Thursday, September 11, 2014

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း


ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။

ဆေးနည်း

၁။ မစားရသေးသော သြဇာသီး၏ အစေ့ကို မိမိအသက်စေ့ ထုတ်ယူပါ။
(ဥပမာ- မိမိအသက် (၂၀) ဆိုလျှင် အစေ့ (၂၀) ယူပါ။

၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။

၃။ ၄င်းအစေ့များကို မြေအိုးတစ်လုံးထဲကို ထည့်၍ ရွံ့စေးများဖြင့် လုံအောင်ဖုံးကာ မီးဖုတ်ပေးပါ။

၎။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ ပျားရည်အနည်းငယ်နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့်ကို ညစဉ် ပုံမှန် စားပေးပါ။

ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ မြန်မာ့ဆေးကျမ်းများ

ကျန်းမာရေးသတင်းများ

No comments:

Post a Comment