုန်းထားတွေ ထဲမှာ အာမခံပရီမီယမ်ကြေးလဲ ပါ ဝင်ထားပြီးဖြစ်ပါတယ်။ ပြည်တွင်းခရီး စဉ်တွေအတွက် ကြိုတင်လက်မှတ် တွေကို နှစ်ပတ်ကြိုတင်ပြီး ဝယ်ယူ ထားလို့ရပါတယ်''ဟု ¤င်းကထပ်မံ ရှင်းပြသည်။

လေယာဉ်စင်းလုံးငှားရမ်းခ နှုန်းထားများမှာ ခရီးသည် ၆၈ဦးဆံ့ ATR- 72 တစ်စင်းအတွက် ငွေကျပ် ၂၈သိန်း၊ ခရီးသည် ၄၆ဦးဆံ့ ATR- 72 တစ်စင်းအတွက် ငွေကျပ်၁၈ သိန်းငါးသောင်း၊ ခရီးသည်၁၆ဦးဆံ့Beech-AA/C တစ်စင်းအတွက် ငွေကျပ်၁၉သိန်းနှင့် ခရီးသည်၁၂ ဦးဆံ့ Grand Caravan တစ်စင်း အတွက် ငွေကျပ် ၆၅ဝဝဝဝ ဖြစ် ကြောင်း သိရသည်။

ပြည်တွင်း လေယာဉ် လက်မှတ်ခနှုန်းထားများ မှာ မန္တလေး-ရန်ကုန် ကျပ်၃၅ဝဝဝ၊ မန္တလေး-နေပြည်တော် ကျပ်၄၂ဝဝဝ၊ မန္တလေး-မြစ်ကြီးနား ကျပ်၃၉ဝဝဝ၊ မန္တလေး-ဗန်းမော် ကျပ်၃၅ဝဝဝ၊ မန္တ လေး-ခန္တီး ကျပ်၆၁ဝဝဝ၊ မန္တလေး- ဟုမ္မလင်း ကျပ်၅၉ဝဝဝ၊ မန္တလေး- ကလေး ကျပ်၄၇၅ဝဝ၊ မန္တလေး- ကျိုင်းတုံ ကျပ်၇၄၅ဝဝ၊ မန္တလေး-ပူတာအို ကျပ်၇၄၅ဝဝဖြစ်ကြောင်း မြန်မာ့လေကြောင်း (မန္တလေးဌာ နခွဲ)မှ သိရသည်။

KSA
Yangon Media Goup

No comments:

Post a Comment