Tuesday, September 16, 2014

တိုင်ဖုန်းမုန်တိုင်း မြန်မာကို ၀င်ရောက်နိုင်၊ မိုးသန်းထန်စွာ ရွာသွန်းမည်

Photo: တိုင်ဖုန်းမုန်တိုင်း မြန်မာကို ၀င်ရောက်နိုင်၊ မိုးသန်းထန်စွာ ရွာသွန်းမည်

စက်တင်ဘာ ၁၆ ရက် ၊၂၀၁၄ ခုနှစ်

မနေ့ညပိုင်းကစပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းနေတဲ့ တိုင်ဖုန်းမုန်တိုင်း မြန်မာပြည်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေမြပြိုမူတွေကို သတိမူသင့်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“အမေရိကန်မိုးလေ၀သက မှန်းထားတာတော့ ဒီမုန်တိုင်းက မြန် မာနိုင်ငံ မြောက် ဖျားလောက် ရောက် လာနိုင် တယ်ပေါ့။ ဒါပေမယ့် စောင့်ကြည့်ရ မှာပေါ့။ အနောက်ဘက် လာရင် တောင် တန်းတွေပေါတော့လေ။ အဓိကတော့ မိုးပါပဲ။ လေတော့ နည်းနည်းပါးပါးပါမယ်၊ တောင်ပေါ်ဒေသဆိုတော့ မိုးတအားရွာရင် အန္တရာယ်ရှိတယ်။ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် တောင်စောင်းနေသူတွေ သတိနဲ့ နေဖို့လိုတာပေါ့။”

တိုင်းဖုန်း Kalmaegi (ကုလားမကြီး) ဟာ ဟိုင်နန်ကျွန်း ကုန်းတွင်းပိုင်း ရောက်တဲ့အခါမှာ အားလျော့သွားခြင်းမရှိဘဲ အနောက်မြောက်ဘက်ကို ဆက်လက် ခရီးနှင်နေပြီး စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းကို မုန်တိုင်းငယ်အဆင့်နဲ့ ချဉ်းကပ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါက်တာထွန်းလွင်က ရေးသားထားပါတယ်။

DVB
မနေ့ညပိုင်းကစပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းနေတဲ့ တိုင်ဖုန်း မုန်တိုင်း မြန်မာပြည်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေမြပြိုမူတွေကို သတိမူ သင့်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“အမေရိကန်မိုးလေ၀သက မှန်းထားတာတော့ ဒီမုန်တိုင်းက မြန် မာနိုင်ငံ မြောက် ဖျားလောက် ရောက် လာနိုင် တယ်ပေါ့။ ဒါပေမယ့် စောင့်ကြည့်ရ မှာပေါ့။ အနောက်ဘက် လာရင် တောင် တန်းတွေပေါတော့လေ။ အဓိကတော့ မိုးပါပဲ။ လေတော့ နည်းနည်းပါးပါးပါမယ်၊ တောင်ပေါ်ဒေသဆိုတော့
မိုးတအားရွာရင် အန္တရာယ်ရှိတယ်။ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြို တာတွေကြောင့် တောင်စောင်းနေသူတွေ သတိနဲ့ နေဖို့လိုတာပေါ့။”

တိုင်းဖုန်း Kalmaegi (ကုလားမကြီး) ဟာ ဟိုင်နန်ကျွန်း ကုန်းတွင်းပိုင်း ရောက်တဲ့အခါမှာ အားလျော့သွားခြင်းမရှိဘဲ အနောက်မြောက်ဘက်ကို ဆက်လက် ခရီးနှင်နေပြီး စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းကို မုန်တိုင်းငယ်အဆင့်နဲ့ ချဉ်းကပ် ရောက်ရှိ လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဒေါက်တာ ထွန်းလွင်က ရေးသားထားပါတယ်။

DVB

No comments:

Post a Comment