Tuesday, September 16, 2014

အပစ်အခတ်မရပ်သော KIA အဖွဲ့ ပယင်းမှော်ဒေသတွင် မှော်လုပ်သားများအား ထပ်မံဖမ်းဆီး

Photo: အပစ်အခတ်မရပ်သော KIA အဖွဲ့ ပယင်းမှော်ဒေသတွင် မှော်လုပ်သားများအား ထပ်မံဖမ်းဆီး

စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ လဘူခရွှေမှော်တွင် မှော်လုပ်သားအဖြစ် လုပ်ကိုင်နေသော လူငယ်များအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

အဆိုပါဒေသတွင် ပယင်းမှော်အပါအ၀င် ညောင်ပင်ကုန်းမှော်၊ ပိန်းနှဲကုန်းမှော်၊ ချမ်းသာကုန်းမှော်၊ နဂါးအိုင်မှော်၊ ဇီးဖြူကုန်းမှော်၊ လဘူခမှော်စသဖြင့် ပယင်းနှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့၏ လူသစ်စု ဆောင်းရာ စားကျက်မြေသဘောမျိုးဖြစ်နေပေသည်။

``ဆက်ကြေးလည်းပေးရတယ်၊ မှော်ထဲမှာ နေထိုင်ခွင့်လက်မှတ်လည်း ၀ယ်ရတယ်၊ ဧည့်စာရင်းလက်မှတ် လည်း ၀ယ်ရတယ်၊ ဒါပေမယ့် KIA အဖွဲ့က အဲဒီလို သူတို့စိတ်တိုင်းကျ ပေးနေတာတောင် လူတွေကို လာလာပြီး ဖမ်းနေတယ်´´ ဟု မှော်လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ မှော်လုပ်သားများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ရက်ခြားဆိုသလို လာရောက် ဖမ်းဆီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

``ဟိုတစ်နေ့က မှော်ထဲလာပြီး လူငယ်တွေကိုပဲ ရွေးဖမ်းသွားတာ၊ အသက် ၂၀ နဲ့ ၃၅ ကြား လူငယ်သုံးဆယ် လောက်ပါသွားတယ်၊ KIA အဖွဲ့အတွက် လူသစ်စုနေတယ်ဆိုတာသိပေမယ့် ဘာတတ်နိုင်မှာလဲ၊ သူတို့ လုပ်သမျှ ခံနေရတာပါပဲ´´ ဟု လဘူခရွှေမှော်မှ ကျင်းလုပ်သား ကိုစန်းဝင်းက ပြောကြားသည်။

KIA အဖွဲ့ခေါင်းဆောင်ပိုင်းသည် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး NCCT အဖွဲ့တွင် ပါဝင်သော်လည်း ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ယနေ့အချိန်ထိ မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)
 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ လဘူခရွှေမှော်တွင် မှော်လုပ်သားအဖြစ် လုပ်ကိုင်နေသော လူငယ်များအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

အဆိုပါဒေသတွင် ပယင်းမှော်အပါအ၀င် ညောင်ပင်ကုန်းမှော်၊ ပိန်းနှဲကုန်းမှော်၊ ချမ်းသာကုန်းမှော်၊ နဂါးအိုင်မှော်၊ ဇီးဖြူကုန်းမှော်၊ လဘူခမှော်စသဖြင့် ပယင်းနှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့၏ လူသစ်စု ဆောင်းရာ စားကျက်မြေသဘောမျိုးဖြစ်နေပေသည်။

``ဆက်ကြေးလည်းပေးရတယ်၊ မှော်ထဲမှာ နေထိုင်ခွင့်လက်မှတ်လည်း ၀ယ်ရတယ်၊ ဧည့်စာရင်းလက်မှတ် လည်း ၀ယ်ရတယ်၊ ဒါပေမယ့် KIA အဖွဲ့က အဲဒီလို သူတို့စိတ်တိုင်းကျ ပေးနေတာတောင် လူတွေကို လာလာပြီး ဖမ်းနေတယ်´´ ဟု မှော်လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ မှော်လုပ်သားများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ရက်ခြားဆိုသလို လာရောက် ဖမ်းဆီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

``ဟိုတစ်နေ့က မှော်ထဲလာပြီး လူငယ်တွေကိုပဲ ရွေးဖမ်းသွားတာ၊ အသက် ၂၀ နဲ့ ၃၅ ကြား လူငယ်သုံးဆယ် လောက်ပါသွားတယ်၊ KIA အဖွဲ့အတွက် လူသစ်စုနေတယ်ဆိုတာသိပေမယ့် ဘာတတ်နိုင်မှာလဲ၊ သူတို့ လုပ်သမျှ ခံနေရတာပါပဲ´´ ဟု လဘူခရွှေမှော်မှ ကျင်းလုပ်သား ကိုစန်းဝင်းက ပြောကြားသည်။

KIA အဖွဲ့ခေါင်းဆောင်ပိုင်းသည် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး NCCT အဖွဲ့တွင် ပါဝင်သော်လည်း ကချင်ပြည်နယ်ငြိမ်းချမ်းရေး အတွက် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ယနေ့အချိန်ထိ မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

Kachin Daily News

No comments:

Post a Comment