Monday, September 8, 2014

"ယူ-၁၉ ပြိုင်ပွဲ MRTV မှာ ကြည့်ရတော့မှာလား.."

Photo: "ယူ-၁၉ ပြိုင်ပွဲ MRTV မှာ ကြည့်ရတော့မှာလား.."

ပြည်သူတွေရဲ့ တောင်းဆိုချက်အရ မြန်မာယူ-၁၉ ဘောလုံးအသင်းရဲ့ ပွဲစဉ်တွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၉ အသင်းဟာ သူတို့ရဲ့ အဖွင့်ပွဲစဉ်မှာ ထိုင်း ယူ-၁၉ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာပါ။

မြန်မာ ယူ-၁၉ အသင်းအနေနဲ့ လာမယ့် စက်တင်ဘာ ၉ ရက် (မနက်ဖြန်)မှာ အင်ဒိုနီးရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အလားအလာအကောင်းဆုံး အနေအထားကို ရောက်ရှိနေတာပါ။
ဦးရဲထွဋ်ကတော့ သူ့ရဲ့ facebook စာမျက်နှာမှာ ယူ-၁၉ အသင်းရဲ့ ပြိုင်ပွဲကိုသာ မကပဲ မြန်မာ ယူ-၂၃ အသင်းနဲ့ ဂျပန်အပျော်တမ်းလိဂ်ညွှန်ပေါင်း အသင်းတို့ရဲ့ ခြေစမ်း ပွဲကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ကြိုးစားနေတယ်လို့ အခုလို ရေးသားဖော်ပြခဲ့ပါတယ်...။

 "ပြည်သူများရဲ့ ဆန္ဒအရ မြန်မာ ယူ ၁၉ အသင်းပွဲစဉ်များကို စက်တင်ဘာ ၉ ရက်နေ့ က စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ ကျင်းပမယ့် မြန်မာ ယူ ၂၃ အသင်းနဲ့ ဂျပန်အသင်း ခြေစမ်းပွဲကို လည်း တိုက်ရိုက်ထုတ်လွှင့်နိုင်အောင်ဆောင်ရွက်နေပါတယ်။

ထုတ်လွှင့် မယ့် အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပြည်သူများကို အသိပေးတင်ပြမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်"
လို့ ရေးသားဖော်ပြခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုဟာ လက်ရှိအချိန်မှာ နိုင်ပွဲဆက်နေတဲ့ မြန်မာဘောလုံးအသင်းတွေရဲ့  ပြိုင်ပွဲတွေဆီကို ရောက်ရှိနေပြီး "မြန်မာနိုင်ပြီ" ဆိုတဲ့သီချင်းကိုလည်း နှစ်ပေါင်းများစွာ မကြားရ ဖြစ်နေရာကနေ ပြန်လည် နားဆင်နေရပြီဖြစ်ပါတယ်။
ပြည်သူတွေရဲ့ တောင်းဆိုချက်အရ မြန်မာယူ-၁၉ ဘောလုံးအသင်းရဲ့ ပွဲစဉ်တွေကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၉ အသင်းဟာ သူတို့ရဲ့ အဖွင့်ပွဲစဉ်မှာ ထိုင်း ယူ-၁၉ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာပါ။

မြန်မာ ယူ-၁၉ အသင်းအနေနဲ့ လာမယ့် စက်တင်ဘာ ၉ ရက် (မနက်ဖြန်)မှာ အင်ဒိုနီးရှားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အလားအလာအကောင်းဆုံး အနေအထားကို ရောက်ရှိနေတာပါ။
ဦးရဲထွဋ်ကတော့ သူ့ရဲ့ facebook စာမျက်နှာမှာ ယူ-၁၉ အသင်းရဲ့ ပြိုင်ပွဲကိုသာ မကပဲ မြန်မာ ယူ-၂၃ အသင်းနဲ့ ဂျပန်အပျော်တမ်းလိဂ်ညွှန်ပေါင်း အသင်းတို့ရဲ့ ခြေစမ်း ပွဲကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ကြိုးစားနေတယ်လို့ အခုလို ရေးသားဖော်ပြခဲ့ပါတယ်...။

"ပြည်သူများရဲ့ ဆန္ဒအရ မြန်မာ ယူ ၁၉ အသင်းပွဲစဉ်များကို စက်တင်ဘာ ၉ ရက်နေ့ က စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ ကျင်းပမယ့် မြန်မာ ယူ ၂၃ အသင်းနဲ့ ဂျပန်အသင်း ခြေစမ်းပွဲကို လည်း တိုက်ရိုက်ထုတ်လွှင့်နိုင်အောင်ဆောင်ရွက်နေပါတယ်။

ထုတ်လွှင့် မယ့် အစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ပြည်သူများကို အသိပေး တင်ပြ မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်"
လို့ ရေးသားဖော်ပြခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုဟာ လက်ရှိအချိန်မှာ နိုင်ပွဲဆက်နေတဲ့ မြန်မာဘောလုံးအသင်းတွေရဲ့ ပြိုင်ပွဲတွေဆီကို ရောက်ရှိနေပြီး "မြန်မာနိုင်ပြီ" ဆိုတဲ့သီချင်းကိုလည်း နှစ်ပေါင်းများစွာ မကြားရ ဖြစ်နေရာ ကနေ ပြန်လည် နားဆင်နေရပြီဖြစ်ပါတယ်။

Mizzima Sport

No comments:

Post a Comment