Thursday, September 11, 2014

ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လိုင်စင်ကြေး တိုးကောက်မည်

 ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လိုင်စင်အာမ ခံကြေးစပေါ်ငွေတိုးမြှင့်ကောက်ခံ မည်ဟု အလုပ်သမား၊ အလုပ်အ ကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ပြောသည်။

ပြည်ပသို့ မြန်မာလုပ်သား များတရားဝင်စေလွှတ်ခွင့်ရှိသည့် လိုင်စင်ရအေဂျင်စီအချို့မှာ စည်းကမ်းဖောက် ဖျက်မှုများကြုံတွေ့နေရ၍ အစိုးရက အာမခံကြေးစပေါ်ငွေ တိုးမြှင့်ကောက်ခံရန်စီစဉ်နေပြီး အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ အသင်းချုပ်နှင့်ညှိနှိုင်းဆွေးနွေးနေကာ အသင်းချုပ်က အေဂျင်စီများ၏ သဘောထားကိုလည်း တောင်းခံလျက်ရှိသည်။ ထို့ကြောင့် လိုင်စင်အာမခံကြေး မည်မျှတိုးမည်ကို ညှိနှိုင်းနေဆဲဖြစ်ပြီး မထုတ်ပြန်သေးပေ။

‘‘တချို့က ကလိမ်ကကျစ် လုပ်ချင်တယ်။ အာမခံကြေးများမှ စည်းကမ်းလိုက်နာမှာ’’ဟု ဦးမျိုးအောင်က ပြော သည်။

ပြည်ပ အလုပ်အကိုင်အေ ဂျင်စီလိုင်စင် လျှောက်ထားသူ များသည်ပိုင်ဆိုင်မှုကျပ်သိန်းတစ်ထောင်နှင့် အထက်တင်ပြရပြီး လိုင်စင်အတွက် အာမခံကြေးကျပ်သိန်းငါးဆယ် ထားရသည်။ အေဂျင်စီ ဆက်လက်မလုပ်ပါက အာမခံကြေး ပြန်ထုတ်ပေးမည် ဖြစ်သည်။ သို့သော် အာမခံကြေး ထုတ်ယူရာတွင် ထိုအေဂျင်စီက နောက်ဆုံးထားစေလွှတ်ခဲ့သော လုပ်သား စာချုပ်သက်တမ်းကုန်မှ ထုတ်ပေးမည်ဖြစ်ပြီး ထိုသို့ ထုတ်ပေးခြင်းမှာ စေလွှတ်ထား သော လုပ်သားပြဿနာ တက် လျှင်ပေးလျော်နိုင်ရန်ဖြစ်သည်။

ထို့အပြင် ထိုင်းသို့လုပ်သားစေလွှတ်လိုပါက အာမခံကြေးကျပ်သိန်းငါးဆယ် ထပ်မံပေးသွင်းရမည်ဖြစ်သည်။

ယခုအခါ အေဂျင်စီအချို့မှ အလုပ်သမားများထံငွေကြေးလိမ်လည်မှုများ၊ လုပ်သားစေလွှတ်မှုပိုင်းတွင် မှန်ကန်မှုမရှိခြင်းစသည်တို့ ဆောင်ရွက်နေသောကြောင့် အာမခံကြေး တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။

‘‘ပြည်ပအလုပ်အကိုင်လိုင် စင်မူရင်းကြီးကိုပါတိုးချင်တာ။သူ တို့ကို ပြန်ဆွေးနွေးခိုင်းထား တယ်။ အာမခံကြေးများများသွင်း မှ သူတို့က စည်းကမ်းကိုလေးစား မှာ။ မှားရင်အာမခံထားတဲ့ငွေက နေ လျော်လို့ ရမှာပေါ့’’ဟု ဦးမျိုး အောင်ကပြောသည်။

‘‘တချို့တော်တော်များများ က မတိုးချင်ဘူး။ အေဂျင်စီတွေကို အကြောင်းမဲ့တိုးတာ မလုပ်သင့် ဘူးပြောကြတာပေါ့။အပြစ်ရှိရင် ရှိသလို အရေးယူ။ လျော်ဖို့အ တွက်တိုးတာဆိုရင် သိပ်တော့မ လွယ်လောက်ဘူး’’ဟု ပြည်ပအ လုပ်အကိုင်ရှာဖွေရေးဝန်ဆောင် မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

လက်ရှိတွင် ပြည်ပအလုပ် အကိုင်အေဂျင်စီ နှစ်ရာကျော်ရှိ သည်။

7 Day Daily

No comments:

Post a Comment