Wednesday, September 24, 2014

ဦးစံလင်းကို ငွေပြန်အမ်းပြီး ခေါင်းလောင်းရှာသည့်သောင်တူးသင်္ဘောကို ဌာနပြန်သိမ်းခြင်းဖြစ်

Photo: ဦးစံလင်းကို ငွေပြန်အမ်းပြီး ခေါင်းလောင်းရှာသည့်သောင်တူးသင်္ဘောကို ဌာနပြန်သိမ်းခြင်းဖြစ်
Wednesday, September 24, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေခဲ့သည့် သောင်တူးသင်္ဘော(ဓာတ်ပုံ − နစ်ကီ)
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာတွင် အသုံးပြုခဲ့သည့် သောင်တူးသင်္ဘောကို ငှားရမ်း ထားသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစံလင်းကို ငွေပြန် အမ်းပြီး သင်္ဘောပြန်သိမ်းလိုက် ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘သူတို့တင်ထားတဲ့ ပိုက်ဆံ ပြန်အမ်းပြီး ပြန်သိမ်းယူလိုက်တာ ပါ’’ဟု ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

သောင်တူးသင်္ဘောငှားရမ်း ရန် ဦးစံလင်းအဖွဲ့က လုပ်ငန်း မစတင်မီ သြဂုတ် ၄ ရက်တွင် ငွေကျပ် သိန်းနှစ်ရာပေးသွင်းခဲ့ပြီး သြဂုတ် ၈ ရက်တွင် ငွေကျပ်သိန်း တစ်ရာထပ်မံပေးသွင်းခဲ့၍ စုစု ပေါင်း ငွေကျပ်သိန်းသုံးရာပေး သွင်းခဲ့ခြင်း ဖြစ်သည်။

သောင်တူးသင်္ဘောငှားရမ်း ခတွင် စက်သုံးဆီ၊ စက်ဆီနှင့် ချောဆီ၊ ရေယာဉ်ဝန်ဆောင်စရိတ်အ ဖြစ် အစိုးရက ရက်ပေါင်း ၃၀ အ တွင်း ငွေကျပ် ကျပ် ၂၃၄ သိန်းရရှိခဲ့ပြီး ကျန်ငွေ ကျပ်သိန်း ခြောက် ဆယ်ကျော်ကို ဦးစံလင်းအဖွဲ့ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သ တင်းရရှိသည်။

မိုးကုန်ဆုံးတော့မည်ဖြစ်၍ ဌာန၏ မြစ်ချောင်းထိန်းသိမ်းရေး လုပ်ငန်းများ၌ သောင်တူးယာဉ် အသုံးပြုရန် လိုအပ်နေခြင်းကြောင့်ဦးစံလင်းထံမှ သောင်တူးသင်္ဘော ကို သိန်းခြောက်ဆယ်ကျော်ပြန် အမ်းကာ စက်တင်ဘာ ၂၁ ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

 ခေါင်းလောင်းရှာဖွေနေ သည့် ရက်ပေါင်း ၂၀ အတွင်း ငွေကျပ်သိန်း တစ်ထောင့်ရှစ်ရာ ကျော်ကုန်ကျမည်ဟု ဦးစံလင်း အဖွဲ့က တွက်ချက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် အမှန်တကယ် ကုန်ကျငွေမှာ ကျပ်သိန်း ၇၀၀ ၀န်းကျင်သာရှိခဲ့သည်ဟု ခေါင်း လောင်းရှာဖွေရေးအဖွဲ့က ထုတ် ပြန်သည်။

ခေါင်းလောင်းရှာဖွေရေးအ တွက် အလှူရှင် ခုနှစ်ဦးက လှူဒါန်းခဲ့သည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သော်လည်း မည်သူက လှူဒါန်း ခဲ့သည်။ ငွေကျပ်မည်မျှလှူဒါန်း ခဲ့သည်ကို ယနေ့အထိအတိအ လင်း ထုတ်ပြန်ခြင်းမရှိဘဲ စက် တင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌သာ ဖြေကြားမည်ဟု အဖွဲ့ကပြောဆိုထား သည်။

ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ရေငုပ်ခဲ့သော ရေငုပ်သမား များကို ခရီးစရိတ်၊ စားသောက် စရိတ်နှင့် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့သည်မှလွဲ၍ မည်သည့် ငွေကြေးမှ ပေးခဲ့ခြင်းမရှိကြောင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရေငုပ်ရှာဖွေရေးခေါင်းဆောင်ဦးသန်းညွန့်က ဖြေကြားခဲ့သည်။

သြဂုတ်လ ၉ ရက်တွင် စတင် ရှာဖွေခဲ့သော ဓမ္မစေတီခေါင်း လောင်းသည် ရှာဖွေချိန်သည် ရက်ပေါင်း ၄၄ ရက်ကြာမြင့်ခဲ့ပြီးဆယ် ယူမည့် ဦးစံလင်းအဖွဲ့အပေါ် ဝေဖန်မှုများနှင့် လူထုစိတ်ဝင်စားမှုများရှိခဲ့သည်။

7Day Daily

No comments:

Post a Comment