Wednesday, September 17, 2014

ကုန်းတွင်းမုန်တိုင်းဝင်ရောက်နိုင်သည့်အပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြန်

ကယ်လ်မေဂီမုန်တိုင်း သည် ကုန်းတွင်းမုန်တိုင်းငယ်အ ဖြစ် မြန်မာနိုင်ငံအရှေ့ပိုင်းသို့ စက်တင်ဘာ ၁၈ ရက်တွင် ၀င် ရောက်လာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးထားချိန် ၌ ဘင်္ဂလားပင်လယ်အော်တွင်လည်းလေဖိအားနည်းရပ်ဝန်းဖြစ် ပေါ်နေသောကြောင့် မြန်မာနိုင်ငံ ဒေသအချို့
 နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ်မုန်တိုင်း ကယ်လ်မေဂီ(Kalmaegi)မုန် တိုင်းသည် စက်တင်ဘာ ၁၆ ရက် ညနေတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဟိုင်နန်ကျွန်းကို ဖြတ်နေပြီး စက် တင်ဘာ ၁၈ ရက် နံနက်အစော ပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန် မာနိုင်ငံဘက်သို့ ၀င်ရောက်လာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် ကပြောသည်။

ထို့အပြင် မိုး/ဇလ ဌာနက ကယ်လ်မေဂီမုန်တိုင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် သတင်းထုတ်ပြန်လိုက်ပြီး မုန် တိုင်းသည်စက်တင်ဘာ ၁၆ရက် ညနေမှ နောက် ၁၂နာရီအတွင်း ဟိုင်နန်ကျွန်းကိုဖြတ်ကာ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ရှိသည့်အ နောက်ဘက်သို့ရွေ့လျား လာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

‘‘ဘင်္ဂလားပင်လယ်မှ ဒီနေ့ လေဖိအားနည်းရပ်ဝန်းစဖြစ်ပြီ။ ဒါကြောင့် မိုးရောလေပါအထူးသ တိရှိဖို့လိုတယ်။ မုန်တိုင်းကရှမ်း ပြည်ဘက်ကနေ စဖြတ်မှာဖြစ်ပြီး အထက်ကိုထောင်တက်သွားရင် တော့ကချင်ပြည်နယ်မိုးကြီးနိုင် တယ်။ အောက်ဘက်ဆင်းလာ ရင်တော့ ကရင်ပြည်နယ်အရေး ကြီးတယ်။ ရှမ်းပြည်နယ်က ကုန်း မြင့်ဒေသဖြစ်တော့ တောင်ကျရေ နဲ့ မြေပြိုမယ့်ဘေးတွေသတိပြုဖို့ လိုတယ်’’ဟု မိုး/ဇလဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်စိုး ကပြောသည်။

မိုး/ဇလဌာနက ရှမ်းပြည် နယ်၊ ကယားပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုး ကြီးနိုင်ကြောင်းသတင်းထုတ်ပြန် ထားပြီး မိုးကြီး၍ဒေသအချို့ရေ နစ်မြုပ်နေသည့်စစ်ကိုင်းတိုင်းဒေ သကြီးနှင့် မန္တလေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တန င်္သာရီတိုင်းဒေသကြီးတို့ကို လည်း သတိပေးထားသည်။ထို့ ကြောင့်မိုး/ ဇလဌာနက တိုင်းဒေ သကြီးနှင့်ပြည်နယ်ကိုးခုကိုသတိ ပေး ထားခြင်းဖြစ်သည်။

‘‘အဓိကကတော့မိုးကြီးမယ့် အန္တရာယ်ကိုသတိထားရတော့ မယ်။ မုန်တိုင်းက အခုတစ်နာရီ လေတိုက်နှုန်းမိုင် ၈၀လောက်နဲ့ တိုက်ပြီးရွေ့လျားနှုန်းက ၂၂မိုင် လောက်နဲ့ရွေ့နေတာ။ ဒီဘက် ရောက်လာရင်တော့ အဲဒီလောက် အားရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘင်္ဂလားပင်လယ်က လေဖိအား နည်းရပ်ဝန်းအရှိန်နဲ့ပါဆိုရင်မိုးက ကောင်းတော့မှာ’’ဟုဒေါက်တာ ထွန်းလွင်ကပြောသည်။

မိုး/ဇလဌာနက ဘင်္ဂလား ပင်လယ်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေအား အလွန်ကောင်း နေပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမ ကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်နာရီ လေတိုက်နှုန်း ၃၅ မိုင်နှင့် ၄၀နှုန်းဖြင့် မိုးသက်လေပြင်းကျနိုင် ကြောင်း သတင်းထုတ်ပြန်သည်။

မုန်တိုင်း၏ လေစီးကြောင်း သည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်မှမုတ်သုံလေကို ဆွဲယူနေပြီး မုတ်သုံလေ အား ကောင်းလာသောကြောင့် မြန်မာ့ ပင်လယ်ပြင်တွင်စက်တင်ဘာ ၁၇ရက် ညပိုင်းမှ စက်တင်ဘာ ၂၀ရက် နံနက်ပိုင်းအထိ လှိုင်းအ မြင့် ၁၂ပေမှ ၁၅ပေခန့်အထိ ရှိလာ နိုင်ကြောင်း နိုင်ငံတကာမိုးလေ၀ သဌာနများ၏ ခန့်မှန်းချက်များကို သတင်း ထုတ်ပြန်ပေးနေသည့် MM-Weather Pageကသတိ ပေးထားသည်။

7Day DAILY

No comments:

Post a Comment