Monday, September 8, 2014

အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ ထူထောင်မည့် သတင်းကြောင့် အိန္ဒိယတွင် လုံခြုံရေးအဆင့် မြှင့်တင်ထား

Photo: အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ ထူထောင်မည့် သတင်းကြောင့် အိန္ဒိယတွင် လုံခြုံရေးအဆင့် မြှင့်တင်ထား
Monday, September 8, 2014

အိန္ဒိယတွင် မိမိတို့၏ အဖွဲ့ခွဲ တည်ထောင်မည်ဟု အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့က ကြေညာခဲ့ပြီးနောက် နိုင်ငံတွင်း လုံခြုံရေး အဆင့်ကို တိုးမြှင့် စောင့်ကြည့်နေကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် လှုပ်ရှားနေသည့် ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းသည် အာရှတောင်ပိုင်းတွင် ၎င်းတို့၏ ကွန်ရက်ကို ချဲ့ထွင်သွားမည်ဟု အဖွဲ့ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်တွင် ပျံ့နှံ့လာသည်။ အဆိုပါ (၅၅)မိနစ်ကြာ ဗီဒီယိုတွင် ဇာဝါဟာရီက အယ်လ်ကိုင်ဒါ အဖွဲ့သည် အာဖဂန်မှ တာလီဘန် ခေါင်းဆောင် မူလာအိုမာအပေါ် ဆက်လက်၍ သစ္စာစောင့်သိမည်ဟုလည်း ပြောကြားထားသည်။

အယ်လ်ကိုင်ဒါတို့သည် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများတွင် အစ္စလာမ်မစ် နိုင်ငံတော် (IS)အဖွဲ့၏ အားပြိုင်ခြင်းကို ကြုံနေရကြောင်း လေ့လာသူများက ဆိုသည်။ ဆီးရီးယားနှင့် အီရတ်တွင် လှုပ်ရှားနေသည့် IS အဖွဲ့သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် လက်ရှိ ကမ္ဘာ့မီဒီယာများ၏ အလေးထား ဖော်ပြမှုကို ခံနေရပြီး အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို ပိုမိုသိမ်းသွင်း စည်းရုံးလာနိုင်ခဲ့သည်။

အယ်လ်ကိုင်ဒါတို့က အိန္ဒိယတွင် ဖြန့်ကျက် လှုပ်ရှားမည်ဟု ကြေညာချက် ထွက်ပေါ်လာပြီးနောက် အိန္ဒိယ ထောက်လှမ်းရေးနှင့် လုံခြုံရေး အေဂျင်စီများက ဇာဝါဟီရီ၏ ဗီဒီယို ထွက်ပေါ်လာပြီးနောက် နိုင်ငံအတွင်း ဒေသအချို့တွင် လုံခြုံရေး စောင့်ကြည့်အဆင့်ကို မြှင့်တင်ထားလိုက်သည်။

အမေရိကန် အထူးတပ်ဖွဲ့များက အိုစမာဘင်လာဒင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီးကတည်းက အယ်လ်ကိုင်ဒါတို့သည် ကမ္ဘာပေါ်တွင် အစ္စလာမ်မစ် အစွန်းရောက် လှုပ်ရှားမှုများတွင် ခေါင်းဆောင်နေရာကို ဆက်လက် ထိန်းသိမ်းရန် ရုန်းကန်နေရသည်။ လတ်တလောတွင် ဇာဝါဟီရီနှင့် အခြားသော အယ်လ်ကိုင်ဒါ ခေါင်းဆောင် အများစုသည် အမေရိကန်၏ မောင်းသူမဲ့ လေယာဉ်များ ပစ်ခတ်နေသည့် ဒုံးကျည်များကို ပါကစ္စတန်နှင့် အာဖဂန် နိုင်ငံရှိ တောင်တန်းဒေသများတွင် လှည့်လည်ပုန်းအောင်းရင်း ရှောင်ရှားနေရသည်။

Planet
အိန္ဒိယတွင် မိမိတို့၏ အဖွဲ့ခွဲ တည်ထောင်မည်ဟု အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့က ကြေညာ ခဲ့ပြီးနောက် နိုင်ငံတွင်း လုံခြုံရေး အဆင့်ကို တိုးမြှင့် စောင့်ကြည့်နေကြောင်း သိရှိရသည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် လှုပ်ရှားနေသည့် ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းသည် အာရှတောင်ပိုင်းတွင် ၎င်းတို့၏ ကွန်ရက်ကို ချဲ့ထွင်သွားမည်ဟု အဖွဲ့ခေါင်းဆောင် အေမန်အယ်လ် ဇာဝါဟီရီက ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်တွင် ပျံ့နှံ့လာသည်။ အဆိုပါ (၅၅)မိနစ်ကြာ
ဗီဒီယိုတွင် ဇာဝါဟာရီက အယ်လ်ကိုင်ဒါ အဖွဲ့သည် အာဖဂန်မှ တာလီဘန် ခေါင်းဆောင် မူလာအိုမာအပေါ် ဆက်လက်၍ သစ္စာစောင့်သိမည်ဟုလည်း ပြောကြားထားသည်။
အယ်လ်ကိုင်ဒါတို့သည် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများတွင် အစ္စလာမ်မစ် နိုင်ငံတော် (IS)အဖွဲ့၏ အားပြိုင်ခြင်းကို ကြုံနေရကြောင်း လေ့လာသူများက ဆိုသည်။ ဆီးရီးယားနှင့် အီရတ်တွင် လှုပ်ရှားနေသည့် IS အဖွဲ့သည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် လက်ရှိ ကမ္ဘာ့မီဒီယာများ၏ အလေးထား ဖော်ပြမှုကို ခံနေရပြီး အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို ပိုမိုသိမ်းသွင်း စည်းရုံးလာနိုင်ခဲ့သည်။
အယ်လ်ကိုင်ဒါတို့က အိန္ဒိယတွင် ဖြန့်ကျက် လှုပ်ရှားမည်ဟု ကြေညာချက် ထွက်ပေါ်လာပြီးနောက် အိန္ဒိယ ထောက်လှမ်းရေးနှင့် လုံခြုံရေး အေဂျင်စီများက ဇာဝါဟီရီ၏ ဗီဒီယို ထွက်ပေါ် လာပြီးနောက် နိုင်ငံအတွင်း ဒေသအချို့တွင် လုံခြုံရေး စောင့်ကြည့် အဆင့်ကို မြှင့်တင်ထား လိုက်သည်။
အမေရိကန် အထူးတပ်ဖွဲ့များက အိုစမာဘင်လာဒင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပြီးကတည်းက အယ်လ်ကိုင်ဒါတို့သည် ကမ္ဘာပေါ်တွင် အစ္စလာမ်မစ် အစွန်းရောက် လှုပ်ရှားမှု များတွင် ခေါင်းဆောင်နေရာကို ဆက်လက် ထိန်းသိမ်းရန် ရုန်းကန်နေရသည်။ လတ်တလောတွင် ဇာဝါဟီရီနှင့် အခြားသော အယ်လ်ကိုင်ဒါ ခေါင်းဆောင် အများစုသည် အမေရိကန်၏ မောင်း သူမဲ့ လေယာဉ်များ ပစ်ခတ်နေသည့် ဒုံးကျည်များကို ပါကစ္စတန်နှင့် အာဖဂန် နိုင်ငံရှိ တောင်တန်းဒေသ များတွင် လှည့်လည်ပုန်းအောင်းရင်း ရှောင်ရှားနေရသည်။

Planet

No comments:

Post a Comment