Thursday, September 11, 2014

နိုင်ငံခြားသားအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်း လုံးဝမရှိဟု မန္တလေးတိုင်းဒေသကြီး နယ်လုံဝန်ကြီးပြော

မန္တလေးမြို့တွင် ယခု နှစ်အတွင်း ဗီဇာစည်းကမ်းနှင့် မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး  နိုင်ငံခြားသားများအား နိုင်ငံသားစိ စစ်ရေးကတ်ထုတ်ပေးခြင်း လုံးဝ မရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုးက ပြောကြားသည်။
မန္တလေးမြို့သို့ နိုင်ငံခြား သားများ ၀င်ရောက် နေထိုင်မှု အပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဥပဒေနှင့်အညီ မည်သို့ တားဆီးကာကွယ်နေသည်ကို သိ ရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင် စိုးက မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၁၀ ရက်က မေးမြန်းခဲ့သည်။

ယခုနှစ်အတွင်း ဗီဇာစည်း ကမ်းနှင့်မညီညွတ်သော နိုင်ငံခြား သား ၇၃ ဦးကို ပြည်နှင် ဒဏ်ပေးခြင်း ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
‘‘နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဥပဒေနှင့် ညီညွတ်သူကို သာ စိစစ်ထုတ်ပေးနေပြီး နိုင်ငံခြားသား များအား နိုင်ငံသားစိစစ်ရေး ကတ် လုံးဝထုတ်ပေးခြင်းမရှိ’’ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြန်လည်ဖြေကြားခဲ့သည်။
မန္တလေးမြို့သို့ နိုင်ငံခြားသားများ လာရောက်နေထိုင်လုပ်ကိုင် မှုများလာပြီး လူဦးရေအဆမတန် တိုးပွားလာရာ နောင်တွင် တိုင်း ရင်းသားများကြား ရှုပ်ထွေးလာ မည်ကို စိုးရိမ်ကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးတင်စိုးက ပြောသည်။မြန်မာ့ ဒုတိယ အကြီးဆုံးမြို့ တော်ဖြစ်သော မန္တလေးမြို့တွင် တစ်ဖက်နိုင်ငံကြီးမှ စီးပွားရေး အရ ၀င်ရောက် လုပ်ကိုင်နေထိုင် ကြသော နိုင်ငံခြားသားများ အလွန်များပြားလာနေပြီး ပြည်သူ လူထုကြားတွင် မန္တလေးမြို့ကိုဒုတိယဟောင်ကောင်ဟုပင် ပြော ဆိုနေကြကြောင်း၊ ထို့အတွက် နောင်တွင် တိုင်းရင်းသားလူထု ကြား ရှုပ်ထွေးလာနိုင်စရာရှိနေပြီးမန္တလေးတိုင်းအတွင်း နေထိုင်သူ များကြား စိုးရိမ်နေကြောင်း ၎င်း က ပြောသည်။
‘‘နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံ များမှ နိုင်ငံခြားသားများသည် မန္တလေးတွင် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ဖြင့် ၀င်ရောက်လုပ်ကိုင်နေထိုင် မှုများ ရှိနေပါသည်။ အချို့နိုင်ငံ ခြားသားများက နိုင်ငံသားမှတ်ပုံ တင်များပင် ကိုင်ဆောင်ထားရှိနေသည်ကို တွေ့မြင်သိရှိနေရပါ သည်’’ ဟု လွှတ်တော်ကိုယ်စား လှယ် ဦးတင်စိုးက ပြောသည်။
မန္တလေးမြို့သို့ နိုင်ငံခြားသားများ ၀င်ရောက်နေမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်နေကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။
ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ၀င်ရောက်နေထိုင် အလုပ်လုပ် ကိုင်နေသူ နိုင်ငံခြားသား ၁၄၀၀ ကျော်ရှိပြီး နိုင်ငံခြားသားများကို ဗီဇာစည်းကမ်းနှင့်အညီ နေထိုင် ခြင်းရှိ၊ မရှိ၊ နေထိုင်ခွင့်ကျော်လွန် နေထိုင်ခြင်းရှိ၊ မရှိ တာဝန်ခံမည့် သက်ဆိုင်ရာဝန်ကြီးဌာန ရှိ၊ မရှိ တို့ကို စဉ်ဆက်မပြတ် စိစစ်ကြပ် မတ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
လက်ရှိ မန္တလေးခရိုင်တွင် လူဦးရေ (၁၇)သိန်းကျော်ရှိပြီး ကိုးကွယ်သည့်ဘာသာအလိုက် လူဦး ရေနေထိုင်မှုတွင် ဗုဒ္ဓဘာသာဝင်၁၆ သိန်းကျော်၊ ခရစ်ယာန်ဘာသာ ၈၆၀၀ ကျော်၊ အစ္စလာမ်ဘာသာ ၀င် ခြောက်သောင်းကျော်၊ ဟိန္ဒူ ဘာသာဝင် တစ်သောင်းခွဲကျော် နှင့် အခြား ၁၄၀ ကျော်ရှိသည်ဟု ဆိုသည်။
မန္တလေးခရိုင်အတွင်း နေ ထိုင်သော လူမျိုးများတွင်မြန်မာနိုင်ငံ၌ ကြီးပြင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအပြင် တရုတ်လူမျိုးလေးသောင်းကျော်၊ အိန္ဒိယလူမျိုး ခြောက်သောင်းရှစ်ထောင်ကျော်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး ၁၂၀၀ ကျော်နှင့် နီပေါ ၁၆၀၀ ကျော်နေထိုင် သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။
ဗီဇာစည်းကမ်းနှင့်အညီ ၀င် ရောက်နေထိုင်ခြင်းမရှိသော နိုင်ငံခြားသားများကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ  လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ (၄)၊ ပုဒ်မ (၂)၊ ဥပဒေပုဒ်မ (၁၃)၊ ပုဒ်မခွဲ (၁)တို့ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ပြီး နိုင်ငံခြားသားများရောက်ရှိနေ ထိုင်မှုကို သတင်းပို့ရန် ပျက်ကွက် သော အိမ်ရှင်၊ ကုမ္ပဏီတာဝန်ခံ များနှင့် တာဝန်ခံများကိုလည်း ၁၉၄၀ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၅)၊ ပုဒ်မခွဲ (၁)အရ အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်း က ပြောသည်။

7 Day Daily

No comments:

Post a Comment