Wednesday, September 10, 2014

ဦးဆန်းဆင့်၏ အချုပ်လွတ်ထုချေခွင့် ထပ်မံပယ်ချခံရ

ဦးဆန်းဆင့်၏ ကျန်းမာရေးအရ အချုပ်လွတ်ထုချေခွင့်လျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး တရားရုံးက ထပ်မံ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

‘‘မန္တလေးမှာ အာမခံအသစ် ပြန်လျှောက်တာကို ပလပ်တယ်။ ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးဘဲနဲ့ အကျဉ်းနည်းနဲ့ ပလပ်တယ်’’ဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ဦးဆန်းဆင့်၏ အချုပ်လွတ်ထုချေခွင့်ယူရန် လျှောက်ထားမှုကို ဒက္ခိဏခရိုင် တရားရုံးက ပထမအကြိမ်ပယ်ချခဲ့ပြီး မန္တလေးတိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလျှောက်ထားရာ ပယ်ချလိုက်ကြောင်း ဦးတင်ထွန်းက ပြောသည်။

ဦးဆန်းဆင့်သည် (၁၀)ကြိမ်မြောက် ရုံးချိန်းနှင့် (၁၄)ကြိမ် မြောက်ရုံးချိန်းတို့တွင် ကျန်းမာရေး အခြေအနေဆိုးရွားလာမှုကြောင့် ၎င်းအား တရားခွင်စစ်ဆေးမှုများ ရပ်ဆိုင်းခဲ့သည်။

(၁၅)ကြိမ်မြောက် ရုံးချိန်း တွင် ပုဒ်မ (၄၀၉)အတွက် ပြန်ခေါ်သက်သေ ၇ ဦးနှင့် ပုဒ်မ (၁၂၄) အတွက် ပြန်ခေါ်သက်သေ ၈ ဦး တို့ကို ပြန်လည်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အချုပ်လွတ်ထုချေခွင့်ထပ် မံ ပယ်ချလိုက်သော်လည်း ဦး ဆန်းဆင့်မိသားစုနှင့် တိုင်ပင်၍ ပြန်လည်လျှောက်ထားသင့်၊ မသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးတင်ထွန်းက ပြောသည်။

ဦးဆန်းဆင့်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၁၂၄)(က) ယုံကြည်အပ် နှံအလွဲသုံးစားမှု ပုဒ်မ (၄၀၉) နှင့်ပတ်သက်၍ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

7 Day Daily

No comments:

Post a Comment