Monday, September 29, 2014

စိတ်ကြွဆေးပြား လေးသိန်းကျော်ပါရှိသော အထုပ်ပိုင်ရှင်ကို စုံစမ်းနေ

မြောက်ဦးမြို့နန်းတော်ရာကုန်းပေါ်မှ စိတ်ကြွဆေးပြား လေးသိန်းကျော်ထည့်ထားသည့် အထုပ်တစ်ထုပ်တွေ့ရှိခဲ့၍ ပိုင်ရှင်ကို စုံစမ်းရှာဖွေနေကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယင်းအထုပ်ကိုစက်တင်ဘာ ၂၇ ရက် ညနေက တွေ့ခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားတန်ဖိုးမှာ ကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထေ
ာင်ရှိသည်။ မြောက်ဦးမြို့တွင် ယခုကဲ့သို့ ပမာဏ များသောစိတ်ကြွဆေးများ ဖမ်းဆီးခဲ့ဖူးခြင်းမရှိကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကပြောသည်။


‘‘နန်းတော်ရာ ကုန်းပေါ်က နေ ကျောင်းသားလေးတွေက တွေ့တယ်လို့ အဲဒီကရှေးဟောင်း သုတေသနဌာနကနေ အကြောင်း ကြားတာကြောင့် သွားသိမ်းခဲ့ပါ တယ်။ ပိုင်ရှင်ကို မသိရသေးပါ ဘူး။ ဒီလိုနေရာကို ဘယ်လို ရောက်နေလဲဆိုတာ စုံစမ်းနေ တုန်းပါ’’ဟု အဆိုပါရဲအရာရှိက စက်တင်ဘာ ၂၈ ရက်နေ့လယ်တွင် ပြောသည်။

စက်တင်ဘာလဆန်းက ရန်ကုန်မြို့၌ ဖမ်းဆီခဲ့သည့် မူး ယစ်ဆေးအမှုကြီးတစ်ခုတွင် ထွက်ပြေးနေသည့် ကုမ္ပဏီပိုင်ရှင် ကို မြောက်ဦးမြို့၌ပင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က လည်း မူးယစ်ဆေးရောင်းသူများ မှာ ရှမ်းပြည်နယ်ဘက်မှ စိတ်ကြွ ဆေးပြားများကို နည်းမျိုးစုံဖြင့် ရန်ကုန်မြို့သို့သယ်ကာ ထိုမှတစ် ဆင့် ရခိုင်ဈေးကွက်သို့ ဦးတည် ရောင်းချခြင်းမျိုးရှိကြောင်း မူးယစ်ဗဟိုက သုံးသပ်ခဲ့သည်။

7Day DAILY

No comments:

Post a Comment