Thursday, September 11, 2014

သဘာဝခေါ်သံဖောင်ဒေးရှင်းမှ တောင်တတ်သမား ၂ ဦး ခါကာဘိုရာဇီတောင်တတ်စဉ် မြေပြင်နှင့် ၁၀ရက်ကြာ အဆက်အသွယ်ပြတ်နေ

အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်ဖြစ်သည့် ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက် နေသော သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက် သမားနှစ်ဦးသည် သြဂုတ်လ(၃၁) ရက်မှစ၍ မြေပြင်အဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ရာ သတင်း အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တတ်အဖွဲ့တွင် စုစုပေါင်း တောင်တတ်သမား ၈ဦး ပါဝင်ပြီး ခါကာဘိုရာဇီ တောင်ထိပ်သို့ အောင်မြင်စွာရောက်ရှိကြောင်း သြဂုတ် ၃၁ရက် ညနေ ၅နာရီ ၁ မိနစ်က သတင်းရရှိသည်ဟု ၎င်းတို့၏ ဖေ့စ်ဘွခ်သာမျက်နှာတွင် ဂုဏ်ပြု ရေးသားထားသည်။

သြဂုတ်လ ၃၁ ညနေ ၄နာရီ ၂၀မိနစ်တွင် တောင်ထိပ်ပေါ်သို့ အောင်မြင်စွာရောက်ရှိခဲ့ပြီး ညနေ ၅နာရီအချိန်တွင် `တောင်ထိပ်နှင့်မြေပြင်မှ ၂ ဖွဲ့စလုံး နိုင်ငံတော်သီချင်းကို သီဆိုနေချိန်နေတွင် တောင်ထိပ် အဖွဲ့မှ ဘထ္တရီကုန်တော့မည်ဟုပြောကြားကာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ စက်တင်ဘာ ၉ ရက်နေ့တွင် တဟွန်းဒန်းရွာသို့ အဖွဲ့ဝင်အားလုံး ပြန်လည်ရောက်ရှိကြရမည်ဖြစ်သော်လည်း ညနေ ၇နညရီအချိန်တွင် ၎င်းရွာသို့ရောက်ရှိခဲ့သော အဖွဲ့သားများက တောင်ပေါ်အသင်းနှင့် ဆက်သွယ်မှု ပြတ်တောက်နေကြောင်း ဆက်သွယ်သတင်းပေးပို့ကြောင်း သိရသည်။

“အားလုံးပေါင်း ၈ ယောက်၊ တောင်ပေါ်တတ်တာ ၂ ယောက်၊ သြဂုတ်လ ၃၁ရက်နေ့က တောင်ပေါ်အောင်အောင်မြင်မြင်ရာက်ပြီးတော့ ၂ဖွဲ့ဆက်သွယ် နိုင်ငံတော်သီချင်းဆိုခဲ့ကြသေးတယ်၊ အဲင်္ဒနောက် အဆက်အသွယ် ပြတ်သွားပေမယ့် နဂိုအစီအစဉ်အတိုင်း ၉ ရက်နေ့မှာ တဟွန်းဒန်းရွာကို ပြန်ရာက်ကြမယ်လို့ပဲ မျှော်လင့်ထားကြတာပါ”ဟု သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံတဦး က ပြောသည်။

အဆိုပါ ပျောက်ဆုံးတောင်တတ်သမား ၂ ဦးအား ကယ်ဆယ်ရေး အတွက် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နာယက ဦးတေဇသည် စက်တင်ဘာလ (၁၀)ရက်က ၎င်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဒွယ်ရဟတ်ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော အဖွဲ့သား (၅)ဦး၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့သားများနှင့် ပူတာအိုမြို့သို့ သွားရောက်ပြီး ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ သူတို့အဖွဲ့က တောင်တတ်သမား ၂ယောက်ပျောက်နေတဲ့သတင်း ကျွန်တော်တို့ဆီကို ၀င်လာတယ်၊ အဲဒီမှာ ဦးတေဇက တောင်တတ်အဖွဲ့ချုပ်ဥက္ကဌအနေနဲ့ သူကိုယ်တိုင်လည်း ရဟတ်ယာဉ်ပျက်ကျခဲ့ဖူးတော့ ဘယ်လောက်ခက်ခဲပြီး အန္တရာယ်များတယ်ဆိုတာ သိတော့ ချက်ချင်းပဲ သွားကယ်မယ်ဆိုပြီး ကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ဖြစ်တာပါ”ဟု ထူးဖောင်ဒေးရှင်းမှ အဆိုပါကယ်ဆယ်ရေးကိစ္စနှင့် ပတ်သက်၍ ပြောခွင့်ရသူ ကိုဖြိုးကို က News Watch သို့ ပြောသည်။

အဆိုပါ ကူညီကယ်ဆယ်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ် အချက်ပြ ဆက်သွယ်ရေး ကိရိယာများ၊ တောင်တက်ပစ္စည်းကိရိယာများ၊ စားနပ်ရိက္ခာများ၊ အသက်ကယ်ဆေးဝါး ပစ္စည်းကိရိယာများ၊ ဆရာဝန်များ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ (ဧဝရက်တောင်ထိပ်သို့ တက်ရောက်မည့်) တောင်တက်သမားများ၊ ခါကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူမျိုးများထဲမှ ပထမဆုံး တက်ရောက်နိုင်ခဲ့သော ထူးဖောင်ဒေးရှင်းမှ နမားဂျွန်ဆင်နှင့် ဒေသခံ တိုင်းရင်းသားများ၊ ကျန် ထူးဖောင်ဒေးရှင်းဝန်ထမ်း အားလုံးမှ မြန်မာနိုင်ငံမြောက် ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစခန်းတို့တွင် အသက်ကယ် ရှာဖွေရေးကိစ္စများ၊ ကူညီကယ်ဆယ်ရေးကိစ္စများ ဆောင်ရွက်နိုင်စေရန် ပါဝင်ကူညီလျက်ရှိကြောင်း သိရသည်။ ယင်းအပြင် Summit team အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ပူတာအိုအခြေစိုက် အခြေချဗျူဟာတို့ကလည်း ပံပိုး ကူညီဆောင်ရွက်ကြမည်ဟု သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment