Wednesday, September 10, 2014

အပစ်မရပ်ခြင်း နောက်ကွယ်တွင် KIA လူသစ်စုဆောင်းမှု အရှိန်မြှင့်လာ

Photo: အပစ်မရပ်ခြင်း နောက်ကွယ်တွင် KIA လူသစ်စုဆောင်းမှု အရှိန်မြှင့်လာ
Wednesday, September 10, 2014

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီနှင့် မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ စက်တင်ဘာ ၈ ရက်နေ့အထိ စုဆောင်းခံရသော လူသစ် ဦးရေ စုစုပေါင်း(၈၀)ဦးခန့် ရှိပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဒေသအတွင်းရှိ လူငယ်များအား ကချင်လူမျိုးရေးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကို အခြေခံ၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု အားနည်းချက်အပေါ် အသုံးချ၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် စုဆောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အင်ဘာပါစခန်းကို ခေါ်သွားတာတွေ့တယ်၊ အဲဒီစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်၊ အယောက် ၈၀ လောက်တော့ ရှိမှာပေါ့ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ စုဆောင်းခြင်းခံရသော လူသစ်များမှာ အသက် ၂၀ မှ ၃၀ နှစ်အတွင်း အတန်းပညာ အလယ်တန်း အဆင့် တက်ရောက်ပြီးသူများဖြစ်ပြီး အများစုမှာ ကချင်လူငယ်များဖြစ်ကြောင်း သိရသည်။

အင်ဘာပါစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူငယ်များသည် ထွက်ပြေးပါက ၎င်းတို့၏ မိဘဆွေမျိုး များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထား၍ ထွက်မပြေးရဲကြကြောင်း၊ အစားအသောက် အဆင်မပြေသဖြင့် မိဘဆွေမျိုးများထံ အစားအစာများမှာယူနေကြကြောင်း ဆွေမျိုးတော်စပ်သူ ဒေါ်ဘောက်နန် က ဆိုသည်။

အလားတူ KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ အရှေ့ဘက်တွင် တောင်ယာလုပ်နေသော ရွာသား ၄ ဦးအား စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသား ၄ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာ နေ မောင်နေ၀င်းရှိန်(၂၆)နှစ်၊ မောင်အင်ခွန်ဘရန်အောင်(၂၈)နှစ်၊ မောင်လဇွန်တူးဂျာ(၂၅)နှစ်နှင့် မောင်နော်ဂျာ (၂၂)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် မထိုးရ သေးသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ အရှိန်မြှင့်လာသော လူသစ်စုဆောင်းမှုများက ငြိမ်းချမ်းရေး လမ်းစဉ်ကို ချိုးဖောက်နေခြင်းဖြစ်သလို ဒေသခံလူငယ်များ၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာကြောင်း ကချင် အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခိုင်မြဲ
Credit to Kachin Daily News
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီနှင့် မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ လူသစ်စုဆောင်းမှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ စက်တင်ဘာ ၈ ရက်နေ့အထိ စုဆောင်းခံရသော လူသစ် ဦးရေ စုစုပေါင်း(၈၀)ဦးခန့် ရှိပြီဖြစ်ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဒေသအတွင်းရှိ လူငယ်များအား ကချင်လူမျိုးရေးစိတ်ဓာတ်ပိုင်းဆိုင်ရာ ကို အခြေခံ၍လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု အားနည်းချက်အပေါ် အသုံးချ၍လည်းကောင်း နည်းအမျိုးမျိုးဖြင့် စုဆောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

“ အင်ဘာပါစခန်းကို ခေါ်သွားတာတွေ့တယ်၊ အဲဒီစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်၊ အယောက် ၈၀ လောက်တော့ ရှိမှာပေါ့ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ စုဆောင်းခြင်းခံရသော လူသစ်များမှာ အသက် ၂၀ မှ ၃၀ နှစ်အတွင်း အတန်းပညာ အလယ်တန်း အဆင့် တက်ရောက်ပြီးသူများဖြစ်ပြီး အများစုမှာ ကချင်လူငယ်များဖြစ်ကြောင်း သိရသည်။

အင်ဘာပါစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော လူငယ်များသည် ထွက်ပြေးပါက ၎င်းတို့၏ မိဘဆွေမျိုး များအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထား၍ ထွက်မပြေးရဲကြကြောင်း၊ အစားအသောက် အဆင်မပြေသဖြင့် မိဘဆွေမျိုးများထံ အစားအစာများမှာယူနေကြကြောင်း ဆွေမျိုးတော်စပ်သူ ဒေါ်ဘောက်နန် က ဆိုသည်။

အလားတူ KIA အဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ အရှေ့ဘက်တွင် တောင်ယာ လုပ်နေသော ရွာသား ၄ ဦးအား စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် ရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ရွာသား ၄ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာ နေ မောင်နေ၀င်းရှိန်(၂၆)နှစ်၊ မောင်အင်ခွန်ဘရန်အောင်(၂၈)နှစ်၊ မောင်လဇွန်တူးဂျာ(၂၅)နှစ်နှင့် မောင်နော်ဂျာ (၂၂)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် မထိုးရ သေးသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ အရှိန်မြှင့်လာသော လူသစ်စုဆောင်းမှုများက ငြိမ်းချမ်းရေး လမ်းစဉ်ကို ချိုးဖောက်နေခြင်းဖြစ်သလို ဒေသခံလူငယ်များ၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာကြောင်း ကချင် အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခိုင်မြဲ
Credit to Kachin Daily News

No comments:

Post a Comment