Thursday, September 11, 2014

မန္တလေးမြို့တွင် ရှစ်လအတွင်း အကြွေစေ့ဂိမ်းစက်များဖြင့် လောင်းကစားသူ ၁၇၀ ကျော် ဖမ်းဆီး

မန္တလေးမြို့တွင် ရှစ်လ တာကာလအတွင်း  အကြွေစေ့ ဂိမ်းစက်များဖြင့် ငွေပမာဏများ စွာ အသုံးပြုကာ လောင်းကစား ပြုလုပ်သူ ၁၇၀ ကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြော သည်။
ဇန်န၀ါရီလဆန်းမှ သြဂုတ် လဆန်းပိုင်းအထိ မန္တလေးမြို့ပေါ် ရှိ အကြွေစေ့စက်ဂိမ်းဆိုင်များ တွင် ငါးပစ်ဂိမ်း၊ ပန်းသီးဂိမ်းက စားနည်းများကို   လောင်းကြေး ငွေပမာဏများစွာဖြင့်  လောင်း ကစားပြုလုပ်သူ ၁၇၉ ဦးကို ဖမ်း ဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ ပြောသည်။

ဂိမ်းဆိုင်များတွင် အပျော် တမ်းကစားခြင်းမဟုတ်ဘဲ လောင်းကြေးငွေများဖြင့် ကစားခြင်း၊

အ လျော်အစားများဖြင့် လောင်းက စားခြင်းများကို  စောင့်ကြည့်ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း ဖမ်း ဆီးရာတွင် လောင်းကစားပစ္စည်း များသိမ်းယူသည့်အပြင် ဆိုင်ရှင်နှင့်  လောင်းကစားပြုလုပ်သူများကိုပါ ဖမ်းဆီးထိန်းသိမ်း၍  ဥပဒေနှင့်အညီထိရောက်စွာ  အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု  ဗိုလ် မှူးကြီး အောင်ကျော်မိုးက ပြော သည်။
မန္တလေးမြို့ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ် တင်တင်မာက မန္တလေးမြို့ပေါ်ရှိ တီဗီဂိမ်းဆိုင်များတွင်  အပျော် တမ်း  ဂိမ်းကစားခြင်းသာမက လောင်းကြေးငွေများဖြင့် ကစားနေ သည်ကို တွေ့ရကြောင်း ဂိမ်းဆိုင်အချို့တွင် လောင်းကြေး ငွေကျပ် ငါးသိန်းကျော် အထိ  ကြေးတင်လောင်းကစားမှုများရှိနေရာ ထိုသို့ လောင်းကစားမှုများကြောင့် လူငယ်များ စာရိတ္တပျက်စီးစေသ လို မလိုလားအပ်သော မှုခင်းများ ဖြစ်လာစေနိုင်သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တားဆီးကြပ်မတ်ပေးရန် လွှတ် တော်မှတစ်ဆင့် တိုက်တွန်း ကြောင်း ပြောကြားသည်။
ဗိုလ်မှူးကြီး အောင်ကျော်မိုး က ကွန်ပျူတာဂိမ်းဆိုင်များသည် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ယူကာ ဖွင့်လှစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး သာမန် ဂိမ်းကစားနည်းများကို နာရီအ လိုက် အခကြေးငွေယူကာ အပျော်တမ်းကစားခြင်းဖြစ်ကြောင်း ပြောသည်။
သို့သော် အကြွေစေ့ဂိမ်းဆိုင် အချို့တွင် လောင်းကြေးငွေဖြင့် ဂိမ်းကစားမှုများရှိနေသည့်အ တွက် ဖမ်းဆီးအရေးယူမှုများပြု လုပ်နေပြီး ပြည်သူလူထု၏ သ တင်းပေးတိုင်ကြားမှုရှိပါကလည်း ချက်ချင်းဖော်ထုတ်ဖမ်းဆီးနေ သည်ဟု ဆိုသည်။
 ယခုနှစ် ဇန်န၀ါရီလမှ သြ ဂုတ်လကုန်အထိ  မန္တလေးမြို့ အောင်မြေသာစံ၊  ချမ်းအေးသာစံ နှင့်  မဟာအောင်မြေမြို့နယ်သုံး ခုတွင် အကြွေစေ့ဂိမ်းစက်များဖြင့် ငါးပစ်ဂိမ်း၊ ပန်းသီးဂိမ်းလောင်း ကစားမှု ၁၀ မှု၊ လောင်းကစားသူ ၁၇၉ ဦးနှင့် လောင်းကြေးငွေ ကျပ် ၁၂၅ သိန်းကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
လက်ရှိအချိန်တွင် မန္တလေး မြို့ပေါ်ရှိ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်နှစ်ခု၌ တရားဝင်လိုင်စင်ဖြင့်  ဖွင့်လှစ်လုပ်ကိုင်နေသည့် တီဗွီဂိမ်းဆိုင် ၅၂ ဆိုင်ရှိသည်။

7 Day Daily

No comments:

Post a Comment