ဘာစီလိုနာ−အသက် (၂၅) နှစ် အရွယ်မှာပင် လာလီဂါ၌ ဂိုး ပေါင်း ၂၀၀ သွင်းနိုင်ခဲ့သည့် ဘာစီလို နာတိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းကို ခြောက်ဂိုး ဂိုးမရှိ နိုင်ခဲ့သောပွဲတွင် ဂိုး ၄၀၀ ပြည့်နှင့် ၄၀၁ ဂိုးမြောက်ဂိုးများသွင်းယူနိုင်ခဲ့သည်။
မက်ဆီသည် ဂရန်နာဒါ အသင်းဘက်သို့ နှစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး နှစ်ဂိုးဖန် တီးပေးခဲ့သည်။ ယင်းပွဲတွင် မက်ဆီ၏ အသင်းဖော်ဘရာဇီးလက်ရွေးစင် နေမာ လည်း ဟက်ထရစ် ရရှိခဲ့သည်။
ပွဲပြီးသည့်နောက် မက်ဆီက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စုစု ပေါင်း သွင်းဂိုး ၄၀၀ ပြည့်မည် ဟု လုံးဝစိတ်မကူးခဲ့ကြောင်း နှင့် ချီးကျူးဂုဏ်ပြုမှုများ အားလုံး အတွက် ကျေးဇူးတင်ကြောင်း ရေး သားဖော်ပြသည်။
အာဂျင်တီးနားအသင်းအ တွက် ၄၂ ဂိုး၊ ဘာစီလိုနာအသင်း အတွက် ၃၅၈ ဂိုး စုစုပေါင်း ဂိုး ၄၀၀သွင်းနိုင်ခဲ့သည့်အတွက် အသင်းဖော်များ၊ ပရိသတ်များ အား ကျေး ဇူးတင်ကြောင်းနှင့် နောက်ထပ်ဂိုး များစွာ သွင်းနိုင်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း မက်ဆီ (၂၇) နှစ်က ပြောကြားသည်။
ဘာကာနည်းပြ အင်းနရစ်ကမိမိတို့မျိုးဆက်တွင် ဂိုး ၄၀၀ သွင်း နိုင်သော ကစားသမားမရှိကြောင်း၊ သာမန်ကစားသမားများအတွက် ကျောင်းတွင်၊ လမ်းဘေးတွင် ကစားသောပွဲများမှ ဂိုးများထည့်ပေါင်းလျှင်ပင် ပြည့်ရန် မလွယ်ကြောင်း ချီးကျူးခဲ့သည်။
Ref: Marca
7Day DAILY
No comments:
Post a Comment