Thursday, September 11, 2014

အမျိုးသမီးများကို လေလံတင်သည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပိုင်ရှင်အား ဖမ်းဆီး

Women auction
အိန္ဒိယနိုင်ငံ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပိုင်ရှင်သည် အရွယ်မရောက်သေးသည့် မိန်းကလေး တစ်ဦးအပါအ၀င် ဂျာ့ဟမ်းမြို့နေအမျိုးသမီး သုံးဦးကို လေလံတင်ရောင်းချခဲ့သည်ဟု စက်တင်ဘာလ ၁ဝ ရက်က သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။လူကုန်ကူးခြင်းခံခဲ့ရသော ၎င်းအမျိုးသမီးသုံးဦးအား အခိုင်းအစေအဖြစ် အသုံးပြုရန် အမြင့်ဆုံး ဈေးပေးမည့်သူအား ရောင်းချခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

မြို့တော်တွင် အိမ်ဖော်အဖြစ် အလုပ်အကိုင်များရရှိမည်ဟူသော ကတိများဖြင့် ခေါ်ဆောင်လာခြင်းခံ ခဲ့ရသော အမျိုးသမီးများကို မှုခင်းဌာနမှလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ကယ်ဆင်ခဲ့ခြင်းဖြစ်သည်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကျန်ရှိသည့် သံသယရှိသူများ ကိုလည်း လိုက်လံရှာဖွေလျက်ရှိသည်။

ဒေလီမြို့တော် အနောက်မြောက်ပိုင်း ရှကာပူပြည်နယ်တွင် ပြုလုပ်သော ယင်းလေလံတင်ပွဲနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ လက်တို့သတင်းပေးခြင်းကိုလက်ခံရရှိ ခဲ့ပြီးနောက် အထူးရဲတပ်ဖွဲ့ဦးဆောင်သည့် ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မူခင်းရဲတပ်ဖွဲ့ ပူးတွဲရဲမင်းကြီး ဖြစ်သူ ရာဗင်ဒရာ ရာဒက်ဗ်က ပြောကြားခဲ့သည်။

"K D Enterprises အေဂျင်စီရဲ့ နေရာကို ကျွန်တော်တို့ ၀င်ရောက် စီးနင်းခဲ့ပါတယ်၊ ပြီးတော့ ပိုင်ရှင်ဖြစ်တဲ့ ကပီလ် ဒီယို ချော့ဒ်ဟာရီကိုလည်း ဖမ်းဆီးခဲ့ပါတယ်၊ အမျိုးသမီးတွေကိုတော့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားပါတယ်"ဟုရာဒက်ဗ်က ဆို သည်။ လေလံတင်ရောင်း ချခံရသည့် အမျိုးသမီးများ၏ အသက်ကို ရဲတပ်ဖွဲ့က သေချာစွာ သိရှိနိုင်ရန် ကြိုးစားလျက်ရှိသော်လည်း ၎င်းတို့ ထဲမှ နှစ်ဦးသည် အသက် ၂၀ ပတ်ဝန်းကျင်သာရှိပြီး ကျန်တစ်ဦးသည် အသက် ၁၅ နှစ်ဝန်းကျင်ရှိသည်ဟု ဆိုခဲ့သည်။

ထို့နောက် လေလံတင်ခြင်း ပထမအဆင့်ကို စက်တင်ဘာလ ၅ ရက် ဆရာများနေ့တွင် ပြုလုပ်ခဲခြင်းဖြစ်သော် လည်း ဈေးကောင်းရရှိခဲ့ခြင်းမရှိသောကြောင့် အမျိုးသမီးများ ရောင်းချခံခဲ့ရခြင်းမရှိကြောင်း ရဲတပ် ဖွဲ့က ပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment