Wednesday, September 24, 2014

ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာလုပ်သားများကို ရိုက်နှက်စစ်ဆေးလျှင် ဥပဒေအရတုံ့ပြန်မည်ဟု မြန်မာသံအမတ်ပြော

ထိုင်းနိုင်ငံတွင် ဗြိတိန် နိုင်ငံသားစုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးစဉ် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သား များကို ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ထိုသို့ရိုက်နှက် ပါက ဥပဒေအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်က ပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူ ရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိသျှနိုင်ငံ သား ကမ္ဘာ့လှည့်ခရီးသွားစုံတွဲ အသတ်ခံရခြင်းကြောင့် ထိုကျွန်း ပေါ်၌ လုပ်ကိုင်နေသော ရွှေ့ ပြောင်းမြန်မာ လုပ်သားများအား ထိုင်းနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမှု များပြုလုပ်နေသည်။ ထိုသို့ပြု လုပ်ရာတွင် အိမ်အတွင်းသို့ပင် ၀င်ရောက်ရှာဖွေ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထိုဖြစ်စဉ်ကို စောင့်ကြည့်ရန် ထိုင်းနိုင်ငံမြန်မာသံရုံးမှ အထူးတာဝန်ပေးထားသော ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောသည်။

ဗြိတိသျှနိုင်ငံသား နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ နောက်ဆုံးသတင်းများအရ ရွှေ့ ပြောင်းမြန်မာ လုပ်သားများ ပါ ၀င်ပတ်သက်မှုမရှိကြောင်း သံ အမတ်ကြီး ဦးဝင်းမောင်ကပြော ကြားသည်။

‘‘မြန်မာ လုပ်သားတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ဆေးမှုတွေပြု လုပ်တာတော့ ရာဇ၀တ်မှုအရ လုပ်ရမှာပဲလေ။ ဒါတော့ သွား တားလို့မရဘူး။ အစစ်ဆေးမခံရင် တစ်မျိုးဖြစ်နေမယ်။ ဒါပေမဲ့ ရိုက်နှက်စစ်ဆေးမှုတွေပြုလုပ် လာရင်တော့ လက်မခံပါဘူး။ ထိုင်းရဲတပ်ဖွဲ့ကိုလည်း ပြောထား ပါတယ်။ ရှေ့နေ ငှားထားပါ တယ်။ မှုခင်းဖြစ်တဲ့နေရာကို ဦး ထူးချစ်တို့အဖွဲ့နဲ့ ဦးအောင်မျိုး သန့်တို့အဖွဲ့တွေ စောင့်ကြည့်မှု လုပ်နေပါတယ်။ မြန်မာနိုင်ငံသားတွေကို ပစ်မထားပါဘူး။ ကူ ညီဖို့အဆင်သင့်ပါ’’ဟု သံအမတ် ကြီး ဦးဝင်းမောင်က 7 Day Daily အားပြောကြားသည်။

ဗြိတိန်စုံတွဲ အသတ်ခံရ သည့် ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်း မြန်မာလုပ်သား ၄,၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမား အများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားအပြီးတွင် ထိုကျွန်း ရှိ မြန်မာလုပ်သား သုံးဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ခေါ် ဆောင်သွားကာ စစ်ဆေးပြီး နောက် ပြန်လွှတ်ပေးခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့သည် မှုခင်း ဖြစ်စဉ်ဖြစ်ပွားသည့် ခိုတောင် ကျွန်း(လိပ်ကျွန်း)ရှိ ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ဆို့စစ်ဆေး နေကြောင်း သတင်းရရှိသည်။ ထိုကျွန်းတွင် နေထိုင်၊ လုပ်ကိုင် သော သူများအား အပြင်သို့ ထွက်သွားခွင့်မပေးဘဲ ယခင်က ထိုကျွန်းနှင့် တစ်မိုင်ပတ်လည်ကို သာ တားဆီးပိတ်ဆို့ထားရာ လက်ရှိအချိန်တွင် ငါးမိုင်ပတ်လည်ထိ ပိတ်ဆို့ရှာဖွေနေကြောင်း သတင်း ရရှိသည်။

‘‘ထိုင်းနိုင်ငံမှာ အလားတူ ရာဇ၀တ်မှုတွေဖြစ်ရင် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို အဓိ ကပစ်မှတ်ထားခဲ့တာ အစဉ်အ လာလိုဖြစ်နေပြီ။ အခုကိစ္စမှာ လည်း ထိုင်းသတင်းဌာနတွေကအစ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေ တရားခံဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကြောင့် ကျွန်းပေါ်မှာရှိတဲ့ မြန်မာအလုပ်သမားတော်တော်များခေါ်ယူစစ် ဆေးခံရမှုတွေ ရှိနေတယ်။ တချို့ဆိုရင် ရိုက်နှက်ခံရတာမျိုးတွေ အထိရှိတယ်’’ဟု ဦးထူးချစ်က ပြောသည်။

အဆိုပါစုံတွဲ အသတ်ခံရမှု နှင့် ပတ်သက်သည့် တရားခံဟု ယူဆရသူ ထိုင်းလူမျိုး နှစ်ဦး ဓာတ်ပုံကို ပြင်သစ်ကမ္ဘာလှည့် ခရီးသွားတစ်ဦးက ထိုင်းရဲတပ်ဖွဲ့ ထံ ပေးပို့ခဲ့ကြောင်း စက်တင် ဘာ ၂၃ ရက်ထုတ် ဘန်ကောက် ပို့စ်သတင်း၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ် အရွယ် ဗြိတိသျှနိုင်ငံသား ဒေးဗစ် မီလာနှင့် အသက် (၂၃) နှစ်အ ရွယ် ဟန်နာယီသာရစ်ခ်ျတို့သည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် အသတ်ခံခဲ့ရ ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် တွင် ၎င်းတို့၏ အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသည့် ရုပ်အလောင်း များအား စစ်ဆေးချက်အရ သေ ဆုံးသူအမျိုးသမီး၏ ခန္ဓာကိုယ် ပေါ်တွင် DNA မတူသော သုတ် ပိုးနှစ်မျိုးတွေ့ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်သူများသည် အာရှသား များဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။

7Day Daily

No comments:

Post a Comment