Monday, September 29, 2014

အမျိုးသမီးအချို့ ငရုတ်ရည်ဖျန်းဆေးဘူးများဆောင်လာ

ဆယ်ကျော်သက်စုံတွဲ အချင်းချင်း ဓားထိုးအကြမ်းဖက်မှု များဖြစ်ပေါ်နေ၍ အမျိုးသမီးအချို့သည် မိမိ ကိုယ်ကိုယ်ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေး ဘူးငယ်လေးများဆောင်လာကြသည်ဟုသတင်း ရရှိသည်။

အဆိုပါဘူးမှာ စပရေးပုံစံ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ရန်မူ တိုက်ခိုက်ခံရပါက မျက်လုံးကို ပက်ဖျန်းလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ မျက်လုံးဖွင့်နိုင်မည်မဟုတ်ဘဲထွက်ပြေးလွတ်မြောက်နိုင်ကြောင်း အဆိုပါ ဖျန်းဆေး ရေးဘူးဆောင်ထားသူ Laurel Art အနုပညာ သင်တန်းကျောင်းမှ ကျောင်းသူအေးမြမြင့်မိုရ်က ပြော သည်။

အဆိုပါဘူးများကို ယခုလအတွင်း စတင်ရောင်းချလာပြီဖြစ်ရာ အမျိုးသမီးတစ်ထောင်ကျော် စတင်စမ်းသပ်သုံးစွဲနေပြီဟု ဂိတ်သရပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကောင်းကျော်က ပြောသည်။


‘‘ငရုတ်သီးအစစ်နဲ့လုပ်ထား တာ။ တိုက်ခိုက်လာတဲ့ အမျိုးသား ရဲ့ မျက်နှာဧရိယာကိုဖျန်းပစ်ရ မယ်။ အသက်ရှူလမ်းကြောင်းထိ ရင် ချောင်းဆိုမယ်၊ နှာချေမယ်၊ မျက်စိထိရင် မျက်ရည်ကျမယ်၊ ပူစပ်တယ်။ အမျိုးသမီးအတွက် ထွက်ပြေးဖို့အချိန်ရမယ်’’ဟု ၎င်း က ရှင်းပြသည်။

တစ်ဘူးလျှင် ၈,၅၀၀ ကျပ် ဖြင့် နေရာအနှံ့တွင်ဝယ်ယူနိုင်ရန် ဈေးကွက်ဖြန့်ဖြူးမှုများ တိုးချဲ့ သွားမည်ဟု ဦးကောင်းကျော်က ပြောသည်။

အမျိုးသမီးများသည်အဆို ပါဖျန်းဆေးဘူးဆောင်ထားခြင်းဖြင့် ယခင်ကကဲ့သို့ ဓား၊ ကတ်ကြေး၊ တွယ်ချိတ်များဆောင်ထားစရာမလိုဘဲ အဆင်ပြေနိုင်ပြီး ချွန်ထက်သောအရာများဖြင့် ပြန် လည်ခုခံမိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ယခုဖျန်းဆေးမှာများစွာ အဆင်ပြေနိုင်ကြောင်း ကမာရွတ်မြို့နယ်ရှိ စတိုးဆိုင် တစ်ခုမှ အရောင်းမန်နေဂျာအမျိုး သမီးတစ်ဦးက ပြောသည်။

မုဒိမ်းမှုများ ဆိုးရွားစွာဖြစ် ပွားလေ့ရှိသည့် အိန္ဒိယနိုင်ငံနှင့် အမျိုးသမီးများအတွက် လုံခြုံမှု အားနည်းသော နိုင်ငံများတွင် ယင်းပစ္စည်းကို အသုံးများပြီး မြန်မာနိုင်ငံ တွင် ပထမဆုံးစတင် မိတ်ဆက်ရောင်းချလာခြင်းဖြစ် သည်။

လူသေဆုံးမှုမဖြစ်ဘဲ ထွက်ပြေးရန်အချိန်ရသော ယခုငရုတ် ရည်သည် အမျိုးသမီးများအတွက် များစွာ အသုံးဝင်နိုင်သည်ဟု ကုမ္ပဏီကရည်ရွယ်ထားသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကလည်း အိန္ဒိယနိုင်ငံ တွင် အမျိုးသမီးများမကြာခဏ အကြမ်းဖက်ခံနေရသောကြောင့် အလျင်အမြန်ကာကွယ်ရန် ငရုတ် ရည်ပက်ရမည်ဟု တိုက်တွန်း ပြောဆို ဖူးသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက် ညနေက အသက် (၁၉)နှစ်အရွယ် မော်ဒယ်သရုပ်ဆောင်အေးချမ်း မြတ်မိုးကို လူငယ်တစ်ဦးက လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၂ ရက်ကလည်း တောင်ငူမြို့နယ် လယ်ဘူကျေးရွာအုပ်စုအတွင်း အသက်(၁၃)နှစ်အရွယ် အဋ္ဌမ တန်းကျောင်းသူကိုအသက်(၂၄) နှစ်အရွယ် အမျိုးသား တစ်ဦးက ရေမြောင်း ထဲတွင် ငါးမိနစ်ကြာရေ နှစ်သတ်ခဲ့သည့် အမှုဖြစ်ပွား ခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှ သိရသည်။

7Day DAILY

No comments:

Post a Comment